Ads

ကြော်ငြာ

Tuesday, April 23, 2013

Posted by ဆူးအေမီ on 2:05 AM in | No comments
မြန်မာအမျိုးသမီးငယ်များကြား ယမကာယဉ်ကျေးမှု များပြားလာ

မူးယစ်ရီဝေ လာပါက အဖော် ယောက်ျားလေး ကို ကုန်းပိုးခိုင်း စေလိုခြင်း နှင့် ငို၍ ကောင်းသောကြောင့် ဘီယာ နှင့် ဆိုဂျူ အရက်များ သောက်သုံး ကြသည်ဟု ဆိုသည့်

ကိုရီးယားလှိုင်း ၏ ရိုက်ခတ်မှု သည် မြန်မာ မိန်းကလေး တစ်ချို့ အတွက် ဖက်ရှင် ကျသည့် လူငယ် သဘာဝ တစ်ခု ဖြစ်လာခဲ့ပါပြီ။ အမျိုးသား များနှင့် ရင်ပေါင်တန်း မည့် တန်းတူ ညီမျှ အခွင့်အရေး ဟူသော အသုံးအနှုန်း ကို တွယ်ကျယ်စွာ ပြောဆို လာကြပြီး နောက်ပိုင်းတွင် ယမကာ သောက်သုံးခြင်း သည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့်အရေး တစ်ရပ်ဟု လက်ခံ ယူဆ လာကြသည်။
Posted by ဆူးအေမီ on 1:55 AM in | No comments



မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင် ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက် ညနေပိုင်းက ၀မ်းတွင်းမြို့နယ်၊ ဒုံကုန်းကျေးရွာမှ ဦးဇင်းဦးသောဘိတ (သက်တော် ၄၅ နှစ်) သည် မိတ္ထီလာဈေးကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဈေးလာဝယ်စဉ် သီရိမင်္ဂလာ ရပ်ကွက်အတွင်းရှိ ကားကြီးဝန်းထိပ် အရောက်တွင် လူ ၁၀ ဦးခန့်က သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။
အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သူ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း(ခ)ဒါဂျိဂန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို(ခ)အာဏ္ဏ၀ါ၊ ညီညီနိုင်တို့အား ဖမ်းဆီးရမိပြီး မျိုးဝင်း(ခ)မျိုးညွန့်(ခ)အဒူလမန်၊ လတ်ကျော်နိုင်၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ) ကျော်သူဝင်းနှင့် စည်သူတို့အား တရားခံပြေးများအဖြစ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင် တရားသူကြီး ဦးအေးလွင်မှ ကြားနာစစ်ဆေးခဲ့ပြီး တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေခြောက်ဦး၊ တရားလို အကျိုးတော်ဆောင် ဥပဒေအရာရှိ တစ်ဦးပါဝင်ကြောင်း သိရသည်။
ဧပြီ ၂၂ ရက်တွင် ခရိုင်တရားသူကြီးမှ တရားလို အမှတ်(၂)စခန်းမှူး ရဲအုပ်ဦးမြင့်သန်းပါ သက်သေရှစ်ဦးအား ကြားနာစစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပေးခဲ့ကြောင်း သိရသည်။ မိတ္ထီလာ ခရိုင်တရားရုံး လုံခြုံရေးအား အထူးတင်းကြပ် ထားရကြောင်းလည်း သိရသည်။
အဆိုပါ မတ်လ ၂၀ ရက်နေ့ သံဃာတော်တစ်ပါး အသတ်ခံရမှု ဖြစ်စဉ်ကြောင့် မိတ္ထီလာမြို့တွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားလာခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်၍ တပ်မတော် အကူအညီယူကာ အကြမ်းဖက်မှုများကို ပြန်လည်ထိန်းသိမ်း ခဲ့ရကြောင်း သိရှိရသည်။

Eleven Media Group. 
Posted by ဆူးအေမီ on 1:52 AM in | No comments



4.22.5
ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်စွယ်ပွတ်တန်း ရပ်ကွက်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သုတေသန ပြုလုပ်နေသည့် အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုတွင် ထိုသို့အယုဒ္ဓယ ကျေးရွာတည်ဆောက်သွားရန် စီစဉ်ခဲ့ကြကြောင်းကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
ထိုင်းဘုရင်ဟောင်း ဒေါက်မဒူဝါ၏ အုတ်ဂူဖြစ်ကြောင်း အထောက်အထား အခိုင်အမာရရှိရန် ထိုင်းနိုင်ငံ Thai Design Comso rtuin Co.Ltd မှ အဖွဲ့ခေါင်းဆောင် Vichit Chinalai၊ ဗိသုကာ အင်ဂျင်နီယာ Noon အပါအ၀င် ထိုင်းနိုင်ငံသား ခုနှစ်ဦးနှင့် ထိုင်းရှေးဟောင်း သုတေသန ပညာရှင်များ ပါဝင်သော တူးဖော်ရေးအဖွဲ့နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာခွဲ)မှ မြန်မာပညာရှင်များ ပါဝင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၃ ရက်နေ့က အုတ်ဂူအတွင်းမှ မှန်ပန်းချီ၊ အရိုးအိုးနှင့် အထောက်အထားအချို့ တွေ့ရှိခဲ့ပြီး ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာတွင် ထူးခြားသော (Site plan) ကုန်းတစ်ကုန်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အုတ်ဂူတူးဖော်မှုတွင် ပထမအဆင့် ပြီးဆုံးသွားပါက ဒုတိယအဆင့် ပြန်လည်စတင်သည့် အချိန်တွင် ထိုင်းဘုရင်၏ အုတ်ဂူဘေး၌ အယုဒ္ဓယကျေးရွာ တည်ဆောက်သွားရန်အတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်းမှုများ ပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဗီချစ်ချီနာလိုင်က ပြောဆိုခဲ့သည်။
ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူတူးဖော်မှုများကို သင်္ကြန်ကာလအတွင်း ရပ်နားထားခဲ့ပြီး ဧပြီလကုန်တွင် တူးဖော်မှုများကို ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

