မစိုးရိမ်တိုက်နှင့် ဆရာတော် ဦးကောဝိဒါဘိဝံသ
ဖျာပုံ ဦးတေဇောဘာသာဘိဝံသ
ဇူလိုင် ၃၊ ၂၀၁၃
မန္တလေးဆိုတာက စာသင်ပျို စာသင်သားရဟန်းငယ်များ၏ မြို့ တော။ တဖန် စာသင်တို
့အပျော်ဆုံး အကြိုက်ဆုံး စာသင်တိုက်ကို ရွေးပါဆိုလျှင် မစိုးရိမ်။
ဘာဖြစ်လို့  မစိုးရိမ်ခေါ်သလဲ။ အသောက - သောက ခေါ် စိုးရိမ်စရာမရှိလို့ 
ဒီတိုက်မှာ နေခွင့်ရပြီဆိုလျှင် ရိုးရိုးမှန်မှန်သာ စာသင်၊ စာမတတ်မှာ
မစိုးရိမ်နဲ့ လို့ ဆိုလိုတာပါ။
မန္တလေးမြို့ လယ်မှာရှိတဲ့သုသာန်(ရွာဟိုင်းသုသာန်)။ ထိုရွာဟိုင်းသုသာန်၏
မြောက်ဖက်မှာ ဦးပေစိဘုရား(နာမည်မကြီး လူသိမများလှ)။ ဦးပေစိ ဆိုသူကာ မန္တလေး
ရတနာပုံ မြို့ တည်နန်းတည် မင်းတရားကြီး၏ မြို့ တော်ဝန်
ရုံးတရုံးဓါးတစင်းကိုင်ပြီး သတ်ပိုင်ခွင့် အာဏာရထားသူ၊ စာဆိုတော် ဦးပုညကို
သတ်သူဖြစ်သည်။ “ဒီရုံး ဒီနေရာ ဒီလူလက်ထဲရောက်သွားရင် မသေမှာမပူနဲ့ ၊ မသေမှာ
မစိုးရိမ်နဲ့ ၊ ဒီလိုသတ်တာကို စစ်ကြောယင်း လက်လွန်သွားပါတယ်”လို့ ရတနာပုံ
ခေတ်ကသုံးပါတယ်။ မစိုးရိမ် သူသတ်ကုန်း၏ မသေမှာ မစိုးရိမ်နဲ့ နှင့်
မစိုးရိမ်စာသင်တိုက်ကြီး၏ စာမတတ်မှာ မစိုးရိမ်နဲ့ တို့ ရဲ့ 
“မစိုးရိမ်”ပုံချင်းဟာ ကွာခြားလှပါတယ်။
ဤမစိုးရိမ်ကျောင်းတိုက်ကြီးကို ကျောင်းဒါယကာ တဦးတည်းက
ဆောက်လုပ်လှူဒါန်းသည်။ လှေကား ၄ဘက်တပ် အလယ်တိုက်ကြီးနှင့်တကွ အရံကျောင်း
အုတ်တိုက်များကို မဟာရံအုတ်တံတိုင်းကြီးက ကာရံထားသည်။ မန္တလေးစာသင်တိုက်
အများကဲ့သို့  ပေမီ အဆင့်မီ စာသင်တိုက်ကြီးပါ။ တဦးတည်းသော
ကျောင်းဒါယကာအမည်ကား ဦးသက်ရှည်သား မောင်ကျော် (မစိုးရိမ် ဆရာတော်ကြီး
ဦသူရိယ ခေါ်တဲ့အတိုင်း မောင်ကျော်ဟု ရေးတာပါ။)
ဤမစိုးရိမ်ကျောင်းတိုက်ကြီး၌ ကျောင်းတိုင်စာချ နာယကဖြစ်ရန် အကပ်အဖား
ကောင်းဖို့ မလို။ ဆရာတော်နဲ့ ဆွေမျိုးတော်စပ်ဖို့ မလို။ တကယ်လိုသည်ကား
ပြောင်ပြောင် မြောက်မြောက် စာချနိုင်အောင် စာတတ်ဖို့ တခုသာ။
ကောင်းပါပြီးစာတတ် မတတ် သိရအောင် ဘယ်ပေတံနှင့် တိုင်းမလဲ။
မန္တလေး ရတနာပုံ မြို့ တည်နန်းတည် မင်းတုန်းမင်းနှင့် သားတော် သီပေါမင်းတို
့လက်ထက်(လက်ထက်တော်ကြီး လက်ထက်တော်လေး) မှာ မြို့ တော်တွင် ရာဇဂုရု ဘွဲ
့တံဆိပ်တော်ရ စာပေကျွမ်းကျင်တော် မူကြသော မထေရ်ကြီးပေါင်း၈၀ ရဟန်းသံဃာတော်
၆၀၀၀၀(ခြောက်သောင်းမျှ) သီတင်းသုံး နေထိုင်တော် မူခဲ့ကြသည်။
တဒါ နဂရေ လဒ္ဓ ရာဇလဉ္ဆိကာ ပရိယတ္တိ ၀ိသာရဒါ မဟာထေရာ
အဟေသုံ၊ ဘိက္ခုသံဃော သဋ္ဌိသဟဿ မတ္တော အဟောသိ။
(လယ်တီဆရာတော်၏ ပရမတ္တဒီပနီ နိဒါန်း)
မန္တလေးမြို့ တော်ကြီးသည် ရဟန်းတော်တို့ ၏ သင်္ကန်းရောင်တို့ ဖြင့်
တပြောင်ပြောင် တ၀င်းဝင်း ထွန်းလင်းတောက်နေပုံကို လယ်တီပဏ္ဍိတ ဦးမောင်ကြီးက
ကြည်ညိုစဖွယ် ရေးခြယ်ခဲ့ပေသည်။
ထိုမျှ သင်္ကန်းရောင် တပြောင်ပြောင် ၀င်းနေသော မြို့ တော်မှာ
သင်္ကန်းရောင်ပျောက် ရဟန်းတော်များ ဆိတ်သုဉ်းသွားရသည်မှာ အင်္ဂလိပ်နယ်ချဲ
့ကိုလိုနီတို့ က သေနတ်ဖောက် ပစ်သတ်လို့ မဟုတ်။ မင်းနှစ်ပါး
(ဘုရင်နှင့်မိဖုရား)ပါတော်မူသွား၍ မြို့ ပျက်သွားလို့ ပါ။ ပါတော်မူပြီး
လေးငါးနှစ်ကြာပြီးနောက် ပြန်လည် စည်ပင်ချိန် ရောက်သော်လည်း မြို
့တော်မှာရဟန်းသံဃာတော်များ ဆိတ်သုဉ်းမြဲ ဆိတ်သုဉ်းလျက် ရှိပါသည်။ သာသနာ
ပြန်လည် စည်ကားအောင် ဘယ်လိုလုပ်ရပါ့မလဲကင်းဝန်မင်းကြီး ရွှေတိုက်အတွင်းဝန်
စသော မြို့ မိမြို့ ဖများ စဉ်းစားရတော့သည်။
စာသင်ကြားပို့ ချတဲ့ စာချ များရှိမှ စာသင်သူ စာသင်သားရှိမယ်၊ စာချများ
ပေါ်ထွန်းလာအောင် စာချအား ဆွမ်းဆန်တော် အထောက်အပံ လက်ထက်တော်တုန်းက
ပေးလှူခဲ့သည် မဟုတ်ပါလော။ ကောင်းပြီ လက်ရှိပြဿနာ ပြေလည်အောင်
စာချဆရာတော်များ ပြန့် ကြဲ ပျောက်ပျက်နေတာကို စုစည်းမယ်၊ နောက်
အစဉ်စာချများ မွေးထုတ်နိုင်အောင် စာအရည်အသွေး စစ်တဲ့ စာမေးပွဲတခု
ကျင်းပမယ်။ (စာလျှောက်မေးပွဲ ဟု တရိုတသေ သုံးနှုန်းပါသည်။)
ဒီအမှုကိစ္စအားလုံး ဆောင်ရွက်နိုင်ရန် အသင်းတခု ဖွဲ့ မည်၊ ပရိယတ္တိသာသနာ့ဟိတ
အသင်း။
ဒီအသင်းက ကိုးကွယ်ထောက်ပံ့ခံရသူ စာချဆရာတော်သည် နှစ်မျိုး။ တမျိုးက
မူလစာချ။ (စာမေးပွဲ မဖြေ၊အောင်မြင်စွာ စာချနိုင်လို့ မူလစာချ ဖြစ်သည်။)
