Ads
ကြော်ငြာ
Monday, February 25, 2013
Posted by ဆူးအေမီ on 8:50 PM in | No comments
ကွန်ပျူတာ အင်တာနက် ဖုံး စတဲ့ အိုင်တီနဲ့ ပတ်သက်တာမှန်သမျှ
ကျနော်တို့ မြန်မာစာနဲ့ ထွက်လာတယ်ဆိုတာ တော်တော်လေးကို
ရှာပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်စာပေနဲ့
အရာရာတိုင်းကို ရှိနေချင်ကြတာ သဘာဝပါပဲ။ ကမ္ဘာမှာ
ဘယ်ဘာသာစကားကို အဓိကသုံးစွဲရမယ်လို့ သတ်မှတ်ချက် မရှိပေမယ့်
အင်အားကြီးတဲ့ ဘာသာစကားကို သုံးနေကြတာ အထင်အရှားပါ။
ကျနော်လဲ လူထဲက လူတစ်ယောက်မို့
ကျနော်တို့မြန်မာစာ မြန်မာစကားကို နေရာတိုင်းမှာ ရှိနေစေချင်တဲ့
ဆန္ဒရှိနေပါတယ်။ အဲဒါကြောင့် ဖုံးအလကားခေါ်ဆိုလို့ လွယ်ကူတဲ့
စမတ်ဖုံးများမှာ အသုံးပြုနေတဲ့ Viber Application
ကို မြန်မာမှု ပြုလိုက်ပါတယ်။ အကောင်းကြီးတော့ မဟုတ်ပေမဲ့
အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားပါတယ်။ အင်္ဂလိပ်အက္ခရာများနဲ့
ရင်းနှီးနေပြီးသားသူများအတွက် ကြည့်ရတာ
မျက်စိ နောက်ကောင်း နောက်ပေမဲ့ မြန်မာလူမျိုးများအတွက်
သင့်တော်မယ်ထင်လို့ မြန်မာဗားရှင်းလေးကို လုပ်ဖြစ်သွားတာပါ။
အနှောက်ယှက်ဖြစ်ရင်တော့ တောင်းပန်ပါတယ်။
တစ်ချို့ကို Language Data အခက်အခဲကြောင့် ..........................
အသေးစိပ် နှင့်  download ယူရန် အောက်ပါ ဆိုဒ်ထဲတွင် လေ့ လာနိုင်ပါသည်...။
http://www.myanmarmobilesoftwaredeveloper.com/?p=5933
Posted by ဆူးအေမီ on 8:09 PM in | No comments
တောင်ကိုရီးယားသမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီ
တောင်ကိုရီးယားသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ ပတ်ဂွန်ဟေးဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့ ၁၁ ဦးမြောက် သမ္မတဖြစ်လာခဲ့တဲ့အပြင် နိုင်ငံ့သမိုင်းမှာ ပထမဆုံးသော အမျိုးသမီးသမ္မတလည်း ဖြစ်လာခဲ့ပါတယ်။ ပရိသတ် ၇ သောင်းကျော် တက်ရောက်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဆိုးလ်မြို့တော်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မနေ့ညကတော့ သမ္မတတာဝန် စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ်အဖြစ် ဆိုးလ်မြို့လယ်မှာရှိတဲ့ ဧရာမခေါင်းလောင်းကြီးမှာ ခေါင်းလောင်းထိုးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ပတ်ဂွန်ဟေးဆိုတာ
၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦးပါ။ သူအပါအ၀င် မောင်နှမသားချင်း ၃ ဦး ရှိပါတယ်။ မောင်တစ်ဦးနဲ့ ညီမတစ်ဦးဖြစ်ပါတယ်။ သူ့ဖခင်ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တတိယမြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပတ်ချုံဟီး ဖြစ်ပါတယ်။ မြန်မာတွေအတွက် မစိမ်းလှတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဘောလုံးဝါသနာရှင်တွေ အတွက်ပေါ့။ တစ်ချိန်တုန်းက တောင်ကိုရီးယား ပတ်ချုံဟီးဖလား ဘောလုံးပြိုင်ပွဲဆိုတာ ဒေသတွင်းမှာ နာမည်ကြီး ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပတ်ချုံဟီးဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ဖူးတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သမ္မတသစ် ပတ်ဂွန်ဟေးဟာ ထိုင်ဝမ်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်က ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ အပါအ၀င် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ၃ ခု ရရှိထားပါတယ်။ သူဟာ ပြင်သစ်နိုင်ငံမှာလည်း သွားရောက်ပြီး ပညာသင်ကြားခဲ့ဖူးပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်တစ်ခုကတော့ ပတ်ဂွန်ဟေးဟာ ဘယ်တုန်းကမျှ လက်ထပ်ခဲ့ဖူးခြင်း မရှိတဲ့ အပျိုကြီးတစ်ဦး ဖြစ်တာပါပဲ။ :D
ကမ္ဘာကျော်မြင်းစီးအက
အခုတောင်ကိုရီးယားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ပတ်ဂွန်ဟေးကို နိုင်ငံရေးစိတ်ဝင်စားသူတွေနဲ့ နိုင်ငံတကာသတင်း စိတ်ဝင်စားသူတွေကလွဲပြီး အခြားလူတွေက သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် "အိုပါ ဂန်းနန်းစတိုင်လ်...." လို့သာ ပါးစပ်ကနေအော်ပေးလိုက်.... ကလေးကအစ၊ လူငယ်လူလတ်မကျန်၊ လူကြီးအဆုံး အားလုံးနီးနီးက လက်မမြောက်ရင်တောင်၊ လက်ကလေးဟိုလှုပ်ဒီလှုပ် မလှုပ်ရင်တောင်၊ ခေါင်းလေးဟိုရမ်းဒီရမ်း မရမ်းရင်တောင်၊ ခြေထောက်လေး ဟိုခါဒီခါ မခါရင်တောင်၊ ခါးလေးဟိုကော့ဒီကော့ မကော့ရင်တောင်၊ သံစဉ်အလိုက်လေးကို လိုက်မဆိုဖြစ်ရင်တောင်၊ မျက်နှာပေါ်မှာ အပြုံးလေးတစ်ချက် လက်သွားမှာကတော့ သေချာသလောက် ရှိပါတယ်။ စကားမပြောတတ်သေးတဲ့ ကလေးတွေတောင်မှ PSY ရဲ့ Oppa Gangnam Style ကိုကြားရင် လက်မြောက်ခြေမြောက် လိုက်ကတတ်ကြပါတယ်။ သေချာတာကတော့ ဂန်းနန်းဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်သင်္ကေတ ဖြစ်သွားပါပြီ။ အဲဒီသီချင်းကို ကိုရီးယားလို ဆိုတတ်ဖို့ မလိုပါဘူး၊ အဓိပ္ပါယ် မသိရင်လည်း ကိစ္စမရှိပါဘူး၊ အဲဒီတီးလုံးသံ ကြားတာနဲ့တင် ကြားရသူကို အလိုလို မြူးကြွလာစေနိုင်တဲ့အထိ ကျွန်တော့်တို့တွေကို လွှမ်းမိုးထားခဲ့ပါပြီ။
ကျမ်းသစ္စာမဆိုမီ မြင်းစီးခြင်း
တောင်ကိုရီးယားသမ္မတသစ် ပတ်ဂွန်ဟေး ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုမီမှာ တောင်ကိုရီးယားအဆိုတော် PSY က ကမ္ဘာကျော် မြင်းစီးအကကို အားပါးတရ ကပြသီဆို အသုံးတော်ခံသွားပါသဗျာ။ ရှုစားတော် မူကြည့်ကြပါဦး။ အခမ်းအနား တက်ရောက်လာကြတဲ့ ဧည့်သည်တော်ကြီးတွေ ခမျာမှာလည်း ရှိုးနဲ့မိုးနဲ့ ပြင်ဆင်လာပြီး ရုပ်တည်ကြီးတွေနဲ့ လာထိုင်ပါမယ်ဆိုမှ PSY က ရှေ့ကနေပြီး အိုပါးဂန်းနန်းစတိုင်လ်ဆိုပြီး လုပ်ချလိုက်တော့ ပြုံးစိပြုံးစိတွေ ဖြစ်ကုန်ကြပါလေရောလား။ နောက်... ဧည့်သည်အဖြစ် တက်ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်လည်း ကင်မရာတွေဘာတွေထုတ်ပြီး ဓာတ်ပုံတွေ ရိုက်ယူရတဲ့အထိ ဖြစ်သွားရတော့တာပါပဲ။ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာအားပေးတဲ့ ပရိသတ်တွေ ဆိုတာကတော့ ပြောမနေနဲ့တော့၊ လွတ်လပ်ပေါ့ပါးလိုက်သမှ ကြည့်နေတဲ့လူတောင် အပျော်တွေ ကူးစက်သွားရတဲ့အထိပဲ။
ကျွန်တော်တွေးမိတာတွေ
