မြစ်ကြီးနား -
ပူတာအိုလမ်းပိုင်းရှိ ဆွမ်ပရာဘွမ်မြို့နယ် ထိန်ပိုင်ကျေးရွာအနီး၌ ဇွန်လ ၆
ရက်နေ့မှစ၍ ကား သမားများထံမှ KIA ၀တ်စုံများဝတ်ဆင်ထားသော
လူတစ်စုက ငွေကြေးကောက်ခံမှု များ ပြုလုပ် လျက်ရှိ ကြောင်း ဒေသခံကားသမား
များထံမှ သိရှိရပါသည်။ `` မြစ်ကြီးနားကနေ ပူတာအိုကို မနေ့က
ကုန်သွားပို့တော့
ထိန်ပိုင်ရွာပျက်နားမှာ လူတစ်စုထွက်လာပြီး သေနတ်တွေနဲ့ ကျွန်တော့်ကားကို
တားပါတယ်။ ငွေနှစ်သောင်းတောင်းလို့ ပေးလိုက်ရပါတယ်။ ကျွန်တော့် နောက်မှာ
ကပ်လိုက်လာတဲ့ ကား တစ်စီးဆီကလည်း ငွေနှစ်သောင်းတောင်းသွားပါတယ်။ ဒီလမ်းမှာ
ကျွန်တော် တို့က သွားနေကြဆိုတော့ ဘယ်အဖွဲ့ အစည်းလဲဆိုတာသိပါတယ်။ ဒါပေမယ့်
ပေးလိုက်တဲ့ ပိုက်ဆံပြန်ရတော့ မှာမဟုတ်သလို အဲဒီလိုငွေတောင်းနေမှုကို
ဘယ်သူမှ တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိတော့ ပိုက်ဆံ မပေးချင်ရင် ဒီလမ်းကို
မသွားရုံပဲရှိတာပေါ့ဗျာ´´ ဟု ငွေတောင်း ခံရသူ မြစ်ကြီးနားမြို့ခံ
ကားသမားတစ်ဦးက ပြောပြသွားသည်။
မြစ်ကြီးနားမှ ပူတာအိုသို့
တက်သောကားတစ်စီးလျှင် ငွေ ၅၀၀၀၀ ကျပ်၊ ပူတာအိုမှ မြစ်ကြီးနားသို့ ဆင်းသော
ကားတစ်စီး လျှင် ငွေ ၃၀၀၀၀ ကျပ် တောင်းခံလျက်ရှိကြောင်း ငွေမပေးသော
ကားများအား ထွက်ခွင့်မပြု ကြောင်း၊ ကားသမားများ မှာလည်း
မသွားမဖြစ်သွားနေရသော လမ်းဖြစ်၍ တောင်းသောငွေ ကိုသာ ပေးနေကြ ရကြောင်း၊
သေနတ်နဲ့ခြိမ်းခြောက်မှု များရှိနေသဖြင့် အသက်အန္တရာယ်အတွက်လည်း
စိုးရိမ်ရကြောင်း၊ ငွေ တောင်းနေသော လူတစ်စုမှာ KIA ၀တ်စုံများ
ဝတ်ဆင်ထားကြောင်း၊ ခေတ် စနစ်တွေပြောင်းလဲနေပြီဟု ဘယ်လိုပင်ပြောနေကြသော်လည်း
ဒီဒေသမှာတော့ ခေါင်းစဉ် မရှိ ငွေကြေး တောင်းခံနေမှုများကတော့ ရှိနေဆဲ
ဖြစ်ကြောင်း၊ တာဝန်ယူဖြေရှင်းပေးမယ့် အဖွဲ့အစည်းတစ်ခု တိတိ ကျကျ
ရှိစေချင်ပြီဖြစ်ကြောင်း မြစ်ကြီးနား မြို့ခံ ကားသမားများရပ်ကွက်တွင်
စကားသံများ ထွက်ပေါ် လျက်ရှိသည်။
နေ့စဉ်ကချင်သတင်း
0 comments:
Post a Comment