အခြားတမျိုးကား သီးခြားစာချ (စာဖြေ အောင်မြင်သူ)။
ပရိယတ္တိ သာသနာ့ဟိတအသင်းသည် မန္တလေး ပရိယတ္တိသာသနာတော် အကျိုးအတွက်
ရည်မှန်းရင်း ရှိသည့်အတိုင်း မန္တလေးမြို့ မှာ စာချသူများကိုသာ
အားပေးထောက်ပံ့ပါသည်။ မန္တလေးမြို့ မှအပ အခြား နေရာဌာနတို့ ၌ သီတင်းသုံး
စာပေပို့ ချသူများကို မရည်ရွယ် မထောက်ပံ့ပါ။
ဤအသင်းကြီး၏ အများသိ အမည်မှာ “သကျဟီဟ”ဖြစ်ပါသည်။ မန္တလေးမြို့ ၊
မလွန်ရပ်တွင် တည်ရှိသော သကျသီဟဘုရားဝင်းအတွင်း အနောက်တောင်တောင့်အရပ်ရှိ
ဦးသာညှင်းဓမ္မာရုံ၌ နှစ်စဉ်(နယုန်လ) အသင်း၏ စာလျှောက်မေးပွဲကျင်းပသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဓမ္မာရုံ မီးသင့်(မီးလောင်ခံရ)သော်လည်း အုတ်နံရံများ
မပြိုမပျက်သေး၍ နှစ်စဉ် စာမေးပွဲကျင်းပခဲ့သည်။ (မလွန် ပရိယတ္တိ
အသင်းတိုက်ကြီး ဆောက်ပြီးသည်အထိ)။ ဦးသာညှင်း ဆိုသူကား ဂျီ,စီ,ဘီ,အေ
(၀ံသာနု)ခေတ်က မြန်မာနိုင်ငံရေး ခေါင်းဆောင်ကြီး ဦးချစ်လှိုင်၏ ဖခင်
ဖြစ်ပါသည်။
ယခု ပရိယတ္တိသာသနာ့ဟိတ စာမေးပွဲနှင့် မစိုးရိမ်တိုက် ဆက်စပ်ပုံကို
ဖော်ပြပါမယ်။ အသင်း စာမေးပွဲ စတင်ကျင်းပသောနှစ်မှာ သမင်ခြံဇာတိ( မန္တလေး
မင်းကွန်းကြား ဇရောစေတီ မြေနုကျွန်း) မစိုးရိမ်ဆရာတော် အလောင်းအလျာ ဦးသူရိယ
စာမေးပွဲဝင်ရောက် ဖြေဆိုအောင်မြင်ပါသည်။ ဦးပဉ္ဇင်း စာမေးပွဲ အောင်တယ်ဟု
သင်းမ လူကြီးတဦးက လျှောက်ပါသည်။ ထိုအခါက ဦးသူရိယသည် မိုးကောင်းတိုက်
အလယ်တိုက်ကြီးတွင် သီတင်းသုံး၍ ထိုအလယ်တိုက်ကြီးမှပင် အသင်းစာမေးပွဲ
ဝင်ရောက်ဖြေဆို အောင်မြင်ပါသည်။ လျှောက်ထားချိန်မှာ အတော် ညဥ့်နက်နေပါပြီ၊
မိုးကောင်းတိုက် မနီးမဝေး၌ နေထိုင်သူ သင်းမလူကြီးက အစည်းအဝေးမှ အပြန်
ဝင်ရောက်လျှောက်ထားခြင်း ဖြစ်ပါသည်။
အခု ဦးဇင်းတို့ စာအောင်တာသိချင်ယင် အသင်းတိုက်သွားကြည့်ရတယ် မဟုတ်လား၊ ဒို
့များတုန်းကတော့အိပ်ရာမှာ လာနှိုးပြီး အသင်းလူကြီးတွေက လျှောက်ရတာ ဟု
ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဤစာရေးသူအား မိန့် ကြားဖူးပါသည်။
ဆရာတော် ဦးသူရိယ မစိုးရိမ်တိုက်ကို တည်ထောင်သောအခါ ကျောင်းစည်းမျဉ်း