တကယ်လို့များ ကျွန်တော်ကိုဉာဏ်က ၂၀၁၅ သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ စိုင်းစိုင်းခမ်းလှိုင်က တောဂေါ်လီ သီချင်းနဲ့ "အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့" ဆိုပြီး ဖျော်ဖြေမယ်လို့ ပြောခဲ့မယ်ဆိုရင် ကျွန်တော့်ကို အရူးဆိုပြီးတော့များ ဆေးရုံတွေဘာတွေ ပို့ကြမလား မပြောတတ်ပါဘူး။ ဒီလိုလျှောက်တွေးမိတဲ့အတွက် ကျွန်တော့်ကို အပြစ်တော့ဖြင့်လည်း မဆိုသင့်ဘူးလို့ ထင်ပါတယ်။ တောင်ကိုရီးယားတွေတောင် သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ အိုပါးဂန်းနန်းစတိုင်လ်ဆိုပြီး မြင်းစီးအက ကနေကြသေးတာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အိုးလေးလှုပ်ပါဟေ့ ဆိုပြီး ဘာဖြစ်လို့ မကနိုင်ရမှာလဲ၊ မဟုတ်ဘူးလားဗျာ။ အင်း... တွေးကြည့်ရတာနဲ့တင် အတော်စိတ်ဝင်စားမိပါတယ်။ တောင်ကိုရီးယားသမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မစတင်မီမှာ PSY က Oppa Gangnam Style နဲ့ ဖျော်ဖြေခဲ့တာကတော့ တကယ်ပါဗျာ။ တစ်ကမ္ဘာလုံးလည်း အံ့သြခဲ့ရပါသတဲ့။ တစ်ကမ္ဘာလုံးရဲ့ အသည်းကျော် PSY ကို တောင်ကိုရီးယားသမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဖျော်ဖြေစေခဲ့တာဟာ အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးက ဖြစ်လာလတ္တံ့သော သမ္မတသစ်များအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ စတိုင်လ်အသစ်များ ဖြစ်လာလေမလားလို့ ကျွန်တော်ကိုဉာဏ်က တွေးကြည့်နေမိပါတယ်။ နောက်တစ်ခု ကြံကြံဖန်ဖန် တွေးမိတာက ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်လာကြတဲ့ လူဦးရေရဲ့ ရာခိုင်နှုန်းဘယ်လောက်ဟာ PSY ရဲ့ Gangnam Style နဲ့အတူ ကချင်ခုန်ချင်၊ ဆိုချင်ပျော်ချင်လို့ လာကြသလဲ ဆိုတာပါပဲ။ အဲဒီလို တွေးကြည့်မိတော့လည်း အပျိုကြီးပတ်ဂွန်ဟေးကို မျက်နှာပူမိပါသဗျာ။
စောင့်ကြည့်ကြစို့
မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ပြန်စနေချိန်နဲ့ အချိန်ကိုက်ကျမှ တောင်ကိုရီးယားသမ္မတ လာဖြစ်ရတာဆိုတော့ ကိုရီးယားကျွန်းဆွယ် အရေးကိစ္စနဲ့ပတ်သက်ပြီး မြင်းစီအကထဲက ဇက်ကြိုးကိုထိန်းသလို ထိန်းသိမ်းနိုင်မလား၊ ဂန်းနန်းစတိုင်လ်ထဲကအတိုင်း မြင်းလေးကို အသားကျလေးစီးပြီး ကြွကြွရွရွလေး ပြေးသလိုမျိုး တောင်ကိုရီးယားနိုင်ငံကို မောင်းနှင်သွားနိုင်မလား ဆိုတာကတော့ဖြင့် စောင့်ကြည့်ကြဦးစို့လို့သာ ပြောရင်းဖြင့်.....။
Posted by ဆူးအေမီ on 8:06 PM in | No comments
Ph
Ref: Reuters
Photo: Reutersအမေရိကန်စီးပွားရေးလုပ်ငန်းရှင် ၅၀ သည် မြန်မာသို့ ယခု
အပတ်အတွင်း လာရောက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ရှာဖွေရေးအတွက် ဆွေးနွေးမှုများ ပြုလုပ် သွားကြမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ကုန်သည်ကြီးများအသင်း the U.S. Chamber
of Commerce မှ အာရှဆိုင်ရာဌာန ဒုဥက္ကဌ တမ်မီ အိုဗာ
ဘီက အသင်း၏ ကြေ ငြာချက်ထဲတွင် “ဒီအဖွဲ့ ရဲ့ခရီးစဉ်ဟာ
အရေးပါတဲ့ အထမ်းအမှတ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ
နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှု တွေ ပုံမှန်အနေအထား
ရောက်အောင် တိုးတက်မှုတွေ ဖန်တီးနိုင်ခဲ့ပါပြီ။ အခုအချိန်က
နောက်ထပ်ဆက်ဆံရေး အဆင့်တစ်ခု ဆောင်ရွက်ရမယ့် အချိန်ပါ” ဟု ပြောကြားသည်။
ဝါရှင်တန်ပို့ စ်သတင်းက အမေရိကန်ကုန်သည်ကြီးများအဖွဲ့၏ ယခုခရီးစဉ်သည် ပြီးခဲ့သည့် နိုဝင်ဘာတွင် ကန်သမ္မတ
အိုဘားမား၏ သမိုင်း ဝင် မြန်မာခရီးစဉ်အပြီး အဓိကကျသော အမေရိကန်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ တစ်ခု၏ ပထမဆုံးခရီးစဉ် လည်းဖြစ်ကြောင်း ဖေါ်ပြသည်။
အမေရိကန်ကုန်သည်ကြီးများအဖွဲ့ တွင် စိုက်ပျိုးရေး၊ မော်တော် ကားလုပ်ငန်း၊ အီလက်ထရွန်းနစ်၊ စွမ်းအင်၊ ကုန်စည်ရောင်းဝယ်
ရေး၊ ဆက် သွယ်ရေးနှင့် အခြားကဏ္ဍများမှ ကုမ္ပဏီများ၏ ကိုယ် စားလှယ်များပါဝင်မည်ဟု သိရသည်။ ယင်းကုမ္ပဏီများတွင် ဂျင်နရယ်မော်တာ၊ ဂျင်နရယ် အီလက်ထရစ် ၊ အီးဘေး၊ ချက်ဗရွန် ကဲ့သို့ သော နာမည်ကျော် ကုမ္ပဏီများ ပါဝင်နေသည်။
ကန်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ သည် ရန်ကုန်တွင် မြန်မာမှ အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်သွယ် ရေးနှင့် ရင်းနှီး မြှပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမည်ဖြစ်သည်။
ဝါရှင်တန်အစိုးရသည် မြန်မာတွင်ဖြစ်ပေါ်ခဲ့သောပြောင်းလဲမှု
များကို အသိအမှတ်ပြုသည့်အနေဖြင့် သွင်းကုန်ပိတ်ဆို့မှုနှင့် စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာ အတားအဆီးများ ဖြေလျော့ပေးခဲ့ပြီး
သောကြာနေ့ကလည်း မြန်မာမှဘဏ်လေးခုကို အမေရိကန် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ကန်
ဘဏ္ဍာရေးဌာနက အထွေထွေလိုင်စင်ထုတ်ပေးခဲ့သည်။
Posted by ဆူးအေမီ on 7:26 PM in | No comments
 အဆင့်မီ မော်တော်ကားများကို စက်ရုပ်နှင့် ထုတ်လုပ်ရန် ရန်ကုန်တွင် မော်တော်ကားစက်ရုံကြီး တစ်ရုံကို တည်ဆောက်တော့မည် ဖြစ်ကြောင်း မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ “အခု ဂျပန်နိုင်ငံကို သွားတော့ ဂျပန်က သဘောတူညီချက်တစ်ခု ရလာတာက ရိုဘော့တွေနဲ့ ကားထုတ်မယ့် စက်ရုံတစ်ရုံကို တည်ဆောက်ဖို့ ဆုံးဖြတ်ချက် ရလာပါတယ်။ ဂျပန်က ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းဖို့ ရှိတယ်။ ခေတ်မှီတဲ့ ကားစက်ရုံကြီး ပေါ်လာဖို့အတွက် ဒီခရီးစဉ်ဟာ အလွန်တန်ဖိုးရှိတဲ့ ခရီးစဉ် ဖြစ်တယ်” ဟု ယင်းက ဆိုသည်။ ၁၀-၂-၂၀၁၃ ရက်က ဂျပန်နိုင်ငံသို့ မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များက ကမ္ဘာတွင် နှစ်ပေါင်း ၇၆ နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော မြန်မာကြိုက် ဂျပန်တိုယိုတာ အမှတ်တံဆိပ် မော်တော်ကား ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီများကို သွားရောက်လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့အပြီး ၎င်းက အထက်ပါအတိုင်း သီးသန့် ပြောဆို လိုက်ခြင်း ဖြစ်သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်းကို မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီ ၇၂ ခု ဖွဲ့စည်းထားရာ ဂျပန်နိုင်ငံသို့ ဥက္ကဋ္ဌ၊ ဆာကူရာ မော်တော်ကား ကုမ္ပဏီပိုင်ရှင် ဦးဌေးအောင် အပါအဝင် အဲဗားဂရင်း၊ ရွှေမြို့တော်၊ SSS၊ စကြာရွှေ၊ MGN စွမ်းမြင့်၊ အားမာန်သစ် စသည့် မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်များ သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ “ကားစက်ရုံအပြင် မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် မော်တော်ကား ဆားဗစ်စင်တာကြီး တစ်ခုကိုလည်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆိုသည်။ မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် ထုတ်လုပ်မည့် မော်တော်ကားစက်ရုံကို ထိုင်းနိုင်ငံနှင့်အပြိုင် အရည်အသွေး ယှဉ်ပြိုင်နိုင်သည့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မည်သည့် အမှတ်တံဆိပ်နှင့် ထုတ်လုပ်မည် ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ဂျပန်နိုင်ငံမှ ကုမ္ပဏီများကို စက်ရုံ တည်ဆောက်ပြီးပါက ဖိတ်ခေါ်ပြသမည် ဖြစ်ကြောင်း ဦးဌေးအောင်က ဆက်လက်ပြောကြားခဲ့သည်။ မြန်မာမော်တာ ကော်ပိုရေးရှင်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အကြောင်းအရာများကို နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ကိုလည်း ရှင်းပြပေးသွားမည် ဖြစ်ကြောင်း  News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
  www.MyanmarExpress.net
Posted by ဆူးအေမီ on 9:09 AM in | No comments
 ၇ိုးစင်းသွယ်လျှ မျက်နှာအလှ
တောက်ပရွှန်းစို  မျက်ဝန်းညိုက
လင်းလတ်တည်ကြည့် မျက်နှာတည်ကို
မြင်ချင်လျှက်မှာ
၇င်ခုန်မှုသာစိုးမိုးသွားသည်။
သူနှင့်တွေ့ဆုံ၇င်ခုန်သည့်နေ့က
ပူပင်ပျောက်ကင်း ကြည့်နူး၇င်မှာ
ချစ်ကြောင်း ကုန်စင် ပြောပြ ချင်လည်း
သို့........သို့ပေမယ့်
မြင်ရုံနှင့်သာ    ကျေနပ်သင့်သည်။
သူနှင့်မတွေ့ လွမ်း၇သည့်နေ့
၇င်တွင်းလိုက်အူ ပွက် ပွက်ဆူပြီ
ငိုမျက်၇ည်ကြွေး  အိုင်အောင်ဆွေးလည်း
သူမသိစေ  မမြင်ပင် မဲ့   မမြင်ပါနဲ့
အချစ်များစွာ ၇င်မှာသိမ်းလျှက်
တိတ်တဆိတ်သာ လွမ်းပါဦးမည်။
Posted by ဆူးအေမီ on 9:06 AM | No comments
  ကာစာအလန်းကို ယူဖို့ http://www.totallyfreecursors.com/ ကိုကလစ်ပါ
 ပြီးတာ့ ကိုယ်နှစ်သက်တာကို ရွှေးပြီး Downlod လုပ်လိုက်ပါ 
 (Xp ကို အသုံးပြုပြီးရှင်းပြတာပါ ) ပြီးရင် ဒေါင်းထားတဲ့ ကာစာကိုအသုံးပြုဖို့အတွက် 
Start ထဲက Control Panel ထဲကိုသွားပါ 
 ပြီးတာ့ Printers and Other Hardware ကိုကလစ်ပါ
 ပြီးတာ့ Mouse ကိုကလစ်ပါ 
 ပြီးတာ့ Pointers ထဲဝင်ပြီးတာ့ Enable Pointers shadow ကို အမှတ်ပေးလိုက်ပါ
  ပြီးရင် Browse ကိုရွှေးလိုက်ပါ
 ခုနက Downlod လုပ်ထားတဲ့ ဖိုင်ကို copy ဖြစ်ဖြစ် cut ဖြစ်ဖြစ်လုပ်ပြီးတာ့ ပေါ်လာတဲ့ Browse ရွှေးထည့်ပေးလိုက်ပါ ပြီးရင် ထည့်တဲ့ ဖိုင်ကို ရွှေးလိုက်ပါ ပြီးရင် Apply လုပ်လိုက်ရင် 
ကိုယ်ရွှေးထားတဲ့ ကစာပုံလေးပေါ်လာမှာဖြစ်ပါတယ် 
Sunday, February 24, 2013
Posted by ဆူးအေမီ on 2:45 AM in | No comments
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် အစိုးရနှင့်အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးဆောင်သောအဖွဲ့ဝင် ၁၈ ဦးသည် မင်းမဲ့စရိုက် ဆန်ဆန်ဖြင့် ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်းများအားယူဆောင်လာပြီး တာဝန်ထမ်းဆောင်နေသော ပြည်သူ့ ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်
သွားခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်ထိန်မောင်)အဖွဲ့မှ စောဝင်းမြင့် ဦးစီး ၂၀ ဦးခန့်သည် ခွင့်ပြုချက်မရဘဲ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ တရားမဝင် လက်နက် ခဲယမ်းများနှင့် လက်ပစ်ဗုံးများ သယ်ဆောင်လာပြီး ဝင်ရောက်လာကြောင်း၊ ဒေသခံပြည်သူများမှ တာဝန်ရှိသူ များအား သတင်းပို့ခဲ့ပြီး တာဝန်ရှိ သူများမှ ၎င်းတို့အားသွားရောက်တွေ့ဆုံပြီး လက်နက်များယူလာ၍ မရကြောင်း ရှင်းလင်းပြောဆိုပြီး ပါလာသော လက်နက်ခဲယမ်းများကို အပ်နှံစေခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့အဆင်ပြေ စေရန်အတွက် ပုသိမ်မြို့မှတာဝန် ရှိသူများနှင့်
တွေ့ဆုံပေးခဲ့ကြောင်း သိရှိရသည်။
၎င်းအဖွဲ့သည် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် ယာဉ်လေးစီးဖြင့် ပုသိမ်ရန်ကုန်ကားလမ်းအတိုင်းထွက်ခွာခဲ့ပြီး ကန်ကြီးထောင့်မြို့ လမ်းဆုံတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် (၁) ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁) ဦးတို့အား အတင်းအဓမ္မ ကားပေါ်သို့ဆွဲတင်ကာဖမ်းဆီး ခေါ်ဆောင်သွားပြီး ၎င်းဝန်ထမ်း(၂)ဦးအား အသက်ရှင်လျက် ပြန်လိုချင်ပါက ၎င်းတို့ထံမှသိမ်းဆည်းထားသော လက်နက်များအားပြန်ပေးရန် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့အင်အား ၁၈ ဦးနှင့် ကား ၃ စီးအား အင်းတိုင်မြို့တွင် တာဝန်ရှိသူများမှ တားဆီးနိုင်ခဲ့ပြီး ဖမ်းခေါ်သွားသောနိုင်ငံ့ဝန်ထမ်း(၂)ဦးအား ပြန်လည် ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။
အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ငြိမ်းချမ်းရေးအဖွဲ့အမည်ခံပြီးမြို့ပေါ်မှာလာပြီး သောင်းကျန်း
နေတယ်။ တစ်ကယ့်မင်းမဲ့ စရိုက်ဆန်ဆန်ပါပဲ။ နိုင်ငံ့ဝန်ထမ်း(၂)ဦး ဓါးစာခံအဖြစ်ဖမ်းလာတယ်။ ပြီးတော့လုံခြုံရေးတပ်ဖွဲ့တွေကသူတို့ကားတွေတားတော့သူတို့ကိုမလွှတ်ပေးရင် ဘေးနားမှာရပ်ထားတဲ့ ဓါတ်ဆီတင်ကားကို မီးရှို့မယ်လို့လည်း ခြိမ်းခြောက်တယ်၊ဒါပေမယ့်တာဝန်ရှိသူတွေ ရောက်လာပြီး အခြေ အနေကို ထိန်းသိမ်းလိုက်နိုင်ပါတယ် ” ၎င်းယာဉ်တန်းအား တားဆီးရာတွင် ပါဝင်ခဲ့သူ ယာဉ်ထိန်းရဲ တစ်ဦးမှ ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ လက်အောက်ငယ်သားတွေကို စနစ်တကျ ထိန်းသိမ်း သင့်ပါတယ်။ အခုဟာက အထက်ကခေါင်းဆောင်ကမသိဘူး အောက်ကတပ်သားတွေက ကိုယ့် သဘောကိုယ်ဆောင်ပြီး လုပ်ချင်တာလုပ်နေကြတယ်ဟု ကရင်နယ်ခြားစောင့်တပ်မှ တပ်မှူးတစ်ဦးကလည်း ပြောကြားခဲ့သည်။
၎င်း ကိစ္စနှင့်ပတ်သက်၍ KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့မှ ဆက်ဆံရေးတာဝန်ခံအား မေးမြန်းခဲ့ရာ ဥပဒေချိုးဖောက်ခဲ့သော စောဝင်းမြင့်နှင့် အဖွဲ့အားပြန်ရောက်လာပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ခေါင်းဆောင်ဖြစ်သော ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့်ဆိုသူသည် ယခင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ငွေကြေးအလွဲသုံးစားမှုဖြင့် ခွင့်မဲ့ ပျက်ကွက် ဖြစ်ပွား
ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထောင်ချထုတ်ပယ်ခဲ့ကြောင်း၊ ထောင်မှ
ထွက်ပြီးနောက် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ(ဗိုလ် ထိန်မောင်)
အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း ဆက်ဆံရေး တာဝန်ခံမှပြောကြားခဲ့သည်။
KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်)အဖွဲ့သည်KNU အဖွဲ့ထံမှ(၂၀၀၇)ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရသစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး လက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်သည်။
၎င်းအဖွဲ့သည် တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချကာ ထိုင်းနိုင်ငံမှမှောင်ခိုပစ္စည်းများအား အကောက် ကောက်ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုးထုတ်ခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့တစ်ဖွဲ့
ဖြစ်ကြောင်း သိရသည်။
သန်းနိုင်
Posted by ဆူးအေမီ on 2:37 AM in | No comments
သီပေါမင်း၏ မြေးတော်ရေးတဲ့ ပါတော်မူပြီးနောက်ပိုင်း( ဖတ်သင့်ပါသည်)
ပါတော်မူပြီးနောက် သီပေါမင်း နေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ရတနာဂီရိမှ အိမ် (၂၀၀၇)
သီပေါမင်းအကြောင်းကို သမိုင်းမှာ လူတိုင်းနီးပါး သင်ခဲ့ကြဖူးမှပါ ပြီးတော့ ပါတော်မူ
တဲ့ အကြောင်းကိုလည်း ဇာတ်လမ်းမှာ ကြည့်ခဲ့ဖူး  စာအုပ်တွေမှာ ဖတ်ခဲ့ဖူးကြမှာပါ
ဒီစာအုပ်လေးကတော့ သီပေါမင်းရဲ့ မြေးတော် ရေးခဲ့တဲ့  ရတနာပုံမှ ~ရတနာဂီရိသို့ 
ဆိုတဲ့စာအုပ်လေးပါ  သီပေါမင်းသေတော့  သရဏဂုံတင်ခွင့်မပေးလို့  အခုချိန်မှာမှ
အိန္ဒိယကိုသွားပြီး ရေစက်ချ အမျှဝေလုပ်တဲ့ခရီးစဉ်ကို စာဖတ်သူ ဗဟုသုတ ရဖွယ်
စုံလင်စွာ ဓာတ်ပုံနှင်တကွ ဖော်ပြပေးထားတဲ့ သမိုင်းမှတ်တမ်းဝင်စာအုပ်ကလေးပါ
သမိုင်းနောက်ခံရဲ့  အသေးစိတ်ကို သီပေါမင်းရဲ့  မြေးအရင်းကနေ ပြန်ရေးပြနေတာ
သိရတော့ ဖတ်ရတာ စိတ်ထဲတမျိုးကြီး။ ပြီးတော့ မြန်မာဘုရင်တွေရဲ့ မျိုးဆက်တွေ
မြန်မာပြည်မှာ ရှိနေပါသေးလားဆိုတာ ခုမှတိတိကျကျ နာမည်နှင်တကွ သိရတယ်
တွေ့ တာ  နောက်ကျလေခြင်းလို့  ။တကယ့်ကို ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ
 မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့စကား ရှိသလို မြန်မာလူမျိုး နဲ့ မြန်မာသမိုင်း
ကိုစိတ်ဝင်စားရင် ဒီဟာကို ဖတ်ဖူးသင့်တယ်လို့ ယူဆမိပါတယ်
ဒီလင့်မှာDownload ယူပါ - http://www.mediafire.com-ရတာနာပုံမှ ရတနာဂီရိသို့ 
ဓာတ်ပုံမူရင်းလင့် -http://moemaka.com/2011/02/burmese-kings-palace
မောင်(စွယ်စုံကျမ်း) တဆင့်ကူးယူးပြန်လည်ဝေငှပါသည်
Posted by ဆူးအေမီ on 1:55 AM in | No comments
ဒီမှာ Download ယူပါ - http://www.mediafire.com/မြန်မာပြည်မှ ဂိုဏ်းများ
အ၇မ်းကိုပဲ ဖတ်သင့်စာအုပ်လေးပါနော်
  မောင်(စွယ်စုံကျမ်း) တဆင့်ကူးပြီး ပြန်လည်ဝေငှပါသည်၊
Posted by ဆူးအေမီ on 1:46 AM in | No comments
ဒီစာအုပ်လေးကတော့   အင်တာနက်ပိုင်းဆိုင်ရာ  Network ရဲ့သဘောတရားကို
သေချာရှင်းလင်းပေးထားပြီး အခြေခံဘယ်လောက်ကျသလဲဆိုIP Adress တွေရဲ့
စနစ်တကျ ရေးပြထားတာမို့  ကွန်ပျုတာ ကျောင်းသားတွေ နည်းပညာရှင်တွေနဲ့ 
Network   သီးသန့် လေ့လာနေသူတွေအတွက်   မှီငြမ်းလေ့လာစရာ  စာအုပ်ပါ
အင်တာနက် သုံးနေသူတွေအတွက်  IP adress ဟာ   အလွန် အရေးပါနေတယ်
ဝက်ဆိုဒ်တစ်ခု  အတိုက်ခံရတာ ၊  အကောင့်တစ်ခု     အဖောက်ခံရတဲ့နေရာမှာ
IP လိပ်စာသိမှ ဘယ်နိုင်ငံက လုပ်တဲ့ ဘယ်သူက လုပ်တယ်ဆိုတာ တစ်ဆင့်ချင်း
ခြေရာခံလို့ ရတာပါ ။ ကိုယ်က တစ်ခုခု တိုက်ပီ  ဖောက်ခဲ့ပီဆို IP ဟာခြေရာခံဖို့ 
နေရာစုံစမ်းဖို့ တစ်ဆင့်ချင်း လုပ်ယူရမှာ ကျနော့်  IP သိတာနဲ့ ကျနော်သုံးနေတဲ့
ISP ( Internet Service Provider ) ကိုသွားမေးရင် Register  လုပ်ပီးသုံးတာမို့ 
ကိုယ်နဲ့ ပတ်သက်တဲ့ လိပ်စာ ဖုန်းနံပတ် အကုန်သိသွားပီး နောက်ဆုံး  အိမ်အထိ
ရောက်လာမှာ ။ အခု ခေတ်စားနေတဲ့  ဟက်ကာတွေ တိုက်ခိုက်တာတွေ အလွန်
ချီးကျူးဖို့ ကောင်းပါတယ်။  နာမည်ကြီးနေတာဟာ  အလကား   မဟုတ်ပါခဲ့ပါဘူး
အစိုးရဆိုဒ်ပေါင်းများစွာကို  တိုက်နိုင်ခဲ့တဲ့ BHG ဆိုရင်  ၂၀၁၀ မှာ ကမ္ဘာကျော်ပါ
မြန်မာပညာရှင်တွေ အဲ့သြော အားကျဖို့ ကောင်းပါတယ် Network ဆိုတာကြီးက
လေ့လာမယ်ဆို အလွန်ကျယ်ပြန့် ပါတယ် ရှုပ်ထွေးပါတယ် ။ကိုယ်တိုင်လည်းသိဖို့ 
လေ့လာဆဲသင်ယူဆဲပဲရှိသေးတာမို့  အများကြီး ရှင်းမပြနိုင်ပါဘူး အလုပ်ဝင်ပီးလို့ 
တစ်လအကြာ သူဌေးက မန်နေဂျာကို မေးတယ် လူသစ်က  ဘယ်လိုလဲဆိုတော့
မန်နေဂျာက ပြန်ဖြေတယ် Computer,Networking, Excel,Work  All  အိုကေ
သူဖြေတာ ကိုယ်ကြားရတော့ ဘ၀င်တောင်မြင့်ချင်တယ် တကယ်တော့  အားလုံး
အခြေခံပဲ လေ့လာထားတာပါ Network ရတယ်ဆိုတာလည်း  ဌာနတစ်ခုခုကနေ
အင်တာနက်လိုင်း မရတာ ၊ Printer ,Server,Proxy တွေ  အကြောင်း  အနဲလေး
လေ့လာထား သိထားရုံနဲ့  ဖြေရှင်းနိုင်ပါတယ် ။ ပညာရှင်ဆင့်လည်း မလေ့လာနိုင်
အချိန်မပေနိုင်ပါဘူး ။ ၂၁ရာစုမှာ လူတွေ  သင်တန်းတက်ပီး အေးဆေး ပညာရေး
သုသေသနလုပ်  လေ့လာဖို့  ဆိုတာမလွယ်ပါဘူး ။အလုပ်လုပ်ရင်း ကျောင်းတက်
အခုကာလ အထူးသဖြင့် မြန်မာနိုင်ငံ အခြေနေနဲ့  မလွယ်လှပါဘူး ။ပိုက်ဆံအရမ်း
ချမ်းသာပြီး နောက်ခံကောင်းရင်တော့  ကိုယ်ရခဲ့တဲ့ဘာသာ ကိုယ်သင်ခဲ့ရတဲ့ပညာ
တွေအတွက် အေးဆေး  သုသေသနပြု  အချိန်ပေးဖို့  သင်တန်းတက်ဖို့ ဆိုတာက
တကယ်မလွယ်ပါဘူး အားလုံး ၀မ်းစာအတွက် အလုပ်လုပ်ရပြီဆိုတော့ ကိုယ်တိုင်
လေ့လာသင်ယူခြင်း  ( Self-Study ) ဆိုတာ  ကျနော်နဲ့ ဘ၀တူ  သူငယ်ချင်းတွေ
အလေးထားရမယ့် စနစ်ပါ။ ဒါကြောင့်  ကျနော်သုံးတော့ ဆော့ဝဲ ကောင်းတယ်ဆို
ပြန်ပြောပြတယ် ကျနော်ဖတ်တဲ့စာအုပ် အဆင်ပြေတယ်ဆို  ပြန်ဖတ်စေတယ်နော
အသိပညာကို Share လုပ်တာ မျှဝေတာပါ တတ်လွန်းလို့ ဆရာ လုပ်နေတာတော့
မဟုတ်ရေးချ မဟုတ်ရပါ ။နောက်ဆုံးအနေနဲ့  လမ်းညွှန်ရရင်  ဒီစာအုပ်လေးထဲမှာ
လူပြောများ အသုံးများ သိထားသင့်တဲ့ Proxy ဆိုတဲ့အကြောင်းကို  အခြေခံကစပီး
သေချာ  ရှင်းပြပေးထားသေးတယ်။ proxy ဆိုတာ   မြန်မာပြည်ကလူတွေ ပိုပြီးသိ
ပိုပြီးနားလည်ပါတယ် ၀က်ဆိုဒ်တွေ ကြည့်မရအောင်ပိတ်ရင် တခြား Proxy ကိုသုံး
ကျော်ကြည့်  ခွကြည့်ရပါတယ် ။အဲ့တော့ပိုနားလည်ထားသင်တာက အပိတ်ခံရတဲ့
မြန်မာပြည်ကလူတွေလိုလည်း  ဆိုချင်ပါတယ် ။ မြန်မာပြည်က လူမဟုတ်ခဲ့ရင်လဲ
