ဒီလိုရထားပေါ်ကနေအဲဒီကလေးကိုရထားသွားနေတုံးအိမ်သာထဲမှာမွေးပြီး
အပေါက်ထဲကနေအောက်ကိုပြုတ်ကျသွားခဲ့ တာလေ...
မီးရထားတစ်စင်း၏အိမ်သာအတွင်းတွင်ဖွားမြင်ခဲ့ သောမွေးကင်းစကလေးငယ်လေးဟာအဆိုပါရ
ထားအိမ်သာအိုးအပေါက်အတွင်းမှအောက်သို့ ပြုတ်ကျခဲ့ ပြီးမီးရထားလမ်းပေါ်တွင်ကျန်ရစ်ခဲ့ ကာ
အံ့ သြထူးဆန်းဖွယ်အသက်ရှင်ခဲ့ ကြောင်းသိရှိ၇ပါသည်...
အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂေါပြည်နယ် Tata-Chapra အမြန်ရထား ရထားစီးခရီးသည်များဟာ
ရထားအရှိန်ဖြင့် ခုတ်မောင်းနေစဉ်အသက် ၂၈ နှစ်အရွယ်ရှိ Rinku Debi Ray အမည်ရှိအမျိုး
သမီးတစ်ဦး ရထားပေါ်မှခုန်ချသွားတဲ့ အခါ ကိုယ့် ကိုယ်ကိုသေကြောင်းကြံစည်သည်ဟုယူဆ
ကာမီး၇ထား အရေးပေါ်ခလုတ်ကိုဆွဲချကာရထားကိုရပ်တန့် စေခဲ့ ကြသည်...
အရှိန်ဖြင့် မောင်းနေသောကြောင့် တစ်မိုင်ကျော်ခန့် အကွာတွင်ရထားရပ်တန့် သွားသောအခါ
ထိုအမျိုးသမီးခုန်ချသွားသောနေရာသို့ သွားရောက်ကြည့် ရှုကြသောခရီးသည်များမှာ သူမ
မွေးထုတ်ပြီးရထားပေါ်မှပြုတ်ကျခဲ့ သော မွေးကင်းစကလေးငယ်ကိုထွေးပွေ့ ထားသော အဆို
ပါအမျိုးသမီးငယ်ကိုတွေ့ လိုက်ကြရလေသည်...
သူမဟာ ဘီဟာပြည်နယ်ရှိသူမရဲ့ မိဘများရဲ့ နေအိမ်ကိုပြန်ဖို့ ခရီးထွက်ခဲ့ တာဖြစ်ကြောင်း...ယခုမွေး
ဖွားခဲ့ သောသူမရဲ့ ဒုတိယမြောက်ရင်သွေးကို ထိုမိဘများအိမ်မှာမွေးဖွားဖို့ စီစဉ်ခဲ့ တာဖြစ်ကြောင်း၊
ယခုသူမနှင့် အတူ သူမ၏ခင်ပွင်းဖြစ်သူ Bhola နှင့် အသက်လေးနှစ်အရွယ်သမီးလေး လည်းပါ
ကြောင်း...ရထားဖြင့် ခရီးသွားခိုက်ရုတ်တရက် ဗိုက်လာနာတာဖြစ်ကြောင်းဖြင့် ကလေးကိုမွေး
ဖွားခဲ့ သူ Ms Ray ကရှင်းပြခဲ့ ပါသည်...
သူမဟာရိုးရိုးဗိုက်နာတာထင်လို့ ဝမ်းသွားရန် မီးရထားတွဲ၏အိမ်သာသို့ သွားရောက်ခဲ့ ပါသည်...
သို့ သော်မထင်မှတ်ပဲ ရုတ်တစ်ရက်ကလေးမွေးခဲ့ ရသည်ဟုဆိုပါသည်...ကလေးဟာရထားရဲ့ 
အိမ်သာအိုးထဲကနေတစ်ဆင့် ရထားလမ်းပေါ်ကိုအရှိန်နဲ့ သွားနေတဲ့ ရထားပေါ်ကနေကျသွား
ခဲ့ တာပါ...မိခင်ဖြစ်သူဟာလည်းအိမ်သာထဲမှအမြန်ပြေးထွက်ကာရထားတွဲမှခုန်ချကာ သူမ
ရဲ့ ရင်သွေးကိုလိုက်ရှာခဲ့ ခြင်းဖြစ်သည်...