ဥပဒေတွင် ကျောင်းတိုင် နာယကဖြစ်ရန် အရည်အချင်း (အရေးအကြီးဆုံး) မှာ
ပရိယတ္တိသာသနဟိတ စာမေးပွဲ အောင်မြင်သော သီးခြားစာချ ဓမ္မာစရိယဖြစ်ရမည်ဟု
ထည့်သွင်းရေးသားတော်မူ ပါသည်။ ဤအချက်သည် မစိုးရိမ်တိုက်
စည်ပင်ကြီးပွားခြင်း၏ ပင်မ အဓိက ပဓာန အကြောင်းကြီးဖြစ်သည်။
နယူးယောက် မစိုးရိမ်ဆရာတော်လောင်း ဦးကောဝိဒသည် စာသင်ရာဌာနကို မန္တလေး
မစိုးရိမ်တိုက်ကို ရွေးခဲ့ သည်။ စာသင်တိုက်တွင်နေရန် ထောက်ခံစာ
(ကျောင်းအပ်စာ) ကောင်းကောင်းလိုသည်။ ထိုအခါ ရန်ကုန် ဗားကရာလမ်း ဥယျာဉ်တိုက်
ဦးသုဇာတာလင်္ကာရ မစိုးရိမ်ရူပသိဒ္ဓိ အဖြေရေးသူ) တာဝန်ယူထောက်ခံခဲ့ပါသည်။
မစိုးရိမ်တိုက်တွင် စာသင်နေစဉ် သကျသီဟ စာချတန်း မပြီးသေးခင်ကပင် စာဖြေဖက်
သူငယ်ချင်း များအားစာချပေးခဲ့သည်။ စာချဘုန်းကြီး တပါးလို တခမ်းတနား
စာချသည်မဟုတ်၊ ကြမ်းပေါ်အတူထိုင်လျက် ဆရာတပည့် ဒူးတိုက်ဆွေးနွေးသည့်
ပုံစံမျိုး ကူညီခဲ့သည်။ တဖက်သား အခက်အခဲကို ပွင့်ပွင့် လင်းလင်း
ရှင်းပြသည်။ ခက်ရာခက်ဆစ်များ လွယ်ကူသွားသည်။ ပရိသတ်က ကြိုက်ကြသည်။
ကူညီလိုသော ဆန္ဒ ပြဋ္ဌာန်းလို့ ပင်ကိုဥာဏ် ထက်သူ ဦးကောဝိဒ။
ပိုမို တတ်ကျွမ်းလာရသည်။ တပည့်များက ကြည်ညိုလေးစားကြသည်။ သကျသီဟ
စာမေးပွဲတွင် အတန်းနှစ်တန်းရှိသည်။ စာသင်တန်းကို အသက် ၂၇နှစ် လွန်လျှင်
ဝင်ခွင့်မပြု။ ဦးကောဝိဒ စာသင်တန်းအောင်ပြီး စာချတန်းအတွက် သတ်မှတ်ထားပြီး
အကြိမ်အတွင်း (အသင်းစည်းမျဉ်းမှာ သတ်မှတ်ထားသည်) ဖြေဆိုနိုင်ရန်
ကြိုးစားရင်း တဖက်က ဘ၀တူ စာသင်သားများအား ပရဟိတ (သူများအကျိုး ဆောင်စိတ်)
အပြည့်ဖြင့် ကူညီခဲ့ခြင်းဖြစ်ပါသည်။ စာချတန်းကို နှစ်ကြိမ် မဖြေရဘဲ
နှစ်ချင်းပေါက် အောင်လျှင် “၀ဋံသကာ”ဆိုတဲ့ဘွဲ့ ထူးကို ရပါသည်။ ဆာ ဦးသွင်၏
ရွှေတံဆိပ် ဆက်ကပ်ခံရပါသည်။ ဦးကောဝိဒ ဒီလို ၀ဋံသကာ ဘွဲ့ ထူးကိုတော့ မရရှိပါ။
သကျသီဟ စာမေးပွဲရန် အသက် ၂၇ထက် မလွန် (မကြီး) ဖို့ လိုပါသည်။ စာသင်တန်း
ပြဋ္ဌာန်းစာ အားလုံးကိုအလွတ်ပြန်ဆိုရသည်။ စာသင်တန်း မပြီးမချင်း ပြန်ရတာပါ။