proxy Server ဟာ Main Computer တစ်ခုကနေ ဌာနအသီးသီးမှာရှိနေလေတဲ့
ကွန်ပျုတာတွေကို  ခွဲဝေချိတ်ဆက်တဲ့နေရာမှာ  ယနေကာလ  လူသုံးအများဆုံးနဲ့ 
အဆင်ပြေဆုံး Internet Sharing System တစ်ခုပါဒီစနစ်ရဲ့ အားသာချက်တွေမှာ
Serverကနေ ကွန်ပျုတာတွေအားလုံး ထိန်းချုပ်တာဖြစ်ပြီး  မကြည့်စေချင်တဲ့ဆိုဒ်
တွေကိုလည်း ပိတ်လို့ ရတယ်။  မြန်မာပြည်မှာ မဖြစ်များတဲ့ Access Denied ဆိုဒ်
လူအတော်များမျာ သိမှာပါ မြန်မာပြည်ရဲ့ နာမည်အကြီးဆုံးနဲ့ လူသုံးအများဆုံးဆိုဒ်
တစ်ခုခု ဖွင့်လိုက်တိုင်း Access Denied ဆိုတာက  အရင်လာနေတော့  သုံးရတာ
စိတ်ပျက်စရာ ကောင်းလှတယ် ကိုယ်တိုင်လည်း ကြုံတာမို့ ဟာသအဖြစ်ပြောတာ
လက်ရှိလည်း ဒီစနစ်ကို နိုင်ငံတကာလုပ်ငန်တွေမှာ သုံးနေတယ် ကျနော်တို့ ရုံးလဲ
ဒီစနစ်သုံးပါတယ် ကောင်တာက ဌာနအသီးသီးက Computer တွေ ဘယ်အချိန်
အထိ လိုင်းချပေးမလဲဘယ်အချိန် လိုင်းဖြတ်မလဲဆိုတာကအစ ထိန်းချုပ်နိုင်တယ်
ရုံးမှာ အရင်ဆို ည ကိုးနာ၇ီခွဲအထိပဲ သုံးခွင့်ရတာ။  အဲ့နောက်ပိုင်းဆိုရင်  လိုင်းက
ဖြတ်ထားတယ် ။အခုတော့ အဲ့စနစ်ပြန်မလုပ်သေးဘူး အင်တာနက်ဆိုင်တွေကလို
Local Network ထဲက Computerမှာ ဘယ်ဝက်ဆိုဒ်တွေ ဖွင့်ခဲ့လဲဆိုတာကိုလည်း
Porxy server log file မှာ ပြန်ကြည့်လို့ ရပါတယ်  အဲ့တော့ ကျနော်ဘာဆိုဒ်တွေ
သုံးတယ် ဖွင့်နေတယ်ဆိုတာ ပြန်ကြည့်ရင်သိတယ် ။တခြားသူတွေလည်း ဒီလိုပါပဲ
ဌာနဆိုင်ရာ  အသီးသီးကနေ  အလုပ်လုပ်နေကြတဲ့သူတွေ ကိုယ်ဖွင့်တာ ပိတ်ရုံနဲ
ပျောက်သွားပီ မသိနိုင်ဘူးဆိုတာ မဟုတ်ဘူး Proxy Server Log File မှာ အကုန်
ပြန်ရှာလို့ ရပါတယ်။ နောက်ထပ်ကောင်းတာတွေကတော့ Local Area Network
ထဲက  ကွန်ပျုတာမှာ အင်တာနက်ကို  Username နဲ့   ပတ်စ၀ပ်သိမှ အသုံးပြုဖို့ 
ထိန်းချုပ်ချင်တယ်ဆိုလည်း ရတယ် တခြားနည်းတွေထက် သာတဲ့နေရာမှာလည်း
ဒီစနစ်က  ဌာနတစ်ခုက ၀က်ဆိုဒ်တစ်ခုကို သုံးတယ်ဆိုလည်း Server Cacheထဲ
မှတ်ထားပေးတာမို့  တခြားဌာနတစ်ခုခုကလည်း ဒီဆိုဒ် ဖွင့်တာဆိုရင်အမြန်ပြန်ချ
ပြန်ပွင့်စေတာမို့ Network Traffic မဖြစ်ပဲ အင်တာနက်မနှေးတော့ဘူးဒီစနစ်တွေ
ဒီပညာတွေဟာ ရုံးတွေမှာ နေတဲ့သူ လုပ်တဲ့သူတွေ သက်ဆိုင်ဆိုင် မဆိုင်ဆိုင်သိဖို့ 
လေ့လာဖို့ လိုပါတယ် သိထားမှ ဆောင်ရန် ရှောင်ရန်ကို သဘောပေါက်ပါလိမ့်မယ်
နည်းပညာခေတ် သတင်းခတ်မို့  တစ်ခုပိုသိရင် တစ်ခုပိုတတ်ရင် အလုပ်ထဲမှာရော
တခြားနေရာတွေမှပါ သူများထက် ခေါင်းတစ်လုံး ပိုမြင့်လိမ့်မယ် ဒါကြောင့် ပညာရပ်
နည်းပညာတစ်ခုခုကို သေချာ လေ့လာနိုင်ပါစေ  သိပါစေ ရည်ရွယ်ပြီး ပြန်မျှနေတာ
ဟာသ ပညာရှင်ကြီးတစ်ဦးပျက်လိုက်တာ သိပါလိမ့်မယ် သူ့ ကိုထောင်ချအမိန်ချတဲ့
တရားသူကြီးမင်းက ကွန်ပျုတာမရှိ နည်းပညာမသိသလို ဖမ်းတဲ့  အမှုလည်း အီးမေး
ဂျီမေး ကွဲပြားစွာမသိတဲ့ ၀န်ထမ်းက Electric Act နဲ့  ထောင် ၂၄ နှစ် ချလိုက်သတဲ့
နောင်ကာလ   မြန်မာနိုင်ငံရေးစနစ်မှာ ပညာတတ်တွေ  နည်းပညာရှင် တကယ်သိ
တကယ်တတ်တဲ့ လူတွေ ပါဝင်စေဖို့  ဆုတောင်းရမှာဖြစ်သလို  တတ်သိသလောက်
ပြုလုပ်ကြဖို့ လည်း လိုပါတယ် ပြောရရင် နိုင်ငံရေးဖက်ရောက်တော့မယ် မီးမလာတဲ့
ဓာတ်တိုင်အောက် ရပ်မိလို့ မှောင်ရိပ်ခိုမှုနဲ့  အဖမ်းခံရမှာလည်း စိုးရိမ်ရပါသေးတယ်
အဆုံးပြောရရင် ဒီစာအုပ်ဟာ Network အတွက်အလွန်အသုံးဝင်တဲ့ စာအုပ်ဆိုတာ
သိစေအပ်ပါတယ် အခြေခံပညာသင်ကနေပညာရှင်အဆင့်တွေထိ ပါဝင်ကြောင်း.။
Posted by ဆူးအေမီ on 12:37 AM in | No comments
ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။
 ညနေ၃နာရီမှ၅နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်
လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။
ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင် ၁၀ နာရီမှတရားဝင်တန်းဖြုတ်လို့ရတယ်။အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲ ၁၁ နာရီ အိပ်ရာထဲရောက်တော့မှ ကိုယ့်သားသမီးမျက်နှာလေးတွေဝအောင်ကြည့်ရတယ်။ကလေးက လန့်နိုးပြီး အမေရေ သားတို့ခြင်ထောင်ထဲဘယ်ကလူကြီးမှန်းမသိဘူးဝင်လာတယ်လို့အော်ခဲ့တဲ့ဟာသဆန်ဆန်အဖြစ်အပျက်လေးတွေ
လဲတကယ်ဖြစ်ခဲ့ကြဖူးပါတယ်။တနေကုန်စီးထားတဲ့လည်ရှည်ဖိနပ်ကချွတ်လိုက်ရင်ခြေထောက်တွေကနူးအိပြီး
ကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ပါဘူး။အခိုးတွေအပေါ်မှုတ်ပြီးမျက်စိတွေနီရဲတာ၊မျက်စိမှုန်လာတာတွေကအပိုဆုပါ။
တခါတရံအပေါ့အလေးတွေချုပ်တီးရလွန်းလို့ဒုက္ခအင်မတန်ရောက်ရပါတယ်။
အဲကျွန်တော်တို့ရတဲ့လစာက တစ်သိန်းရဲ့အောက်တော်တော်ရောက်ပါတယ်။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရကိုလဲကြိုက်ပါတယ်။
။ဖြစ်နိုင်ရင်အဂတိတရားကင်းရှင်းစွာနဲ့လုပ်ငန်းတာဝန်တွေကိုအားသွန်ခွန်စိုက်ပျော်ပျော်ကြီးထမ်းဆောင်ချင်ပါတယ်။
ဒါပေမဲ့ကျွန်တော်တို့ဝတ်ဆင်ရတဲ့နဖူးကနေခြေဖျားအထိယူနီဖောင်းအဆင်တန်ဆာတွေက ဝယ်ရတာဗျ။တာဝန်ကျနေရာကိုသွားတဲ့ဆိုင်ကယ်နဲ့ဆီဘိုးကလဲကိုယ့်စရိတ်နဲ့ကိုယ်ပဲဗျ။အိမ်ကမိသားစုကစားတဲ့ဆန်တို့ဆီတို့ ကလေးကျောင်းစရိတ်တို့ကလဲအများနည်းတူပဲဗျ။ပေါက်ဈေးပဲ။နောက်ပြီးအများသူငါပျော်ရွှင်ကြတဲ့ပွဲလမ်းသဘင်တို့၊
အခါကြီးရက်ကြီးတို့ဆိုရင်လုံးဝမအားတော့ဘူး။အားလုံးအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက်ကျွန်တော်တို့ရဲ့ဘဝတင်မကပဲ မိသားစုတွေရဲ့ဘဝပါပေးဆပ်ထားကြရတာပါ။ဒီကြားထဲမှာလူမုန်းများတာခံရပါသေးတယ်။ဘယ်သူဖြစ်ဖြစ်
အဖမ်းခံရရင်ဘယ်ကျေနပ်ပါ့မလဲ။တချို့က ညပိုင်းမှာဆဲသွားကြသေးတယ်။အဆင့်မရှိတဲ့ကောင်တွေတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ဆယ်တန်းအောင်မှ
ဒီအထဲဝင်လို့ရခဲ့တာပါ။နောက်တမျိုးကျတော့လမ်းဘေးနေလမ်းဘေးစားတွေတဲ့။အဲဒါကျတော့မှန်နေပြန်ရော။
ကျွန်တော်တို့လမ်းဘေးနေလမ်းဘေးစားနေတာအများပြည်သူတွေလမ်းပေါ်မှာအဆင်ပြေချောမွေ့စွာ
သွားနိုင်ဖို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဘဝတွေကိုကျေကျေနပ်နပ်ကြီးချခင်းပေးထားတာပါဗျာ။
ဘာပဲပြောပြောကျွန်တော်တို့လမ်းရှင်းပေးရတာပျော်ပါတယ်။အများပြည်သူကလက်ခုပ်တီးပေးရင်ပိုပြီးပျော်ရမှာပါ။
မြို့မေတ္တာခံယူတဲ့သားတွေဖြစ်ချင်ပါတယ်။
From:[_ မန္တလေးသတင်းပုံရိပ်များ _]
(မောင်ကျောက်ခဲ အဖွဲ့)
Friday, February 15, 2013
Posted by ဆူးအေမီ on 8:03 AM in | No comments
    အခြေခံအသားအရေ အမျိုးအစား ငါးမျိုးရှိပါတယ်....
