Ads

ကြော်ငြာ

Sunday, March 31, 2013

Posted by ဆူးအေမီ on 6:56 AM in | No comments


ကဲ ဘော်ဒါ တို့ေ၇.......ဘယ်လို့လဲ နော်  ......
 
လန်းလန်းဆန်းဆန်း သင်္ကြန်ပွဲ GRAND ROYAL နဲ့ ဆင်နွှဲ
FREE SHOW
ref; http://www.facebook.com/pages/Myanmar-Model-Agency/178685872265763?ref=stream
Posted by ဆူးအေမီ on 6:50 AM in | No comments

Exchange Rate in Myanmar ( ရွှေဈေး၊ ငွေဈေး၊ မြန်မာ့ဈေး )

မြန်မာနိုင်ငံအတွင်းမှာ တနေ့တာ လည်ပတ်နေတဲ့ ရွှေဈေး၊ ငွေဈေး အပြင် ကမ္ဘာ့ရွှေဈေး၊ တို့ကို Gtalk တွင် Bolt တစ်ခုအဖြစ် ထည့်သွင်းကြည့်ရှုနိုင်ပါပြီ။

Gtalk တွင် Add လုပ်ထားရမည့် Bolt Address မှာ - ( myanmar.exchange@gmail.com, myanmar.exchange.25@gmail.com ) တို့ဖြစ်ပါတယ်။ မကြာသော အချိန်အတွင်းမှာဘဲ Accepted ဖြစ်သွားပါမယ်။

Myanmar.Exchange Bolt တွင် ဤသို့မေးမြန်းနိုင်ပါသည်။

" FEC " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ FEC ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" USD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ US Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" SGD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ Singapore Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" exchange " လို့ ရိုက်ထည့်ပါက မြန်မာနိုင်ငံအတွင်းရှိ ( FEC, USD, SGD, CNY, INR, THB, MYR ) စသည်တို့၏ တနေ့တာ Exchange Rate တွေကို မြန်မာ ကျပ်ငွေဖြင့် ဖော်ပြပေးမှာပါ။
Posted by ဆူးအေမီ on 6:46 AM in | No comments

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။
Photo: ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်
မတ်လ ၃၁ ရက် ၂၀၁၃

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက်
ကုန်များကရင်သားကင်ဆာအပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှကင်ဆာကာ
ကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချိုကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။

Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်းဆောင်တာကို ပြောင်းလဲသွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်းတစ်မျိုးကို လှုံ့ဆော်ပေးသည့်အပြင် ပန်ကရိယဆဲလ်များမှ အင်ဆူလင်ထုတ်မှုအား လည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေးထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
Health Updates Journal

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက်
ကုန်များကရင်သားကင်ဆာအပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှကင်ဆာကာ
ကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Posted by ဆူးအေမီ on 6:38 AM in | No comments

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွှေလုပ်ငန်းဆောင် ရွက်နေကြသော ဒေသခံများထံမှ 
မတ်လ(၂၉)ရက်နေ့တွင် KIAအဖွဲ့မှ ကချင်စစ်ဘေးဒုက္ခသည်များ အတွက်ဟု  ခေါင်းစဉ်ပြု
ကာ ငွေကြေးကောက်ခံသွားခဲ့ကြောင်းသိရသည်။

KIA တပ်မဟာ(၃)လက်အောက်ခံ လမိုက်ယန်တိုက်နယ်မှူးနှင့် အဖွဲ့ဝင်(၅)ဦးခန့်သည် မတ်လ(၂၉) ရက်နေ့နေ့လည်ပိုင်းတွင် ရွှေကူမြို့နယ်၊ ပလင်ကျေးရွာ အနီးတစ်ဝိုက်ရှိ ရွှေလုပ်ငန်းရှင် များထံသို့
ရောက် ရှိလာခဲ့ပြီး ရွှေကျင်း တစ်ကျင်းလျှင် (၁)သိန်းကျပ်နှုန်း တောင်းယူသွား ခဲ့ကြောင်း သိရသည်။
Posted by ဆူးအေမီ on 6:27 AM in | No comments
လက်ကိုင် ဖုန်းသေနတ်များ ပေါ်ပေါက်နေသဖြင့် လေ ဆိပ်နှင့် သင်္ဘောဆိပ်များတွင် စနစ်တကျ စစ်ဆေးအရေး ယူ ဆောင်ရွက် သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြား ထားကြောင်း သိရသည်။


ပြီးခဲ့သည့် ဧပြီလမှစ၍ လက်ကိုင်ဖုန်းသေနတ်များ ပေါ်ပေါက် နေကြောင်းသတင်းရရှိသဖြင့် လေ ဆိပ် နှင့်သင်္ဘောဆိပ်ရှိ နိုင်ငံခြား အဝင်အထွက်ဂိတ်များတွင် စနစ်တကျရှာဖွေစစ်ဆေးရန်လေကြောင်း ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာ ဏာပိုင်သို့ အကြောင်းကြားထား ကြောင်း သိရ သည်။

” ပြည်ပအဝင် အထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိ တော့လက်ကိုင်ဖုန်းသေနတ်တွေ တော့ ဖမ်းမိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ် စစ်ရတာ။

နည်းပညာရော ပစ္စည်းပါတိုးတက်လာတဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန်စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကိုရောက်မလာနိုင်ပါဘူး ”ဟု လေဆိပ်ရှိ စစ် ဆေးရေး အရာရှိ တစ်ဦး ကဆိုသည်။

ရန်ကုန်တိုင်း ဒေသ ကြီးအတွင်း တွင် လေဆိပ်၊ ရေဆိပ်များသာ မက မြို့တွင်း ကား လမ်းကြောများ တွင်လည်း ရှောင်တခင် ရှာဖွေစစ် ဆေးခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဓား၊ စကေ ဘာ၊ နံချပ်ကူစသည့် လူကိုအန္တ ရာယ် ဖြစ်စေ နိုင်သော ကိရိယာများ ကိုင်ဆောင်ခြင်းရှိ၊ မရှိအသေးစိတ် စစ်ဆေးလျက်ရှိ ကြောင်း၊ ယင်းကဲ့ သို့ ပစ္စည်းများ တွေ့ရှိပါက လက် နက်ဥပဒေအရ ထိရောက်စွာအရေး ယူရန်စီမံချက် ချထားကြောင်း သိရသည်။

ref; မြန်မာ့ သားကောင်း
 

Search Our Site