eleven Media Group

Posted by ဆူးအေမီ on 1:49 AM in | No comments


The Voice Web Team က စီစဉ်တင်ဆက်လျက်ရှိသည့်
The Voice Website: http://www.thevoicemyanmar.com/၊
Facebook Fan Page: http://www.facebook.com/thevoiceweekly နှင့် အပတ်စဉ်ထုတ် The Voice iPad Application တို့ကို တာဝန်ယူနိုင်မည့် အောက်ဖော်ပြပါ တာဝန်ထမ်းဆောင်နိုင်သူများ အလိုရှိသည်။

Web Developer (1) Post

---------------------------------
၁။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။

၂။ ယခုလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်။


၃။ သတင်းမီဒီယာအလုပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။


Web Team Staff (1) Post

---------------------------------------
၁။ အင်တာနက်တွင် အသုံးပြုသည့် မြန်မာစာရိုက်စနစ် ဇော်ဂျီနှင့် ယူနီကုတ် (နှစ်မျိုးစလုံး) နားလည်ရန် လိုအပ်ပြီး ဇော်ဂျီကို ကျွမ်းကျင်စွာ အသုံးပြုတတ်ရမည်။

၂။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။


၃။ လုပ်ငန်း အတွေ့အကြုံရှိရန် မလိုအပ်ပါ။


၎။ သတင်းမီဒီယာအလုပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။


စိတ်ပါဝင်စားသူများသည်ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထာပြီး ကိုယ်ရေးအကျဉ်း၊ မှတ်ပုံတင်မိတ္တူ၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ နှစ်ပုံ နှင့် အတူ Living Color Media (The Voice Weekly) ရုံးခန်း၊ ရသာကွန်ဒို၊ အမှတ် ၄၅၈ - ၄၆၀၊ လေးလွှာ၊ အခန်း( E)၊ ၃၁ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပန်းပဲတန်းမြို့ နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင် (လူကိုယ်တိုင်) လာရောက် လျှောက်ထားနိုင်သည်။


ဖုန်း - ၉၅ (၁) ၂၄၂၄၂၄၊ ၃၈၉၂၁၀၊ ၃၈၉၂၁၁၊ ၃၇၂၉၀၅

အီးမေးလ်-newsroom@thevoiceweekly.net
- thevoicewebteam@gmail.com
 
The Voice Weekly 
Posted by ဆူးအေမီ on 1:46 AM in | No comments


Credit to Orginal Uploader refer to above photo.


Download - ငါးဘာသာ စကားပြော စာအုပ်




မောင်(စွယ်စုံကျမ်း)
Posted by ဆူးအေမီ on 1:43 AM in | No comments






Download - wifi hacking နည်းလမ်း( ပထမနည်း )


===================================================






Download - wifi hacking နည်းလမ်း( ဒုတိယနည်း )


မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 1:40 AM in | No comments


Photo: မန္တလေးတွင် ၁၅၀၀ကျပ်တန် Simcard များအားမဲမနှိုက်တော့ပဲ ဦးရာလူ စနစ်ဖြင့် ရောင်းမည်
Tuesday, April 23, 2013

မန္တလေးမြို့မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ ဦးရာလူစနစ်နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊ ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ တန်းစီဦးရာလူစနစ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

ဆင်းမ်ကတ် ၀ယ်ယူလိုသူတွေဟာ အိမ်ထောင်စုဇယားမူရင်း ပတ်စပို့ဓါတ်ပုံ နှစ်ပုံ ယူဆောင်လာဖို့လိုအပ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆင်းမ်ကတ်တစ်ကတ်နှုန်းသာရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးခရိုင်အတွင်း ဆင်းမ်ကတ်ပေါင်း ၃၂၄၀၀ ကတ် ရောင်းချပေးမှာဖြစ်ပြီး မြို့နယ်အလိုက် ဆင်းမ်ကတ် ခွဲတမ်း ရရှိမှုကို ဖော်ပြပါတယ်။

စဉ် မြို့နယ် ရရှိခွဲတမ်း(ကတ်)

၁။ အောင်မြေသာစံ ၄၅၀၀
၂။ ချမ်းအေးသာစံ ၃၅၀၀
၃။ မဟာအောင်မြေ ၃၅၀၀
၎။ ချမ်းမြသာစည် ၅၅၀၀
၅။ ပြည်ကြီးတံခွန် ၃၅၀၀
၆။ အမရပူရ ၅၉၀၀
ရ။ ပုသိမ်ကြီး ၆၀၀၀

(မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအတွက် ဆင်းမ်ကတ်ပေါင်း ၆၅၀၀၀ ရောင်းချပေးမှာဖြစ်ပါတယ်။)

The Modern News Journal
မန္တလေးမြို့မှာ ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မဲနှိုက်မှာမဟုတ်ဘဲ ဦးရာလူစနစ် နဲ့သာ ဧပြီလ ၂၄ ရက်နေ့က စပြီး ရောင်းပေးမယ်လို့ မန္တလေးခရိုင်၊ ဆင်းမ်ကတ်ရောင်းချရေး စီမံခန့်ခွဲမှု အဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စီဒီအမ်အေ ၈၀၀ ဆင်းမ်ကတ်တွေကို မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ တန်းစီဦးရာလူစနစ်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်။