  အဆီပြန်တဲ့ အသားအရေ ၊ပေါင်းစပ် အသားအရေ၊ သာမန် အသားအရေ ၊ခြောက်သွေ့တဲ့ အသားအရေနဲ့ ထိခိုက်လွယ်တဲ့ အသားအရေ တို့ဖြစ်ပါတယ်။ သင့်အရေပြားမှ အဆီထွက်မှု ဘယ်လောက် နည်းတယ်၊ များတယ် ဆိုတာကိုကြည့်ပြီး သင့်အရေပြား အမျိုးအစားကို ဆုံးဖြတ်ရမှာပါ။ မျိုးရိုးဗီဇ၊ အစားအသောက်၊ စိတ်ဖိစီးမှု၊ ဆေးဝါးများမှီဝဲမှုနဲ့ သင်သုံးတဲ့ အလှကုန်ပစ္စည်းအမျိုးအစား အားလုံးက သင့်အရေပြားမှ အဆီထုတ်လုပ်မှု အပေါ်သက်ရောက်မှုရှိပါတယ်။
     သင့်အသားအရေရဲ့ အမျိုးအစားကို သိထားမှသာ သင့်အသားအရေကို ဘယ်လိုဂရုစိုက်ရမယ်၊ ဘယ်လိုအလှကုန် အမျိုးအစားတွေကို သုံးစွဲရမယ်ဆိုတာကို သိနိုင်မှာပါ။ အရေပြားအမျိုးအစား စမ်းသပ်မှုကိုပြုလုပ်ပါ။ မျက်နှာသစ်ပြီး ခြောက်သွေ့အောင် သုတ်လိုက်ပါ။ ထို့နောက် အဆီစုတ်စက္ကူဖြင့် သင့်မျက်နှာနေရာ အနှံ့ပေါ်တွင် ဖိကပ်လိုက်ပြီး စမ်းသပ်နိုင်ပါတယ်။ အသားအရေ အမျိုးအစားငါးမျိုးနဲ့ သူတို့ရဲ့သွင်ပြင် လက္ခဏာတွေ၊ ဘယ်လို ဂရုစိုက်ပေးရမလဲ ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Type 1  အဆီပြန်သော အသားအရေ
     သင့်အသားအရေက အဆီပြန်တဲ့ အသားအရေဆိုရင် အဆီစုတ်ယူခြင်းကြောင့် စက္ကူဟာ အကြည်ရောင်ပြောင်း သွားပါတယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေရဲ့မျက်နှာဟာ ပြောင်ဝင်းနေတတ်ပါတယ်။ ချွေးပေါက်ကျယ်တွေ ရှိတတ်ပြီး ၀က်ခြံ၊ အမဲစက်နဲ့ အမာရွတ်တွေလဲ ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို အမြဲဂရုတစိုက်နဲ့ သန့်စင်ပေးရပါမယ်။ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေဟာ တခြားအသားအရေ ပိုင်ရှင်များထက် အသားအရေ ပိုနူးညံ့ပြီး နုပျိုတဲ့အသွင်ပြင်ရှိနေတာက အားသာချက်ဖြစ်ပါတယ်။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ထုတ်ထားတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ရွှံ့စေးပေါင်းတင်ဆေးတွေကို ရွေးချယ်သုံးစွဲပေးပါ။
Type 2  ပေါင်းစပ်အသားအရေ
     (T) ဇုန်လို့ခေါ်တဲ့ (နဖူး၊ နှာခေါင်း၊ မေးစေ့)နေရာမှာ စက္ကူဟာ စေကပ်သွားတယ်ဆိုရင် သင့်မှာ ပေါင်းစပ်အသားအရေ ရှိပါတယ်။ T ဇုန်မှာအဆီပြန်နေတဲ့ အချိန်မှာ ပါးပြင်၊မျက်လုံးတ၀ိုက်နဲ့ ပါးစပ်တ၀ိုက်တွေ မှာခြောက်သွေ့မှု ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်ခြောက်သွေ့နေ တဲ့နေရာတွေကိုရေဓာတ် ဖြည့်ပေးဖို့လိုသလို အဆီပြန် တဲ့နေရာတွေကိုလည်း မှန်မှန် သန့်စင်ပေးဖို့လိုပါတယ်။ ပေါင်းစပ်အသားအရေ အတွက်ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။
Type 3  သာမန်အသားအရေ
    စက္ကူဟာ အကြည်ရောင်ပြောင်းမသွားဘူး ဒါပေမယ့် သင့်အသားအရေဟာခြောက်သွေ့မနေဘဲ စိုပြေနေတယ်ဆိုရင် သာမန် အသားအရေ ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ ချွေးပေါက်ဟာ အနည်းငယ်သာကျယ်ပြီး ချောမွေ့ကာညီညာတဲ့ အသားအရေရှိပါတယ်။ မျက်နှာမှာ သွေးလည်ပတ်မှုကောင်းမွန်ပြီး အသားအရောင်ကောင်းမွန်ပါတယ်။ ပြဿနာအနည်းဆုံး အသားအရေအမျိုးအစား ဖြစ်ပေမယ့် အမြဲဂရုစိုက်ထိန်းသိမ်းနေမှ အမြဲကောင်းမွန်လှပနေမှာ ဖြစ်ပါတယ်။
Type 4  ခြောက်သွေ့သောအသားအရေ
    စက္ကူဟာ အကြည်ရောင်ပြောင်းမသွားဘူး၊ သင့်မျက်နှာပြင် ကလည်းခြောက်သွေ့ပြီး တင်းနေတယ်ဆိုရင် သင့်အသားအရေ ကခြောက်သွေ့တဲ့ အသားအရေ ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေက အထူးသဖြင့် မျက်နှာသစ်ပြီးစ အချိန်တွေမှာ တင်းမာမှုကို ခံစားရတတ်ပါတယ်။ ဒီအသားအရေ ပိုင်ရှင်တွေမှာ အရေပြားကွာကျခြင်း၊ ယားယံခြင်းနဲ့ အနီကွက်များ အလွယ်တကူဖြစ်နိုင်ပါတယ်။ အရေးအကြောင်း များလည်းဖြစ်လွယ်လို့ တခြားသော အသားအရေ ပိုင်ရှင်များထက်မြန်မြန် အိုမင်းလွယ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ဖြည့်ပေးတဲ့ ခရမ်များကို အမြဲမှန်မှန် သုံးစွဲပေးရမှာ ဖြစ်ပါတယ်။ အလှကုန်ပစ္စည်း ၀ယ်တဲ့အခါမှာလည်း ခြောက်သွေ့သော အသားအရေအတွက် ထုတ်လုပ်ထားတဲ့ အလှကုန်များကိုသာ ရွေးချယ်သုံးစွဲပါ။
 Type 5  ထိခိုက်လွယ်သောအသားအရေ
    ထိခိုက်လွယ်သော အသားအရေဟာ အသားအရေ အမျိုးအစားတစ်ခု ဆိုတာထက် အသားအရေရဲ့ အခြေအနေတစ်ခုလို့ ဆိုရမှာပါ။ ဘာလို့လည်းဆိုတော့ အဆီပြန်တဲ့ အသားအရေ၊ သာမန်အသားအရေ ၊ပေါင်းစပ်အသားအရေ နှင့်ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားအားလုံးမှာ ဒီအခြေအနေဟာ ဖြစ်ပေါ်နိုင်လို့ပါပဲ။ ဒီအသားအရေက ပါးလွှာပြီးနူးညံ့ကာ သေးငယ်တဲ့ချွေးပေါက်တွေ ရှိပါတယ်။ ပတ်ဝန်းကျင် အခြေအနေတွေနဲ့ သုံးစွဲတဲ့အလှကုန်တွေ အပေါ်အလွယ်တကူနဲ့ ပြင်းထန်စွာ တုံ့ပြန်တတ်ပါတယ်။ အလွယ်တကူ နီရဲလွယ်ပြီး သွေးကြောမျှင်လေးတွေလည်း ပျက်စီးလွယ်ပါတယ်။ မကြာခဏ ဓာတ်မတည့်မှု ဖြစ်တတ်ပြီး အနီကွက်၊ အင်ပြင်များ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အလွန်ဂရုစိုက်ရမှာပါ။ အပြင်းစား အလှကုန်တွေ၊ ဓာတုပစ္စည်းတွေနဲ့ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခြင်းတွေ ကိုရှောင်ကြဉ်ရပါမယ်။ သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ အလှကုန်များနဲ့ ထိခိုက်လွယ်သော အသားအရေအတွက် ထုတ်လုပ်ထားတဲ့ အလှကုန်များကိုသာ ရွေးချယ်သုံးစွဲပါ။
Posted by ဆူးအေမီ on 7:55 AM in | No comments
အစားအသောက်တွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သလို အိပ်စက်မှုကို နှောင့်ယှက်တဲ့ အစားအသောက်တွေလည်း ရှိနေပါတယ်။
ထရစ်တိုဖန် ကြွယ်ဝသော အစားအစာ
နွားနို့ ပူပူနွေးနွေး တစ်ခွက်က သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အိပ်စက်မှုကို ကောင်းစေတဲ့ ထရစ်တိုဖန် (Tryptophan) ပါဝင်တာကြောင့်ပါ။ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် အစေ့အဆန်၊ ငှက်ပျောသီး၊ ပျားရည်နဲ့ ဥအမျိုးမျိုးတွေမှာလည်း ထရစ်တိုဖန်များစွာ ပါဝင်တာကြောင့် အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။
ကာဗိုဟိုက်ဒရိတ် စားပါ
ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်တဲ့ အစားအစာတွေက အိပ်ပျော်စေတဲ့ ထရစ်တို ဖန်တွေကို သွေးထဲမှာ များပြားအောင် လုပ်ဆောင်ပေးပါတယ်။ နို့၊ ကွေကာ၊ ဒိန်ချဉ်၊ ပေါင်မုန့်၊ ချိစ် စတဲ့ အစာတစ်ခုခုကို မအိပ်ခင်မှာ အနည်းငယ် စားပေးတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
အိပ်ချိန်မှာ သရေစာ အနည်းငယ်စားပါ
သင်ဟာ တစ်ခါတစ်ရံမှာ အိပ်စက်မရဘဲ မျက်စိကြောင်နေတာမျိုး ကြုံတွေ့နိုင်ပါတယ်။ သရေစာ အနည်းငယ် စားပေးတာက အိပ်ပျော်သွားစေပါတယ်။ သင့်အိမ်မှာ သရေစာမုန့် အနည်းငယ် ဆောင်ထားဖို့တော့ လိုပါတယ်။ ဗိုက်ပြည့်တင်းအောင်တော့ မစားမိပါစေနဲ့။
ဘာဂါနှင့် ဆီကြော်စာများကို ရှောင်ပါ
အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။ လေ့လာမှုအရ အဆီများတဲ့ အစားအစာတွေ စားသုံးမှုက ကိုယ်အလေးချိန်ကို တက်စေပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေတာကို တွေ့ရပါတယ်။
ညနေခင်းတွင် ကော်ဖီမသောက်ပါနှင့်
ညနေဘက်မှာ ကော်ဖီသောက်တာက အိပ်စက်မှုကို သိသိသာသာ နှောင့်ယှက်နိုင်ပါတယ်။ ကော်ဖီအပြင် ကက်ဖင်းဓာတ်ပါတဲ့ ချောကလက်၊ ကိုလာ၊ လက်ဖက်ရည်နဲ့ ကက်ဖင်းဓာတ် ဖယ်ထားတဲ့ ကော်ဖီ သောက်သုံးမှုတွေကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေဖို့ အိပ်ရာမဝင်မီ လေးနာရီကနေ ခြောက်နာရီအတွင်း ကက်ဖင်း ပါတာတွေကို မသောက်မိပါစေနဲ့။
ကက်ဖင်းဓာတ်ပါသော ဆေးများကို ရှောင်ပါ
Posted by ဆူးအေမီ on 6:50 AM in | No comments
Android Phone Root လုပ်ခြင်း
 Root ဆိုတာ (တူးဖေါ်တာ)။ဖုန်းထဲမှာရှိနေတဲ့ Apps တွေကိုသုံးလို့ရအောင် ဖေါ်ထုတ်ပေးတာပါဘဲ။
Root လုပ်နည်းအဆင့်ဆင့်
၁။ကွန်ပြူတာဖြင့် Superoneclick.zip ကိုဒေါင်းလုပ်ယူပါ။စက်ထဲမှာဘဲ Extract လုပ်ထားပါ။
