တွေးစရာ-
(၁) အာဒံဆိုသည်မှာ တစ်ဦးတစ်ယောက် တည်း မဟုတ်ကြောင်း- ကမ္ဘာဦး ၅း၂-၃။
(၂) ယေရှု တစ်ပါးတည်းကိုသာ ခရစ်တော်ဟု ခေါ်ခြင်း မဟုတ်ကြောင်း- ဆာလံ ၂း၂ (ထိုနေ ရာ၌ ဒါဝိဒ်မင်းကို ခရစ် တော်ဟု ဆိုသည်။)
(၃)ခရစ်တော် ယေရှုသည် ခန္ဓကိုယ်အားဖြင့် အသေသတ် ခြင်းကို ခံခဲ့ရပြီ ဖြစ်ကြောင်း- ရှင် ပေတရု (ပ) ၃း၁၈
---စသည်
စသည် ဖြင့် မိရိုးဖလာမှ ပေးထား သော အသိတို့အား ကျော်လွန်၍ ပေးထား သော
ကျမ်းချက်ပေါင်းများစွာ ရှိ ပေသည်။ ရဲဝံ့ စွာ တွေးတောလျှက် ဗဟုသုတရှာ
ကြပါစို့။
ဆွေးနွေးစရာ
သူတစ်ပါး
ယုံကြည်သော သာသနာ တစ်ခု အား မလိုမုန်း ထားပြုလျှက် အပြစ်ဆို အပြစ် ရှာရန်
ကျမ်းတစ်ပိုဒ် တစ်စ သို့မဟုတ် ကြားဘူး နားဝ တစ်စုံတစ်ချို့အား အခြေခံကာ
အကြီး အကျယ် ကပ်ဖက်ခံ ငြင်းဆိုခြင်းမှာ အပြန်အ လှန် နားလည်မှု ဗဟုသုတ ဖလှယ်
တည် ဆောက်မှုကို ရလာမည်မဟုတ်ပါ။
စနစ်တစ်ကျ လေ့လာဆည်းပူးပြီးသော အခါ
တွင်မှ ဤ၀ါဒ လမ်းစဉ်သည် မိမိ၏ ညီအစ်ကို မောင်နှမများ၏ အနာဂါတ်
မျိုးဆက်အတွက် မည်မျှအကျိုးဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဟူ သည် ကို စေတနာ မေတ္တာ
အပြည့်အ၀ဖြင့် ဆွေးနွေး နှီး နှောသင့်ပေသည်။ သူတစ်ပါးကိုသာ ပညာ ပေးချင်၍၊
သူ တစ်ပါးထံမှ ပညာကို မလိုချင် သော သူသည်၊ သက္ကာက ဒိဌိစွဲကပ်သူသာ ဖြစ်၍၊
ပွင့်လင်းရိုးသားသော ပညာတတ် လောက၌ လူရာဝင်မည် မဟုတ်သည့်အပြင်၊ မိမိ၏
အနာဂါတ် မျိုးဆက်အား သိက္ခာနွမ်းပါးအောင် ပြုမူသူသာ ဖြစ်ပေသည်
အရောင်ပြထားသော စာတွေမှာ မူရင်းလင့်မှ ကူးယူဖော်ပြပါသည် - ခရစ်ယာန်သာသနာ
အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါက ဖတ်နိုင်ပါပြီ...တုန့်ပြန်မှုအနေဖြင့် စကားလေးတစ်ခွန်းတော့ ချန်ပေးစေလိုပါတယ်....လေးစားစွာဖြင့်.. လယ်တီမြေသား။..............။
လာလည်နိုင်ပါတယ်...
www.ninilayy.com
www.aungsanmks.blogspot.com
www.ledimyethar.com
0 comments:
Post a Comment