ဆင်းမ်ကတ် ၀ယ်ယူလိုသူတွေဟာ အိမ်ထောင်စုဇယားမူရင်း ပတ်စပို့ဓါတ်ပုံ နှစ်ပုံ ယူဆောင် လာဖို့လို အပ်ပြီး အိမ်ထောင်စုတစ်စုလျင် ဆင်းမ်ကတ်တစ်ကတ်နှုန်းသာရောင်းချပေးမှာဖြစ် တယ်လို့ဆိုပါတယ်။

မန္တလေးခရိုင်အတွင်း ဆင်းမ်ကတ်ပေါင်း ၃၂၄၀၀ ကတ် ရောင်းချပေးမှာဖြစ်ပြီး မြို့နယ်အလိုက် ဆင်းမ် ကတ် ခွဲတမ်းရရှိမှုကို ဖော်ပြပါတယ်။

စဉ် မြို့နယ် ရရှိခွဲတမ်း(ကတ်)
၁။ အောင်မြေသာစံ ၄၅၀၀
၂။ ချမ်းအေးသာစံ ၃၅၀၀
၃။ မဟာအောင်မြေ ၃၅၀၀
၎။ ချမ်းမြသာစည် ၅၅၀၀
၅။ ပြည်ကြီးတံခွန် ၃၅၀၀
၆။ အမရပူရ ၅၉၀၀
ရ။ ပုသိမ်ကြီး ၆၀၀၀

(မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအတွက် ဆင်းမ်ကတ်ပေါင်း ၆၅၀၀၀ ရောင်းချပေးမှာဖြစ်ပါတယ်။)


The Modern News Journal



Credit to orginal uploader www.khtnetpc.webs.com



Download- ကိုယ်ကာယအလှကျင့်စဉ်


မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 1:25 AM in | No comments



credit to www.khtnetpc.webs.com



Download - keys and chord စာအုပ်- အလိမ္မာ


မောင်စွယ်စုံကျမ်း


Sunday, April 21, 2013

Posted by ဆူးအေမီ on 7:17 AM in | No comments






၅၀၀ ကျပ်တန် (အရွက်ကြီး) ငွေစက္ကူအားလိုင်စင်ရငွေဈေးလုပ်  ငန်းမှဟောင်း၍ မယူကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၁၃၃ ရပ်ကွက်မှ မခင်မာဦးမှာပြောပြ  ၍ သိရှိရသည်။
မခင်မာဦး၏ခင်ပွန်းဖြစ်သူ သည် ဖူးကင်ဆောက်လုပ်ရေး ကုမ္ပဏီမှလုပ်အားခငွေများထုတ် လာပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့ နယ်အမှတ် ၈ ရပ်ကွက်တွင်ရှိ သော “ပြုံးရွှင်” လိုင်စင်ရငွေချေး  လုပ်ငန်းတွင် ပေါင်ထားသောရွှေ ထည်ပစ္စည်းကို ၄.၄.၂၀၁၃ ရက်  နေ့တွင် သွားရောက်ရွေးရာ ၅၀၀ ကျပ်တန် (အရွက်ကြီး) များ ဟောင်း၍မယူကြောင်း အပေါင် ဆိုင်မှပြော၍ မခင်မာဦးမှ ၎င်း ငွေများသည်။ ကုမ္ပဏီမက မြန်မာ  စီးပွားရေးဘဏ်မှ လောလောလတ် လတ်ထုတ်ယူလာသော ငွေများ ဖြစ်ကြောင်းပြောကြားသော်လည်း   လက်မခံကြောင်း မခင်မာဦးမှပြော  ပြ၍ သိရသည်။
ထိုကဲ့သို့မြန်မာစီးပွားရေး ဘဏ်မှထုတ်ပေးသောငွေများလက် မခံခြင်းမှာ သက်သေမဲ့များသည်   သုံးရ၍သာထုတ်ပေးခြင်းဖြစ်၍ ဟောင်းလဲယူမှာပဲဟုမခင်မာဦးမှ  ပြောပြ၍ သိရသည်။


SYN
hotnewsweekly




X5UynC3
unnamed
s
Android/Tablet တွေအတွက် အကောင်းဆုံး high resolution အပြည့်ပါတဲ့  Widgetဆော့ဝဲလ် လေးတစ်ခုပါ …  HD widget မှာ  clock, date, location, weather, forecast, & utility switches စသဖြင့် ပါရှိမှာဖြစ်သလို Widget မှာလည်း ပုံစံမျိုးစုံပါရှိတဲ့  နာရီ၊weather တွေကို ပေါင်းစပ်ပြီ အမြောက်အများ သုံးစွဲနိုင်မှာပါ..အင်တာနက် connection ရှိရင် တော့ မိမိနေထိုင်ရာဒေသရဲ့ current weather တွေကို အသက်သွင်းဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ် ..ဒီဆော့ဝဲလ်လေးကို google play မှာ 1.99 ဒေါ်လာပေးဝယ်ယူသုံးစွဲရမှာဖြစ်ပြီး
Myanmar Mobile App Store မှာ freedownload ရယူသုံးစွဲနိုင်ပါတယ်ခင်ဗျာ..
အောက်က  Link မှာ ရယူနိုင်ပါတယ် .
HD widgets v 3.9.4 ဆော့ဝဲလ်အားရယူရန် (zippyshare)
HD widgets v3.9.4 ဆော့ဝဲလ်အားရယူရန် (sharebeast)


ref;...myanmarmobileapp.com
asw

Thursday, April 18, 2013

Posted by ဆူးအေမီ on 8:27 AM in | No comments




ဒီရက်ပိုင်း အင်တာနက်သုံးစွဲကြတဲ့ မြန်မာတွေက တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၁၀ နှစ် အတွင်း ကမ္ဘာ ပေါ်မှာ 
သြဇာအရှိဆုံးသူအဖြစ် ရွေးချယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မနားမနေ မဲပေးလိုက်ရတာ အခုတော့ အမောပြေ သွားကြပြီ ထင်ပါတယ်။ 


