ကော့သောင်း လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သော MA 60 လေယာဉ်အား
စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နှင့် နိုင်ငံတကာ အာမခံ ကုမ္ပဏီမှ
ကိုယ်စားလှယ် တစ်ဦးနှင့် မြန်မာ့အာမခံ လုပ်ငန်းမှ ကိုယ်စားလှယ်
နှစ်ဦးတို့သည် ဇွန် ၁၁ ရက်က ကော့သောင်းမြို့သို့ သွားရောက်ခဲ့ကြောင်း
သတင်းရရှိသည်။
ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဖွဲ့စည်းပေးထားသော
ခုံရုံးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် လေကြောင်းသိပ္ပံ ကျောင်းအုပ်ကြီး ဦးသန်းမင်း၊
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့လေကြောင်းမှ
အဖွဲ့ဝင် တစ်ဦးစီတို့ ပါဝင်ကြောင်း သိရသည်။
"ခုံရုံးအဖွဲ့ကတော့
လေယာဉ် မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး ဖို့ပါ။
အာမခံ ကိုယ်စားလှယ်တွေကတော့ နိုင်ငံတကာ အာမခံနဲ့ ပြည်တွင်းက မြန်မာ့အာမခံ
ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ပါ" ဟု မြန်မာ့လေကြောင်းမှ
ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။
"ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တဲ့ MA 60 လေယာဉ်နှစ်စီးစလုံးရဲ့
စစ်ဆေးတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး
သတင်းထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့မှ
တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် ၁၃ နာရီ
၀၅ မိနစ်ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည်
ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း၏ အနောက်ဘက် ပေ ၂၀၀ ခန့်
အကွာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ လေယာဉ်၏
ဟိုက်ဒရောလစ်စနစ် ချို့ယွင်းကြောင်း အချက်ပြ သတိပေးမှုကြောင့်
ပြေးလမ်းချော်မှု ဖြစ်ပွားရကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူက
ပြောကြားထားပါသည်။
အဆိုပါ လေယာဉ်ပြေးလမ်း ချော်မှုကြောင့်
လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ်အမှုထမ်းများနှင့် ခရီးသည် တစ်ဦးမှ
ထိခိုက်ဒဏ်ရာ ရမှုမရှိဘဲ လေယာဉ်တောင်ပံ နှစ်ဖက်ရှိ ပန်ကာများ
ကျိုးပဲ့ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်တွင် လေယာဉ်အမှုထမ်း လေးဦးနှင့် ခရီးသည် ၅၅ ဦး၊ ရင်ခွင်ပိုက်ကလေးငယ် ငါးဦးတို့ လိုက်ပါလာခဲ့သည်။
တရုတ်နိုင်ငံမှ ၀ယ်ယူသော MA 60 လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခြင်းသည်
နှစ်လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊
မေ ၁၆ ရက်က မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်-ရန်ကု န် ခရီးစဉ် ပျံသန်းသော တရုတ်နိုင်ငံထုတ် MA 60 လေယာဉ်သည် မိုင်းဆတ်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။
စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့မှ ကော့သောင်းလေဆိပ်တွင် စစ်ဆေးကြည့်ရှုစဉ် (ဓာတ်ပုံ - ရွှန်းလဲ့ဝင်း)
Eleven
ကော့သောင်း လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သော MA 60 လေယာဉ်အား စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နှင့် နိုင်ငံတကာ အာမခံ ကုမ္ပဏီမှ ကိုယ်စားလှယ် တစ်ဦးနှင့် မြန်မာ့အာမခံ လုပ်ငန်းမှ ကိုယ်စားလှယ် နှစ်ဦးတို့သည် ဇွန် ၁၁ ရက်က ကော့သောင်းမြို့သို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဖွဲ့စည်းပေးထားသော ခုံရုံးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် လေကြောင်းသိပ္ပံ ကျောင်းအုပ်ကြီး ဦးသန်းမင်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့လေကြောင်းမှ အဖွဲ့ဝင် တစ်ဦးစီတို့ ပါဝင်ကြောင်း သိရသည်။
"ခုံရုံးအဖွဲ့ကတော့ လေယာဉ် မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး ဖို့ပါ။ အာမခံ ကိုယ်စားလှယ်တွေကတော့ နိုင်ငံတကာ အာမခံနဲ့ ပြည်တွင်းက မြန်မာ့အာမခံ ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ပါ" ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောကြားခဲ့သည်။
"ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့တဲ့ MA 60 လေယာဉ်နှစ်စီးစလုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး သတင်းထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက် ၁၃ နာရီ ၀၅ မိနစ်ခန့်က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် XY-AIP သည် ကော့သောင်းလေဆိပ်သို့ ဆင်းသက်စဉ် လေယာဉ်ပြေးလမ်း၏ အနောက်ဘက် ပေ ၂၀၀ ခန့် အကွာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါ လေယာဉ်၏ ဟိုက်ဒရောလစ်စနစ် ချို့ယွင်းကြောင်း အချက်ပြ သတိပေးမှုကြောင့် ပြေးလမ်းချော်မှု ဖြစ်ပွားရကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူက ပြောကြားထားပါသည်။
အဆိုပါ လေယာဉ်ပြေးလမ်း ချော်မှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော လေယာဉ်အမှုထမ်းများနှင့် ခရီးသည် တစ်ဦးမှ ထိခိုက်ဒဏ်ရာ ရမှုမရှိဘဲ လေယာဉ်တောင်ပံ နှစ်ဖက်ရှိ ပန်ကာများ ကျိုးပဲ့ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ယင်းလေယာဉ်တွင် လေယာဉ်အမှုထမ်း လေးဦးနှင့် ခရီးသည် ၅၅ ဦး၊ ရင်ခွင်ပိုက်ကလေးငယ် ငါးဦးတို့ လိုက်ပါလာခဲ့သည်။
တရုတ်နိုင်ငံမှ ၀ယ်ယူသော MA 60 လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခြင်းသည် နှစ်လတာ ကာလအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မေ ၁၆ ရက်က မြန်မာ့လေကြောင်းမှ ရန်ကုန်-ဟဲဟိုး-မိုင်းဆတ်-ရန်ကု
စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့မှ ကော့သောင်းလေဆိပ်တွင် စစ်ဆေးကြည့်ရှုစဉ် (ဓာတ်ပုံ - ရွှန်းလဲ့ဝင်း)
Eleven
0 comments:
Post a Comment