ရထားရဲ့ အရေးပေါ်ခလုတ်ကိုဆွဲနှိပ်ခဲ့ သူ ၊သူမရဲ့ ခင်ပွန်းနဲ့ တစ်ခြားသူမရထားပေါ်ကနေခုန်ချခဲ့ တာ
ကိုတွေ့ မြင်လိုက်သူများက သူမဟာခုန်ချပြီးချင်းလဲကျ၊ဒဏ်ရာရခဲ့ ကြောင်း၊ ဒါပေမယ့် ချက်ချင်းပဲ
ထရပ်ကာကလေးပြုတ်ကျခဲ့ တဲ့ နေရာကိုအပြေးသွားခဲ့ တယ်လို့ ဆိုပါတယ် ...( သြော် မိခင်မေတ္တာ
တရားများ...ဘယ်လောက်ကြီးမားသလဲဆိုတာ....)
ကလေးပြုတ်ကျတဲ့ နေရကနေတစ်မိုင်ကျော်အကွာမှာ ရထားရပ်လိုက်တော့  သူမခင်ပွန်း Mr Roy
နဲ့ တစ်ခြားခရီးသည်တွေဟာသူမကို လိုက်ရှာကြပါတယ်...
” တစ်နာရီကျော်လောက်ရှာအပြီးမှာတော့  ကျွန်တော့် ဇနီး Rinku ကို ရထားလမ်းနဘေးမှာကလေး
ကိုထွေးပိုက်ပြီးတော့ ထိုင်နေတာတွေ့ ကြရပါတယ် ....” လို့ အသက် ၃၃ နှစ်ရှိခင်ပွန်းဖြစ်သူ၊ အ
နောက်ဘင်္ဂေါပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Bhola Roy ကပြောဆိုခဲ့ ပါသည်...
သူ့ ရဲ့ ဇနီးနဲ့ မွေးစကလေးငယ်တို့ ကို Purelia ဒေသန္တရဆေးရုံကို ပို့ ဆောင်ခဲ့ ပြီးယခုတော့  မိခင်
ရော ကလေးပါဒဏ်ရာများမှ ပြန်လည်ပျောက်ကင်းကျန်းမာလာနေပြီးဖြစ်ပါသည်။
ရထားဘူတာရုံပိုင်ရှင်ကတော့ အဆိုပါကလေးငယ်အသက်မသေပဲ ရှင်ကျန်နေနိုင်တာကိုက တစ်
ကယ့် ကိုအံ့ ဖွယ်ထူးဆန်းတာပါပဲလို့ ဆိုလိုက်ပါသည်...
သြော်...
သေကံမရောက်သက်မပျောက် ...ကလေးငယ်နဲ့ ...အနန္တကျေးဇူရှင်မိခင်မေတ္တာတို့ ပါပဲ...
ဒါကတော့ အင်္ဂလိပ်လိုမူရင်းပါ...
A baby delivered in a train lavatory has survived tumbling down through the bottom of the carriage and onto the tracks.
Passengers
on the West Bengal Tata-Chapra Express raised the alarm when they
saw Rinku Debi Ray, 28, jump from the speeding carriage in what they
believed was a suicide attempt.
The train came to a halt more than a mile down the track, but when
passengers ran back to help her, they discovered the new mother
cradling her new baby in her arms.
Mrs Ray later explained she had been travelling to her parents home in
Bihar, where she was planning to deliver her second child, with her
husband Bhola and their four-year-old daughter, when she felt sharp
pains in her abdomen.
She went into the lavatory hoping to relieve the pain, but instead
suddenly gave birth. The baby fell into the lavatory bowl and through
the flap onto the tracks under the speeding train, and her mother
quickly ran out of the lavatory and jumped from the carriage to find
the child.
Her husband, who pulled the emergency cord, and other passengers who saw
her jump, said she injured herself in her leap, but managed to get
up and start running back to where the child tumbled onto the track.
When the train came to a halt just over a mile down the line, Mr Roy and
other passengers began searching for them. "We got off the train and
started looking for my wife. After an hour we found Rinku sitting
beside the track with the baby in her lap," said Bhola Roy, a 33 year
old businessman from Rourkela, West Bengal.
His wife and new baby were transferred to Purelia district hospital
where both are now recovering from their ordeal, while the railway
station manager said the baby's survival was a "miracle".