မနေ့ ဧပြီလ ၁၇ ရက်နေ့မှာ နောက်ဆုံး အဆင့် ဆန်ကာတင် လက်ကျန် မဲပေးဖို့ ရှိသူ ၂ ဦးဖြစ်တဲ့ မြန်မာ
နိုင်ငံ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်ကျော် အဆိုတော် လေဒီဂါဂါတို့ အတွက် ကမ္ဘာတ၀ှမ်း အပြိုင်အဆိုင် ကိုယ်သန်ရာကို ရွေးချယ် မဲတွေ ပေးကြပါတယ်။ 

မြန်မာတွေကတော့ နန်းခင်ဇေယျာက စလိုက်တဲ့ အွန်လိုင်း မဲပေးမှုတွေ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မမော နိုင် မပန်းနိုင်ဖြစ်ကြရတာပါ။

မြန်မာတွေ နိုးနိုးကြားကြားဖြစ်ဖို့ ဖေ့စ်ဘုတ်လို လူမှု ကွန်ရက်တွေကလည် မဲပေးဖို့ လှုံ့ဆော်ခဲ့ကြတယ်။ 

မနေ့က နေ့ လယ်ပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ မဲတွေဟာ ၆၃ % ထိ တက်လာခဲ့တယ်။ လေဒီဂါဂါအတွက် မဲတွေလည်း ၃၇ % ထိကျလာခဲ့တယ်။ 

ဒါပေမယ့် နောက်ဆုံး မိနစ်ပိုင်း အလိုလောက် မှာ လေဒီဂါဂါ ရဲ့ မဲတွေရာခိုင်နှုန်း ပြန်တက်လာခဲ့ရင်း သတ်မှတ်ချိန်က ပြည့်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် က ၆၁% အရောက် လေဒီဂါဂါက ၃၉% နဲ့ သတ်မှတ်မဲပေးချိန်ကို အဆုံးသတ်လိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရသွားခဲ့ပါတယ်။ 

မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်ကို
မဲပေးလို့ မောက်စ်တွေလည်း တချို့ ပျက်ကုန်ကြတယ်လို့ ဆိုပါတယ်။

တချို့က ပြောတာက ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ တခြား မြန်မာတဦးဦးဖြစ်မယ်ဆိုလည်း မြန်မာတွေက မဲပေး မှာပဲ လို့ ပြောဆိုသူတွေလည်း များပါတယ်။ 

ဒီကနေ့ ဧပြီလ ၁၈ နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း ကမ္ဘာမှာ သြဇာအရှိဆုံးသူ အဖြစ် Time က ကြေညာသွားမှာဖြစ်ပါတယ်။ 

မဲပေးခဲ့ကြတဲ့ မြန်မာတွေလည်း ပီတိတွေ နဲ့ ဝေဆာနေကြမယ် ထင်ပါတယ်။ 

ဒီပွဲမှာ ကမ္ဘာ့သြဇာအရှိဆုံး သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းမ်မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်ခြင်း 
ဟာ မြန်မာတွေအတွက် နောက်ထပ် အောင်ပွဲ ဆင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~ 

