Ads

ကြော်ငြာ

Sunday, April 7, 2013

Posted by ဆူးအေမီ on 9:51 PM in | No comments

သတင်းအပြည့်အစုံ ဖတ်၇န် နှိပ်ပါ...


ကရင် အမျိုးသား အစည်း အရုံး KNU အဖွဲ့၏ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်သည် ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်တိမ်း မှောက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒုဥက္ကဌနှင့်ယာဉ်မောင်းအပါအ၀င် စီနင်းလိုက်ပါလာသူများ ၇ ဦး ဒဏ်ရာရ ရှိခဲ့ကြသည့်နက်  ဒုဥက္ကဌမှာ ဘယ်ဘက်လက်ကျိုးပြီး ညာဘက်နံရီုးအချို့လည်းကျိုးသွားခဲ့သည်။

ဒဏ်ရာပြင်းထန်သည့်ကျန်အမျိုးသမီး ၂ ဦးအနက်တဦးမှာ ဘယ်ခြေကျိုးသွားကာ ကျန်တဦးမှာခြေ ၂ဘက် စလုံး ကျိုးသွားခဲ့သည်။ ယာဉ်မောင်းအပါအ၀င်ကျန်လူများမှာ ဒဏ်ရာပြင်ထန်မှုမရှိကြောင်းသိရှိရပြီး ၎င်း မော်တော်ယာဉ်မှာ ထိုင်း-မြန်မာနယ်စပ်မယ်လမတ်မြို့နယ်ရှိ ကနဲကျုအရပ်ရှိ ကားလမ်းမှ တဆင့် ချောက် ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများသည် မဲဆောက်ဆေးရုံကြီးတွင်ဆေးဝါး ကုသမှုခံယူလျှက်ရှိပြီး ချောက်ထဲမှ ကားကိုပြန် လည် ထုတ်ယူနိုင်ခြင်းမရှိသေးဘဲ ၎င်းယာဉ်မတော်တဆမှုကို ဒေသ အပိုင်ရဲ ဌာနမှ အရေးယူထားသည်။

KNU ဒုဥက္ကဌနှင့်အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၂၁ အခြေစိုက်ရာ ခလယ့်ဒေးတပ်စခန်းတွင် ယမန်နေ့က ပြုလုပ်သည် ၂၈ နှစ်မြောက် ကရင် အမျိုးသမီး အစည်းအရုံး KWO ၏ နှစ်ပတ်လည်အခမ်းအနားမှအပြန်တွင် ယာဉ်တိမ်းမောက်မှုဖြစ်ပွားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်ရာနေရာသည် မဲဆောက်မြို့၏မြောက်ဘက်ကီလိုမီတာ ၅၀ခန့်တွင်ဖြစ်ပြီး မယ်လမတ်မြို့နယ်  နှင့် ထာ့ဆောင်ယမ်းမြို့နယ် အစပ်တွင်တည်ရှိသည်။

နောက်ဆုံးရရှိသည့်သတင်းအရယာဉ်မောင်းဖြစ်သူစောအယ်မူးသည်နံရိုး၃ ချောင်းကျိုးသွားပြီးမဲဆောက် ဆေးရုံကြီးတွင်   ဆေးကုသမှုခံယူလျှက်ရှိသည်။

0 comments:

Search Our Site