၂။extract လုပ်ထားပြီး superoneclick ကိုဖွင်လိုက်ပါ။ဘောက်တခုတက်လာရင် Donate
Later ကိုနှိပ်ပါ။
၃။Root လုပ်မဲ့ Android ဖုန်းကို usb cable ဖြင့် ကွန်ပြူတာနဲ့ချိတ်ဆက်ပါ။
  ဖုန်းရဲ့ Menu>Setting>Application>Development  မှာ USB Debugging ကိုအမှန်ခြစ်ပေးပါ။
နောက် Menu> setting> SD Card & Phone Storage ကိုဝင်ပြီး unmount ဟုတ်မဟုတ်စစ်ပါ။
  ၄။ဖုန်းကို Volume Down နဲ့ Home Buttom ကို၁၀-စက္ကန်မျှ နှိပ်ထားပါ။Warning လို့တက်လာရင်
Volume Up နဲ့ Enter Download Mode ကိုဝင်ပါ။
၅။ဖုန်းကအသင့်ဖြစ်ရင် ကွန်ပြူတာမှာဖွင့်ထားတဲ့ superoneclick ဘောက်မှ Root ကိုကလစ်ပေးပါ။
Message တခုခုတက်လာလျှင် Ok ဘဲနှိပ်ပါ။
Posted by ဆူးအေမီ on 6:43 AM in | No comments
ဆော့ဝဲကို အင်စတောလုပ်ပီးရင် မသုံးပါနဲ့  ပိတ်ထားလိုက်ပါ
Crack ဖိုင်ကို Copy ယူပါ ။ Local Disck C = Programs ဖိုင်ကိုရှာ
Programs Folder ထဲဝင်ရင် Wondarshare Folder ထဲကိုဝင်လိုက်
Copy ယူလာတဲ့ Crack ဖိုင်ကို ချလိုက်ရင်ရပီ
Window 7 သမားဆို စာတန်းတစ်ခုပေါ်လာမယ် Copy &Replace ယူ
Copy ယူဖို့ အတွက် Rar ဖိုင်ကို Right Click ထောက် Extract Here နဲ့ ဖြေ
Sunday, February 10, 2013
Posted by ဆူးအေမီ on 12:14 AM in | 4 comments
ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ
မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း
အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး
ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင်
ဖော်ပြလိုက်ရပါတယ်။
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ
ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့ Password ကို တောင်းပြီး
အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ စစ်တာတွေ
လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက
အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊
ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့
ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေးနဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ
နောက်ဆုံး account ကို လုံးဝ မသုံး တော့ချိန်ထိ အားလုံး သိအောင်
လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ
ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။
Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို
တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို
တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။
sAi MiN Oo 6 days ago
ActivityRank: 414
http://sofialay.blogspot.com/2010/01/gmail-back-up.html
မှကူးယူဖော်ပြမျှဝေပါသည်။
ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ
မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက် လည်း
အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး
ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင်
ဖော်ပြလိုက်ရပါတယ်။
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ
ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့ Password ကို တောင်းပြီး
အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ စစ်တာတွေ
လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက
အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊
ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့
ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး
နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ
နောက်ဆုံး account ကို လုံးဝ မသုံး တော့ချိန်ထိ အားလုံး သိအောင်
လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ
ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။
Email ကို Back up လုပ်တဲ့ စနစ်လေးပါ။
အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို
တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့အလိုလို
တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ရပါတယ်။
ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့
သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ
ကိုယ့် ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email address password
ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ
ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com
က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့
Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက
ကိုယ့်ထဲကို Verification code ပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail
ကိုလဲ အဲ့ဒီ မသမာသူ တစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင်
ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ
ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို
download ချနေမှာပါ။
ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို
သတိပြုနိုင်စေဖို့နဲ့ (၃) ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ
လုပ်နိုင်ဖို့ အတွက်ပါ။
သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့ မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail အသစ်တစ်ခု လုပ်ပါ။
ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။
1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။
5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။
6. Next Step ကို click ပါ။
7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင်
အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
9. Next Step ကို ဆက်သွားပါ။
-
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification botton ကို click ပါ။
12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။
Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့)
span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။
13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။
နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။ အားလုံးပဲ မှန်ကန်စွာအသုံးချနိုင်ကြပါစေ။
မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း အသိနောက်ကျသွားလို့
ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ
ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက်
ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က
ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ
ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ
ပါသွားတာကို တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့
ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား
ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့်
ပြည့်စုံကြပါစေ။
Posted by ဆူးအေမီ on 12:09 AM in | No comments
အခုတလော Website တွေအပြင် Gmail , facebook account တွေပါ hacking လုပ်ခံရတာတွေ များလာတာ တွေ့နေရပါတယ်.. မကြာသေးခင်က နာမည်ကြီး ဂျာနယ်တစ်စောင်ရဲ့ facebook account အဟက် ခံလိုက်ရပါတယ်.. Gmail ကနေဝင်ပြီး ဟက်သွားတယ်လို့ ထင်ပါတယ်.. ဆက်ပြီးတော့လဲ နာမည်ကြီး account တွေ ဟက်မယ်လို့ ထင်ရပါတယ်.. facebook account ကို ဟက်သွားတာဟာ Gmail ကဝင်ဟက်သွားတာ ဖြစ်လို့ Gmail ကို ပိုပြီး စိတ်ချရအောင် လုပ် ဖို့လိုပါတယ်။ 