ဧရာဝတီ ဘလော့ဂ် 
ဦးဇော်
Posted by ဆူးအေမီ on 8:06 AM in | No comments


ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရောင်းချရန် ပြသထားသည့်ရွှေများ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည် ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလမတိုင်ခင်က  ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀၀၀၀ (ခုနစ်သိန်းလေးသောင်း)  ကျော်ရှိခဲ့ပြီး အရောင်း အ၀ယ် မရှိဖြစ်ခဲ့ကြောင်း၊ ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈၅၀၀ (ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာ) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၇၃၀၀၀ (ခြောက်သိန်းခုနစ်သောင်း သုံးထောင်) ဈေးပေါက်သောကြောင့် သင်္ကြန်မတိုင်မီ ပေါက်ဈေးနှင့် ယှဉ်လျှင် မြန်မာ့ရွှေဈေးနှုန်းသည်  တကျပ်သားလျှင် ငွေကျပ် ၈၀၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။
“ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးကို မူတည်ပြီးဖြစ်ပေါ်နေတာ။ အခု ကမ္ဘာ့ရွှေဈေးတွေ ထိုးဆင်းတော့ မြန်မာ့ရွှေဈေးလည်း လိုက်ဆင်းတယ်။ အခေါက်ရွှေ တကျပ်သားကို ၈၀၀၀၀ လောက်အထိကို ထိုးဆင်းသွားတာ။ အရင် အခေါက် တကျပ်သားကို ခုနစ်သိန်းခွဲလောက် ရှိနေရာကနေ ခြောက်သိန်း ခြောက်သောင်းလောက် အထိကို ဈေးတွေ ထိုးဆင်းတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ကမ္ဘာ့ရွှေဈေးနှုန်းများ  ကျသွားရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆိုက်ပရပ်စ်နိုင်ငံတွင် ဘဏ္ဍာရေးနှင့် ငွေကြေး အကျပ်အတည်းများကြောင့် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထုတ်ရောင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ဆိုကြသည်။
ဘဏ္ဍာရေး အကျပ်အတည်းများကြောင့် ရွှေများ ဆိုက်ပရက်စ်နိုင်ငံက ဒေါ်လာသန်း ၅၀၀ ဖိုး ထုတ်ရောင်းရန် ရာထားထားရာ အခြား အကြပ်ဆိုက် ဥရောပနိုင်ငံများကလည်း ရွှေ ထုတ်ရောင်းရန် စဉ်းစား သုံးသပ်လာကြသောကြောင့် နှစ်ပေါင်း ၃၀ အတွင်း ကမ္ဘာ့ ရွှေဈေးနှုန်း များ စံချိန်တင်ကျဆင်းခဲ့ကြောင်း၊ ဧပြီလ ၁၀ ရက်နေ့က ကမ္ဘာ့ရွှေ တအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၅၈ ဒသမ ၃၈ ရှိခဲ့ရာမှ ဧပြီလ ၁၂ ရက်နေ့တွင် ရွှေတအောင်စ လျှင် အမေရိကန် ဒေါ်လာ ၁၃၃၈ အထိ အနိမ့်ဆုံး ရောက်ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
ရွှေဈေးနှုန်းများ ထိုးကျမှုနှင့်အတူ ၀ယ်သူ၊ ရောင်းသူများဖြင့် ဈေးကွက်စည်ကားနေပြီး အထူးသဖြင့် ရွှေဝယ်သူ များပြားကြောင်း၊ ထို့ပြင် ရန်ကုန်ရွှေဈေးနှုန်းသည် နယ်စပ်ဒေသမှ ရွှေဈေးနှုန်းများထက် မြင့်မားနေသဖြင့် နယ်စပ်ဒေသများမှ ရွှေများ ပြည်တွင်းရွှေဈေးကွက်သို့ ပြန်လည် ၀င်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ ရွှေကုန်သည်တဦးက ဆိုသည်။
“ရောင်းတဲ့သူလည်း ငွေလိုတော့ ထုတ်ရောင်းတယ်။ ၀ယ်တဲ့သူတွေကလည်း ဈေးကျနေတဲ့အချိန် တချိန် ဈေးတက်မှာပဲဆိုပြီး ၀ယ်ကြတယ်။ အခုလက်ရှိ ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေဈေးနှုန်းက နယ်စပ်ဒေသက ရွှေဈေးနှုန်းထက် တကျပ်သားကို ၂၀၀၀၀ ကျော် ဈေးမြင့်နေတော့ နယ်စပ်ဒေသက ရွှေတွေ  ရန်ကုန်နဲ့ မန္တလေးဈေးကွက် ကို ပြန်ဝင်နေတယ်” ဟု အဆိုပါ ရွှေကုန်သည်က ဆိုသည်။
ရွှေဈေးနှုန်းများ ထိုးကျနေချိန် အမေရိကန်နှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်နေပြီး သင်္ကြန်ကာလမတိုင်မီက အမေရိကန်တဒေါ်လာ ၈၈၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ ဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် အမေရိကန်တဒေါ်လာလျှင် ၈၉၅ ကျပ် ရှိကြောင်း သိရှိရသည်။
စီးပွားရေးပညာရှင်အချို့ကမူ ရွှေဈေးကျဆင်းမှုသည် ပြည်သူအများစုအပေါ် သက်ရောက်မှုနည်းသော်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုသည် သွင်းကုန်ဈေး မြင့်တက်စေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
ဧရာဝတီ
Posted by ဆူးအေမီ on 7:32 AM in | No comments

Android ဖုန်းသမားတွေအတွက် လေ့လာဖို့ လက်ထောက်ဗေဒင်ဆော့ဝဲ





Dwonload - လက်ထောက်ဗေဒင်ဆော့ဝဲ
မောင်စွယ်စုံကျမ်း
Posted by ဆူးအေမီ on 7:25 AM in | No comments




2010 လောက်က လုပ်ထားတဲ့ ပုံအဟောင်းတစ်ခုပါ


2003 နဲ့ 2007 သိပ်မကွာဘူး ။2010 မှာလည်း အရမ်းကြီးဝေးမသွားပါဘူး။ အဲ့တော့

ဒီဟာကို လုပ်တတ်ရင် အကုန်လုပ်တတ်ပါတယ် များသောအားဖြင့် ဒီဟာကို သိပီး

တတ်ပီးသားလူတွေ များပါတယ် ။ ပုံလေးတွေနဲ့ ကဗျာစာသား လှလှလေးတွေကို

တွေ့ နေရပါတယ် ။ အစည်းဝေးတွေ ၊  ကျောင်းတွေမှာလည်း  Projector နဲ့ တွဲပြီး

ရှင်းလင်းတင်ပြချက်တွေကို ဒီစနစ်နဲ့  တွဲသုံးကြပါတယ် ။  စာလုံးရေးတဲ့နေရာမှာ

Word Art နဲ့   3D ဒီဇိုင်းတွေ အရိပ်တွေ Shade တွေ အစုံသုံးပီး အလှဆင်လို့ ရ၏

ကွန်ပျုတာ သုံးနေရင် ဒီနည်းလမ်းကို မဖြစ်မနေ သိထားသင့်တဲ့ ပညာတစ်ခုပါပဲ

အသုံးမပြုတတ်သေးသူတွေ အောက်ကလင့်မှာ ယူပြီး အသေးစိတ်ဖတ်ကြည့်ပါ



Download -www.zippyshare.com/Power Point 2007 အသုံးပြုနည်း
မောင်စွယ်စုံကျမ်း

Posted by ဆူးအေမီ on 7:17 AM in | No comments




 Download - ဖဲမျက်လှည့်ပြသနည်းများ (စက္ကောမ)


 =====================================================





Download - မျက်လှည့်ပြသနည်းပေါင်း 100 (စက္ကောမ)

