
ဓါတ်ပုံ - တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး
ဦးတင်ရဲဝင်းမှ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားစဉ်
အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက် စသည့် တားမြစ် ကုန်စည်များအား ပြည်တွင်း၌
တရားမ၀င် တင်သွင်း ရောင်းချ နေမှုများကို စစ်ဆေး အရေးယူ နိုင်ရန်
ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အဓိက တင်သွင်း ဖြန့်ဖြူးနေသည့်
လက်ကားဒိုင် ၂၀ စီ စာရင်း ကောက်ယူထားပြီး အစိုးရအဖွဲ့ ညွှန်ကြား ချိန်တွင်
ဖမ်းဆီး အရေးယူမည် ဖြစ်
ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ
ညွှန်ကြားရေး မှူး ဦးတင်ရဲဝင်းက Eleven Media Group ၏ မေးမြန်းမှုကို
ဖြေကြားသည်။
မြန်မာနိုင်ငံ တစ်ဝန်းရှိ စူပါမားကက်များ၊ လက်လီ အရောင်းဆိုင်များနှင့်
အရက် ဘီယာ အရောင်းဆိုင်များ တွင် တင်သွင်း ရောင်းချနေသည့် အရက်၊ ဘီယာ၊
ဝိုင်၊ စီးကရက် စသည့် ကုန်စည် အများစုမှာ တရားမ၀င် တင်သွင်းလာသည့်
ကုန်စည်များသာ ဖြစ်နေပြီး အဆိုပါ ကုန်စည်များကို တရားဝင် ခွင့်ပြုချက်အား
စီးပွား
ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
အဆိုပါ အကောက်ခွန်မဲ့ မှောင်ခိုတင်သွင်း နေမှုများကြောင့် မြန်မာနိုင်ငံ
အနေဖြင့် အခွန်အကောက်များ နစ်နာနေသကဲ့သို့ လူငယ်များ အနေဖြင့်လည်း
ဈေးနှုန်းချိုသာစွာ အလွယ်တကူ ၀ယ်ယူရရှိ နေသည့် အတွက် သောက်သုံးမှု
များပြားနေကြောင်း သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် အဆိုပါ
လက်ကားဒိုင်ကြီးများကို အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ဖမ်းဆီး
အရေးယူပြီးပါက ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူမည် ဖြစ်ပြီး အဆိုပါ
ကုန်စည်များအား ဖမ်းဆီး အရေးယူရန်ကိုမူ အစိုးရအဖွဲ့၏ ညွှန်ကြားချက်ကို
စောင့်မျှော်နေဆဲ ဖြစ်သည်။
''ဒီလို တရားမ၀င် တင်သွင်းရောင်းချ မှုတွေကို ဘယ်အချိန်မှာ အရေးယူမလဲ ဆိုတာ
ကျွန်တော့် အနေနဲ့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တရားမ၀င်
ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးဗဟို ကော်မတီ အနေနဲ့ အစိုးရအဖွဲ့က ဒီနေ့
ဖမ်းပါဆို မနက်ဖြန် ဖမ်းလို့ရအောင် လုပ်နေတာ။ စာရင်းကောက် ထားတာ ရှိတယ်။
ရန်ကုန်မြို့က ဘယ်စူပါမားကက်က ဘယ်ကို ပစ္စည်းဖြန့်ပြီး ဘယ်ဂိုဒေါင်မှာ
ကုန်တွေ လှောင်ထား တယ် ဆိုတာ ကျွန်တော်တို့ စာရင်းပြုစုထားသလို မန္တလေးမှာ
ဆိုရင်လည်း အဲဒီလိုမျိုး စာရင်းကောက်ခံ ထားတယ်'' ဟု ဦးတင်ရဲဝင်းက ဆိုသည်။
ထိုသို့ ပြောဆိုသော်လည်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး
ဗဟိုကော်မတီ အနေဖြင့် မှောင်ခို ကုန်သွယ်မှုများကို ထိန်းချုပ်ရာတွင်
အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများ အနေဖြင့် ယင်းတို့၏ ဈေး ကွက်
အားမထိခိုက်ရန်နှင့် မှောင်ခိုဈေးကွက် ကြီးထွားရန် ပြည်တွင်း
စားသုံးကုန်များ၏ ဈေးနှုန်းများ မြှင့်တင်ခြင်း၊ ဒေါ်လာဈေးနှုန်းများ
မြင့်တက်အောင် ဈေးကစားခြင်း၊
မှောင်ခိုကုန်သွယ်မှုဖမ်းဆီးသူများအားလုပ်ငန်းဆက်
လက် မလုပ်ကိုင်နိုင်ရန် တိုင်စာများ ပေးပို့ခြင်း စသည့် လုပ်ငန်းစဉ်များ
လုပ်ကိုင်သည့်အတွက်မှောင်ခိုကုန်
စည်များအား ဖမ်းဆီးသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး
အဖွဲ့ဝင်များ အနေဖြင့် စစ်ဆေး
ခံရမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''တရားမ၀င် ကုန်စည်တွေ ဖမ်းလိုက်တာနဲ့ ဒီဈေးကွက်ကို ကိုင်ထားတဲ့ သူတွေက
လက်ထဲမှာ ရှိတဲ့ ကုန်
စည်တွေကို ဈေးမြှင့်လိုက်တယ်။ ဒေါ်လာဈေးနှုန်းတွေ မြင့်တက်အောင်
ဈေးကစားလိုက်တယ်။ ပြီးတော့ အစိုးရအဖွဲ့ကို ဦးအောင်တင်ပြပြီး တရားမ၀င်
ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဖမ်းနေ လို့ ဒီလိုဈေးတွေ
တက်နေတာဆိုပြီး ပြောတော့ သာမန်လောက်ပဲသိတဲ့ အစိုးရ အဖွဲ့ဝင်တချို့ အနေနဲ့
သူ တို့ပြောတာကို ဟုတ်နိုး နိုးထင်တယ်။ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိတယ်''
ဟု ဦးတင်ရဲဝင်းကဆက်လက်
ပြောကြားသည်။
ကောင်းမွန်သော အစိုးရအဖွဲ့အဖြစ် မြန်မာနိုင်ငံ အစိုးရအနေဖြင့်
ရပ်တည်နိုင်ရန် ထိုကဲ့သို့ အစိုးရအဖွဲ့သို့ ပေါက်ရောက်သူများကို စနစ်တကျ
ကြပ်မတ်နိုင်ရန် လိုအပ်နေကြောင်း ဦးတင်ရဲဝင်းက ပြောဆိုခဲ့ပြီး တရား
မ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား နိုင်ငံတော်အဆင့်
ဖွဲ့စည်းထားသော် လည်း အမှန်တကယ် ဖမ်းဆီး အရေးယူနိုင်မည့် လုပ်ငန်းစဉ်များ
လုပ်ကိုင်နိုင်ရန် အစိုးရအဖွဲ့သို့ခွင့်ပြုချက်တောင်း
ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။
Eleven Media Group





mx player ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။
BS PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
MOBO PLAYERကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
EASY VIDEO PLAYER PRO ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
MOBO VIDEO PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
REAL PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
QQ PLAYERကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
FLV PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
VLC FOR ANDROID PRO ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ
MERIDIAN PLAYER ကလည်း android အတွက်အကောင်းဆုံး player တစ်ခုစာရင်းဝင်ပါခင်ဗျာ။လိုချင်ရင်အောက်မှာယူပေးပါ