ပိုပြီး စိတ်ချရအောင် Gmail က 2-Setup Verification ဆိုနဲ့ feature ထက်ပြီး ထည့်သွင်းလိုက်ပါတယ်..  2-Setup Verification setup လုပ်ထားလိုက်ရင် နဲ့ အရင်လို login ID password ပဲ ရိုက်ထည့်ရုံနဲ့ မရ တော့ပါဘူး။ Gmail ဝင်တာနဲ့ Google က ဖုံးခေါ်ပြီး ဖုံးကိုနားထောင်ပြီး သူပြောတဲ့ CODE ကို ထည့်ပြီး verify လုပ် ဝင်ရမှာ ဖြစ် ပါတယ်။ ဒီတော့ တခြားသူက ကိုယ့် password ကို သိလို့ ဝင်တယ်ဆိုရင်တောင် ဖုံးမရှိရင် ဘယ်လိုမှ ဆက်ဝင်လို့မရတဲ့ အတွက် စိတ်တော်တော် ချရမှာ ပါ။
အဲဒီမှာ ပြောစရာရှိတာက Google က ဖုံးတကယ်ခေါ်လားဆိုတော့ ခေါ်ပါတယ်.. setup လုပ်တာနဲ့ကို ခေါ်ပါတယ်.. ဒါပေမယ့် ဝင်တိုင်း သူဖုံးခေါ်နေတာ က စိတ်ချလို့မရပါဘူး အဲဒီတော့ ဖုံးခေါ်တာ စောင့်မယ့်အစား Google Authenticator ဆိုတဲ့ software လေးကို ထည့်ထားလိုက်ရင် ဖုံးအခေါ်လဲ စောင့်စရာ မလိုဘူး software က verification code ကို အလိုလို ထုတ်ပေးတဲ့ အတွက် ပိုအဆင်ပြေတာ တွေ့ရပါတယ်။
အောက်မှာ ဖော်ပြထားတာကတော့ မိမိ Gmail ကို ပိုပြီး စိတ်ချရအောင်  2-Setup Verification setup လုပ်နည်းနဲ့ Google Authenticator ကို ဘယ်လိုသုံး မယ်ဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။
Posted by : မောင်လှ http://blog.mghla.net
ဒီ Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်…) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။
ကျွန်တော်တို့ရဲ့ Gmail Account များကို ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင် ပြောင်းကြရအောင်ပါ… အဲဒီလို ပြောင်းဖို့ အတွက် ဘာတွေလိုအပ်မလဲဆိုတော့
  1. Google Authenticator အင်စတော လုပ်ထားတဲ့ Android/iPhone/Blackberry handset (၁)လုံး၊
  2. Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း၊
  3. ကွန်ပျူတာ၊ အင်တာနက် တွေလိုအပ်ပါတယ်…
ကျွန်တော်တို့ အခုလုပ်မယ့်ဟာကို Gmail မှာ 2-Setup Verification လို့ google က သုံးနှုန်းပါတယ်…
1. ကွန်ပျူတာကနေ Gmail ထဲကို ဝင်လိုက်ပါ။ mail စစ်လို့ရ၊ ပို့လို့ရတဲ့ နေရာကို ရောက်ပြီဆိုရင် screen ရဲ့ ညာဘက် အပေါ်ထောင့်က email လိပ်စာပေါ် click လုပ်ပြီး ပေါ်လာတဲ့ pop up menu ထဲက Account ကို click လုပ်။
2. ပေါ်လာတဲ့ Accounts page ထဲက Security ကို click နှိပ်ပါ။
3. 2-step verification Status: OFF ရဲ့ ညာဘက်က Edit ကို click နှိပ်ပါ။
4. အောက်မှာပြထားတဲ့ ပုံအတိုင်း Signing in with 2-step verification screen ထဲက Start setup ကို နှိပ်ပါ။
5. Set up your phone အဆင့်မှာ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း နံပါတ်ကို ရိုက်ထည့်ပေးပါ။ ကျွန်တော်တို့  ပြည်တွင်းမှာသုံးနေတဲ့ ဖုန်းတွေက  နိုင်ငံခြားက ပို့တဲ့   sms လက်ခံလို့ မရသေးတဲ့အတွက် Voice Call   ကို ရွေးပြီး Send code ကို နှိပ်ပါ။
6. Verify your phone အဆင့်မှာတော့ Google က ပို့လာတဲ့ sms (သို့မဟုတ်) ဖုန်းကပြောလိုက်တဲ့ နံပါတ် 6-လုံးကို ထည့်ပြီး Verify ကို နှိပ်ပါ။
7. Trust this computer အဆင့်မှာတော့ အခု ကျွန်တော်တို့ လုပ်နေတဲ့ ကွန်ပျူတာက ကိုယ်ပိုင်သုံး ကွန်ပျူတာ ဖြစ်ရင်တော့ Trust this computer ကို အမှန်ခြစ် ခြစ်ပါ။ Username, Password သိရုံနဲ့ ဝင်ခွင့်မပြုချင်ရင်တော့ Trust this computer က အမှန်ခြစ်ကို ဖြုတ်ပါ။ Gmail ကတော့ အခုလုပ်နေတာ ကိုယ်ပိုင် ကွန်ပျူတာ ဖြစ်မယ်ဆိုရင်တော့ Trust this computer ကို အမှန်ခြစ်ခိုင်းပါတယ်။ ဒီအဆင့်မှာ Trust this computer ကို အမှန်ခြစ်ခဲ့ရင် အခု setting ချနေတဲ့ ကွန်ပျူတာသုံးတဲ့ browser မှာဆိုရင် Gmail login ဎင်ရင် ပုံမှန် အတိုင်း Username + Password ၂-ခုနဲ့ပဲ login ဝင်လို့ရမှာပါ။
8. ဒီ Confirm အဆင့်မှာတော့ 2-setup verification ကို တကယ်အသုံးပြုမယ်ဆိုရင်တော့ ကို တကယ်အသုံးပြုမယ်ဆိုရင်တော့ Confirm ကို နှိပ်ပါ။
9. ဒီအဆင့်မှာ ပထမဆုံး ကျွန်တော်တို့ လုပ်ထားရမှာက Google Authenticator သုံးတဲ့ ဖုန်းပျောက်ခဲ့သည်ရှိသော် Gmail ကို ဆက်လက်သုံးနိုင်အောင် Show backup codes ကို နှိပ်ပြီး ပေါ်လာတဲ့ codes တွေကို သိမ်းထားပါ။
ကျွန်တော်တို့ Gmail login အတွက် verification code ထုတ်ပေးမယ့် အခါသုံးမယ့် ဖုန်း အမျိုးအစား Android – iPhone – BlackBerry ထဲက တစ်ခုခုကို ရွေးပါ။
ကျွန်တော်က Android ဖုန်းအမျိုးစားကို ရွေးလိုက်ပါတယ်။
10. ကွန်ပျူတာ screen မှာ အောက်မှာ ဖော်ပြထားတဲ့ ပုံမျိုးပေါ်လာပြီဆိုရင် Google Authenticator app ထည့်ထားတဲ့ ဖုန်းကိုပါ လက်က ကိုင်ထားပါ။ :D ဒီအဆင့်ကို ကျွန်တော်တို့ ပြန်လာကြည့်ရပါဈးမယ်။ ဒီအောက်က ပုံကို မှတ်ထားကြပါ။
11.Google Authenticator App  ထည့်သွင်းထားတဲ့ ဖုန်းမှာ Google Authenticator app ကို ဖွင့်ပါ။ ကျွန်တော့် Android ဖုန်းမှာတော့ အောက်က ပုံစံ အတိုင်း မြင်ရပါတယ်။ အဲဒီထဲက Scan a barcode ကို လက်နဲ့ တို့ထိလိုက်ပါ။ ကင်မရာရိုက်သလို လေးထောင့်ကွက် ပေါ်လာရင် ကွန်ပျူတာ screen မှာ ပေါ်နေတဲ့ အဆင့် (၁ဝ) က ပုံမှာ အနီနဲ့ ဝိုင်း ပြထားတဲ့  လေးထောင့်ကွက်ကြီး နေရာက ပုံစံမျိုး (QR Code)ကို ချိန်လိုက်ပါ။
12. ဖုန်းပေါ်မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်း ကျွန်တော်တို့ setup လုပ်နေတဲ့ Gmail လိပ်စာနဲ့ ဂဏန်း ၆-လုံးပါ code ကို ဖော်ပြပေးပါလိမ့်မယ်။ ဒီ code ၆-လုံးကို အဆင့် (၁ဝ)က ပုံမှာ ပြထားတဲ့ အတိုင်း ပေါ်နေတဲ့ ကွန်ပျူတာ screen ထဲက Code: ဆိုတဲ့ နေရာမှာ ထည့်ပြီး Verify and Save ကို နှိပ်ပါ။
13. Google Authenticator setup successful တဲ့။ OK ကို နှိပ်ပါ။  ကျွန်တော်တို့ရဲ့ Gmail ကို login ဝင်မယ်ဆိုရင် Username နဲ့ Password  သိရုံနဲ့ ဝင်လို့မရတော့ပါဘူး။ Google Authenticator app ထည့်ထားတဲ့ အခု ကျွန်တော်တို့ setup လုပ်ခဲ့တဲ့ ဖုန်းပါ ရှိမှ ဝင်လို့ရပါတော့မယ်။
14. ကျွန်တော်တို့ Google Authenticator အလုပ်လုပ်တာ စမ်းကြည့်ရအောင်ပါ။ အခု သုံးလက်စ browser မဟုတ်တဲ့ နောက်ထပ် browser တစ်ခုကို ဖွင့်ပြီး  စမ်းကြည့်ရအောင်ပါ။ https://mail.google.com ကို ရိုက်ထည့်ပါ။ ပုံမှန်အတိုင်း Username နဲ့ Password တောင်းပါတယ်။ Sign In ကိုနှိပ်လိုက်ပါ။
15. ပုံမှန်အတိုင်းမဟုတ်ဘဲ လာပါပြီ။ 2-step verification ဆိုတဲ့ screen ပေါ်လာပါပြီ။ Enter code မှာ code နံပါတ်တွေ မှန်အောင် ရိုက်ထည့်မှသာ ကျွန်တော်တို့ရဲ့ Gmail ထဲကို ဝင်ရောက်နိုင်တော့မှာပါ။ အဲဒီ code ကို ဘယ်က ယူမလဲဆိုတော့ ခုနက ကျွန်တော်တို့ setup လုပ်ခဲ့တဲ့ ဖုန်းပေါ်က Google Authenticator ကိုဖွင့်ပါ။ အဲဒီမှာ အခုဝင်ရောက်တဲ့ Gmail လိပ်စာနဲ့ ကပ်ရပ်မှာ ပေါ်နေတဲ့ ဂဏန်းတွေကို Enter code မှာရိုက်ထည့်ပါ။ Verify ကို နှိပ်လိုက်ရင်တော့ Gmail ထဲကို ဝင်ရောက် သွားမှာပါ။အခုသုံးနေတဲ့ ကွန်ပျူတာ+browser မှာ ဒီကုဒ်ကို နောက်ထပ် ဝင်တိုင်း ဝင်တိုင်း ထပ်မရိုက်ချင်ရင်တော့ Trust this computer ကို အမှန်ခြစ် ခြစ်ပါ။
ဖုန်းပေါ်ရှိ Google Authenticator တွင် Verify code ထုတ်ပေးပုံ ယင်း verify code သည် တစ်မီနစ်ကို တစ်မျိုးပြောင်းသည်။
ဖုန်းတစ်လုံးပေါ်မှာ Google Authenticator နဲ့ Verify Code ထုတ်ဖို့ အတွက် Gmail Account တစ်ခုထက်မက setup လုပ်ထားနိုင်ပါတယ်။
iPhone ပေါ်က Google Authenticator မှာ Google Account တွေ setup လုပ်ထားတာပါ။
Credit : မောင်လှ http://blog.mghla.net
_______________________________________________
Google Authenticator
Download here LINK1LINK2 
QR CODE for download link
Download Link 1
Download Link2
Search Our Site