======================================================



မျက်လှည်ပြတာ ၀ါသနာပါသူများအတွက် ပညာရစေမယ် စာအုပ်ကောင်းတွေပါ

ဖဲမျက်လှည်လေ့ကျင့်ဖို့  ဖဲထုတ်ဝယ်ထားပီး ကိုယ်တိုင် လုပ်ကြည့်လို့  ရပါတယ် ။


Credit to  www.khtnetpc.webs.com




မောင်စွယ်စုံကျမ်း





Download - Phone contact move to SIM
မောင်စွယ်စုံကျမ်း

Friday, April 12, 2013

Posted by ဆူးအေမီ on 1:00 AM in | No comments




၁၃၅၁ ခုနှစ် မဟာသင်္ကြန်အကြို နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးတင်ဦး(ယခင်)၏ မိန့်ခွန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကြွရောက်လာကြတဲ့ ကျောင်းသား ပြည်သူ၊ ရဟန်းရှင်လူများခင်ဗျား။ ဗုဒ္ဓ ဘာသာမြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးနေ့ မှာ၊ ဗမာလူမျိုးတိုင်း၊ ဗုဒ္ဓဘာသာဝင်တိုင်း ဟာ၊ ဒီနေ့ ဒီရက်ကို နေ့ထူးနေ့မြတ်ထား ပါတယ်။ ကျွန်တော်တို့ ဗုဒ်္ဓမြန်မာနိုင်ငံ တော်ရဲ့၊ ဗမာလူမျိုးများအနေနဲ့ မိမိတို့ရဲ့ ရိုးရာအလိုက်၊ ယခုလိုနှစ်သစ်ကူးတဲ့အခါ မှာ၊ နှစ်ဟောင်းတုန်းကဖြစ်ပျက်ခဲ့ရတဲ့ စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ထဲ မှာ ဒေါသဖြစ်ခဲ့ရမှု စသည်တို့ဟာ နှစ် ဟောင်းနဲ့ အတူတကွ ပါသွားပြီးတဲ့ နောက်၊ ယခုလို နှစ်သစ်ကူးတဲ့နေ့မှာ လာမယ့်နှစ်အတွက် ကျွန်တော်တို့မြန်မာ့ ရိုးရာထုံးတမ်းစဉ်လာအရ ဒီအချိန် ဒီ အခါမှာ ရှေ့နှစ်ကောင်းမှာ မင်္ဂလာ အပေါင်းနဲ့ ခညောင်းပြည့်စုံပါစေလို့ဆိုတဲ့ စိတ်နဲ့ ရှေ့မှာ စိတ်ချမ်းသာမှု၊ ပျော်ရွှင် မှု၊ ၀မ်းမြောက်မှု၊ အောင်မြင်မှု စသည် တို့ကို ရည်စူးပြီးတော့ ဒီလိုသင်္ကြန်ပွဲတော် မျိုးကို ကျင်းပခြင်းဖြစ်ပါတယ်။
သင်္ကြန်ဆိုတဲ့ အဓိပ္ပာယ်က နှစ် ဟောင်းက အတွေးအခေါ်ဟောင်းများ တို့သည် အားလုံး နှစ်ဟောင်းနဲ့အတူ ပြီးဆုံးခဲ့ပြီဖြစ်၍ နှစ်သစ်ကိုကူးတဲ့အခါ မှာ မိမိတို့အတွက် ကောင်းသောအကြံ အစည်၊ ကောင်းသော အလုပ်အကိုင်၊ မင်္ဂလာရှိသော အပြုအမူစသဖြင့် ဒါတွေ ကို တိုးပွားစေဖို့ဆိုတဲ့အနေနဲ့ ရည်ရွယ်ပြီး တော့ ဒီလိုပွဲမျိုးကို ကျင်းပခြင်းဖြစ်ပါ တယ်။ ဒီလိုကျင်းပတဲ့အခါမှာ သင်္ကြန်ဆို တဲ့ စိတ်ဓာတ်နဲ့ ဒီလိုအချိန်အခါမျိုးမှာ နှစ်ဟောင်းတုန်းက အညစ်အကြေးတွေ ကို ရေနဲ့ဆေးကြောပြီးတဲ့နောက်၊ လူသစ် စိတ်သစ်အဖြစ် နှစ်သစ်ကူးကို ကြိုဆိုကြ တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ ပြီးခဲ့ တဲ့နှစ်ဟောင်းတုန်းက တွေ့ကြုံခဲ့ကြတဲ့ အနိဌာရုံအားလုံးဟာ အားလုံး ပြီးမြောက် ပြီးတဲ့နောက် လာမယ့်နှစ်အတွက် အဲဒါ တွေ စိတ်ဓာတ်ထက်သန်စွာဖြင့် ကျင်းပ ကြမှာဖြစ်ပါတယ်။ အဲဒီလို ကျင်းပကြတဲ့ အခါ ကျွန်တော်တို့ ရိုးရာအရဆိုရင် ဒီလို ရေပက်ခြင်းကိုအကြောင်းပြုပြီးတော့ ဒီ အချိန်၊ ဒီအခါ၊ ဒီလိုနေ့မျိုးမှာ ဘယ်သူက မှ စိတ်ဆိုးရခြင်း၊ အကြမ်းဖက်ရခြင်း မလုပ်ရပါဘူး။ အမှန်ကတော့ ဒီလိုအချိန် မျိုးမှာ စိတ်တိုတယ်၊ စိတ်ဆိုးတယ်ဆို တာ စိတ်ထဲမှာ မခံချင်အောင်ဖြစ်တယ်။ စတယ်ဆိုတဲ့ သဘောတရားတွေကို ကင်းပြီးတော့ ဒီလိုဆက်ဆံပြီးလုပ်ရတဲ့ ဟာမျိုးဖြစ်ပါတယ်။ ဒီတော့ အလားတူပဲ၊ မိမိတို့ရေပက်ပြီး အပျော်ကစားတဲ့အခါ မှာ ပျော်ရွှင်မှုနဲ့ပတ်သက်ပြီး အဆုံးသတ် ရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါ တယ်။
အလားတူပဲ အခြားအခြားသော တာဝန်ရှိတဲ့ ပုဂိ္ဂုလ်အစိတ်အပိုင်းတွေ ကလဲပဲ၊ ဒီလိုနေ့မှာ မြန်မာ့ရိုးရာအတွက် ပျော်ကြတာပဲ။ နှစ်သစ်ကူးအတွက် အင် မတန်ကောင်းမြတ်တဲ့ အခြေအနေမျိုးကို ကြိုဆိုကြရမှာပဲဆိုပြီးတော့ သည်းခံကြ ရပါတယ်။ ဒီအချိန်အခါမှာ ရိုးရာအရ အားလုံးသည်းခံကြရမှာဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့၊ သည်းခံတယ်ဆိုတဲ့ အပေါ် မှာ မူတည်ပြီးတော့၊ ဒီနေ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၊ ကျွန်တော် တို့အဖွဲ့ချုပ်ရဲ့ သင်္ကြန်အဖြစ်၊ အခုလာ မယ့် ကြိုဆိုတာဖြစ်ပါတယ်။
အဲဒီလိုကြိုဆိုတဲ့အခါမှာလဲပဲ ကျွန် တော်တို့ဟာ သံချပ်အားဖြင့် အဆိုအက အားဖြင့် ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒီလိုဆိုတယ်၊ ကတယ် ဖျော်ဖြေတယ်ဆို တာဟာ ဓလေ့ထုံးတမ်းစဉ်လာ မိမိတို့ ရိုးရာအရ ဖျော်ဖြေတာဖြစ်ပါတယ်။ ဒီလို ပြုလုပ်တဲ့အခါမှာ ပြောတာဆိုတာနဲ့ ပတ် သက်တဲ့အရာအားလုံးဟာ အရင်တည်း ကလည်း အစဉ်အလာရှိခဲ့ပါတယ်။ နိုင်ငံ တော်မှာ တာဝန်ရှိတဲ့အစိုးရပိုင်းကဖြစ်တဲ့ ပုဂိ္ဂုလ်တွေကိုသော်လည်းကောင်း၊ မိမိတို့ နဲ့ပတ်သက်လို့ ပြောင်စရာ၊ လှောင်စရာ ရှိတဲ့ပုဂိ္ဂုလ်တွေကိုလည်းကောင်း၊ မိမိတို့ရဲ့ ရင်ထဲမှာ ပြောစရာရှိတဲ့ပုဂိ္ဂုလ်တွေကို လည်းကောင်း၊ ပြောကြ၊ ဆိုကြတယ်ဆို တာဟာ သင်္ကြန်ရဲ့ အနှစ်သာရသာ ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ ဒီအနှစ်သာရ ဖြစ်တဲ့ပွဲမှာ ကျွန်တော်တို့တာဝန်ရှိတဲ့ အစိတ်အပိုင်းများကလဲပဲ မူးယစ်မှု၊ ရန် ဖြစ်မှု၊ အကြမ်းဖက်မှုဆိုတာတွေကို မဖြစ် နိုင်အောင် တာဝန်ရှိတဲ့ပုဂိ္ဂုလ်တွေက ထိန်းသိမ်းပြီးတဲ့ နောက်တစ်ဖက်ကလည်း သင်္ကြန်ပြိုင်ပွဲမှာ သံချပ်ပြိုင်ကြတယ်ဆို တာတို့ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်း စဉ်လာအရ ပြောတယ်၊ ဆိုကြတယ်၊ ခနဲ့ ကြတယ်၊ ရိကြတယ်၊ ဝေဖန်ကြတဲ့ သဘောဟာ မြန်မာလူမျိုးတို့ရဲ့ ဒီအချိန်၊ ဒီအခါမှာ ပြုလုပ်လေ့ပြုလုပ်ထဖြစ်တဲ့ ရိုးရာဓလေ့ထုံးစံဖြစ်ပါတယ်။ ဒီလိုဟာမျိုး မှာ အားလုံးလူတွေဟာ သည်းခံခြင်းဆို တဲ့ တရားကို လက်ခံပြီးတော့ အင်မတန် အကျိုးရှိသော အခြေအနေတွေကို ဖန်တီးကြရပါတယ်။ ဒါကြောင့်မို့လို့ ကျွန် တော် ဒီမှာမေတ္တာရပ်ခံချင်တာက လာ ရောက်ပြီးတော့ ဖျော်ဖြေကြတဲ့ပုဂိ္ဂုလ် တွေအားလုံးသော်လည်းကောင်း၊ ကြည့် ရှုနေကြတဲ့လူတွေသော်လည်းကောင်း၊ တာဝန်ထမ်းတဲ့နေရာမှာ ခိုက်ရန်ဒေါသ ဖြစ်မှု၊ ရမ်းကားမှု၊ မူးယစ်မှုဆိုတဲ့အကြောင်း တွေနဲ့ ပတ်သက်ပြီးတော့ မဖြစ်ပွားရ အောင် ပြည်သူလူထုဟာ ဥပဒေနဲ့အညီ ထိန်းသိမ်းရမယ့် တာဝန်များအရသာ ထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ကျန်တဲ့ကိစ်္စနဲ့ ပတ်သက်တဲ့အပိုင်းကတော့ ဒီလိုအခြေ အနေမျိုးမှာ မိမိတို့ရဲ့ ပြောတာဆိုတာ ရင်ဖွင့်တာတွေဆိုတဲ့ ဥစ်္စာဟာ သင်္ကြန်ရဲ့ အနှစ်သာရသာဖြစ်ပါတယ်။ ဒီလိုဟာမျိုး ဟာ အထိုက်အလျောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တတ်နိုင်သမျှ ကျွန်တော် တို့ဟာ ထုတ်ပြန်ထားသော ဥပဒေများ အတွင်းထဲကနေ ပြီးတော့ ဒီပျော်ပွဲရွှင်ပွဲ ဖြစ်မြောက်အောင်၊ အထမြောက်အောင် အားလုံးပျော်ရွှင်စွာနဲ့ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒီနေရာမှာ ပြောကြားပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဆက်လက်ပြီးတော့ ကြွ ရောက်လာကြတဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူအပေါင်းဟာ ကျွန်တော်တို့ အဖွဲ့ချုပ်က ဒီနေ့ပြိုင်မယ့် သင်္ကြန်ပြိုင်ပွဲ မှာ တခဲနက်ပျော်ပျော်ရွှင်ရွှင် ၀မ်းမြောက် ၀မ်းသာအားပေးခြင်းဖြင့် အခုပွဲကြီးကိုဖြင့် သံချပ်ပွဲ၊ သင်္ကြန်ပွဲ အခမ်းအနားကို စတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်ခင်ဗျား။


လွမ်းရောင်သန်း

http://www.hotnewsweekly.com
Posted by ဆူးအေမီ on 12:53 AM in | No comments



စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။


"အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ဆွေးနွေးနေကြတယ်၊
ဒါက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ" ဟု ရခိုင်မျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

ထိုဘင်္ဂါလီများမှာ ဒေသအတွင်း ရှိနေသူများဖြစ်ကြပြီး ပဋိပက္ခအတွင်း မပါဝင်သူများလည်း ရောက်ရှိလာပြီး တူရကီနိုင်ငံက လုံးချင်းအိမ်ဆောက်လုပ်ပေးရ
န် လာရောက်ကမ်းလှမ်းပြီး နောက်ပိုင်း သိသိသာသာ တိုးလာကြောင်း ဦးအေးသာအောင်က ပြောပါသည်။

"ကျွန်တော် သိရသလောက်တော့ အရင်က ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ၇၅၀၀၀ လောက်ဘဲ ရှိတယ်၊ အခု တစ်သိန်းခွဲလောက် ဖြစ်နေပြီ အနယ်နယ် အရပ်ရပ်က ဘာမှဒုက္ခမရောက်ကြတဲ့ လူတွေလည်း ရောက်လာကြတယ်၊ ဘယ်လို ရောက်လာကြတယ် ဆိုတာတော့ အတိအကျ မသိဘူး။

တအားကို တိုးသွားတာ၊ လုံးချင်းအိမ်တော့ မဆောက်တော့ပါဘူး၊ ဒါပေမယ်လို့ ဒုက္ခသည် စခန်းတွေမှာ နေစရာ စားစရာကအစ ဘာမှမပူရဘူး၊ အဲဒီတော့ အလုပ်မလုပ်ချင်တဲ့ လူတွေက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်" ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါသည်။

ဘင်္ဂလီများအား တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေသခံများက သဘောမတူသောကြောင့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိ စစ်တွေဘင်္ဂါလီ ဒုက္ခသည်စခန်း သုံးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG 
http://8888linker.blogspot.com


အထူးသတိပြုရန်
သည်အပိုင်းမှာ ဖော်ပြထားတဲ့ ဆေးဝါးများကို မိမိသဘောနဲ့မိမိ သုံးစွဲတာမျိုးကို လုံးဝ မလုပ်စေချင်ပါဘူး။ ဘယ်ဆေးပဲဖြစ်ဖြစ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ မိမိရဲ့ကိုယ်ခန္ဓာထဲကို အဝင် မခံသင့်ဘူးဆိုတာ အထူးပြောစရာမလိုတဲ့ အချက်ပါ။ သို့ပင်သို့ငြားလည်း ကျွန်တော်အပါအဝင် လူအများအပြားဟာ အားတိုးဆေး အထွေထွေမှသည် ခေါင်းကိုက်ပျောက်ဆေးအထိ ကိုယ့်သဘောနဲ့ ကိုယ်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က ဆွေမျိုးမိတ်သင်္ဂဟ (လူပြိန်း)များရဲ့ထောက်ခံချက်အရဖြစ်စေ ခပ်တည်တည်နဲ့သောက်ဖြစ် သုံးဖြစ်နေတတ်ပါတယ်။ အဲဒီ့ ကနေအကျင့်ပါပြီး အခု တင်ပြရာမှာ ဖော်ပြထားတဲ့ ဆေးဝါးတွေကိုလည်း မိမိသဘောနဲ့ မိမိသောက်သုံးလို့ တစ်စုံတစ်ရာ လွဲချော်သွားခဲ့မယ်ဆိုရင် စာရေးသူ ကျွန်တော်က တာဝန်ယူပေးမှာ၊ တာဝန်ခံပေးမှာ မဟုတ်ပါကြောင်း အတိအလင်း မြွက်ဟကြေညာ အပ်ပါတယ်။
ဖော်ပြထားတဲ့ ကုသမှုများဟာ “အမေရိကန် ပြည်ထောင်စု ရောဂါဘယများ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနများ” ရဲ့ ၁၉၉၈ခုနှစ်က ထောက်ခံချက်များကို ယေဘုယျအားဖြင့် အခြေခံထားပါတယ်။
IMG_1766

Search Our Site