အသက်သတ်မှတ် ခြင်းနှင့် အလွတ် အာဂုမ် ပြန်ဆိုရခြင်း
ဟူသောဤအတားအဆီးနှစ်ခုကြောင့် ဖြေနိုင်စွမ်း အရည်အချင်း ပြည့်စုံပါလျက် မဖြေ
လိုက်ရသောပုဂ္ဂိုလ် အမြောက်အမြားရှိပါသည်။ ခွန်အားဗလနှင့် ပြည့်စုံပြီး
အပင်ပန်းခံနိုင်သည့်အရွယ်ကို သတ်မှတ်လိုဟန် ရှိပါသည်။
မှတ်ဥာဏ်ကောင်းတာ မကောင်းတာက မွေးရာပါ အရည်အချင်းပါ။ ကြိုးစားခြင်း
ကူညီလိုသော ဆန္ဒ ပြင်းပြခြင်းတို့ ကား ပြုပြင်လို့ ရသည်။ ဦးကောဝိဒ
ဤအရည်အချင်း အားလုံးနှင့် ပြည့်စုံ၍ အချိန် တန်လျှင် မစိုးရိမ်တိုက်၏
စာချနာယက(ကျောင်းထိုင်ဘုန်းကြီး ဖြစ်ရန် မွေးရာပါ) အခွင့်အရေး
ဖြစ်ခဲ့ပါသည်။ မုချ မသွေ စာချနာယက ဖြစ်ရမည်ဟုဆိုလိုတာပါ။ သို့ သော် တရံတခါ
စာချတန်းအောင်သူကများပြီး ကျောင်းထိုင် လစ်လပ်သော ကျောင်းက မရှိသေးလျှင်
တန်းစီပြီ မိမိ အလှည့်ကိုစောင့်ရတတ်ပါသည်။
ဤနေရာတွင် ကံထူးသူအဖြစ် ထင်ရှားပါသည်။ “အတိတ်ကံရော ပစ္စုပ္ပန်ကံပါ
စုပြုံအကျိုးပေးသည်”ဟုဆိုနိုင်ပါသည်။ မိမိရှေ့ တွင် တန်းစီစောင့်နေကြသော
စာချတန်းအောင်ပြီးသူများ ( နောင်အခါ မစိုးရိမ် တိုက်သစ်၏
အကြီးအကဲဖြစ်လာမည့် ဦးသိရိန္ဒ အပါအ၀င်) ကိုဖြတ်ကျော်လျက် ဦးကောဝိဒကို
ဆရာတော် ဦးသူရိယ ကိုယ်တော်တိုင် တင်မြှောက်ပေးပါသည်။ ထိုအခါက
မစိုးရိမ်တိုက်သစ် မတည်ထောင်ရသေးပါ။ ဆရာတော်ကြီး ထရံကာ
ဝါးကပ်မိုးကျောင်းလေးနှင့် တိုက်ဟောင်းတွင် သီတင်းသုံးနေထိုင်စဉ်
ဖြစ်ပါသည်။
စာချတန်းအောင်ပြီးသူ (ဦးသိရိန္ဒ ပါ) များခြံရံလျက် ဆရာတော်ကြီး ကိုယ်တိုင်
ဦးကောဝိဒ သီတင်းသုံးရာကျောင်းသို့  ကြွရောက်ချီးမြှောက်ခြင်း ဖြစ်ပါသည်။
ဦးကောဝိဒအဖို့  ဤချီးမြှောက်ပွဲသည် အထူး ဂုဏ်ယူစရာဖြစ်ပါသည်။ ယခုနယူးယောက်
ကျောင်းတွင် မစိုးရိမ်ဆရာတော် ပုံတော်ကြီးကို ဘုရားခန်းတွင် ချိတ်ဆွဲပြီး
ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကိုဖော်ကြူးထုတ်ပြထားပါသည်။ နယူးယောက်ရှိ
ဤမစိုးရိမ်တိုက် တည်နေသရွေ့ ဆရာတော်ကြီးပုံတော် မူလနေရာတွင်
အမြဲတည်ရှိနေအောင် ဆက်ခံသူများ ဂရုထား သင့်သည် ထင်ပါသည်။
ဆရာတော် ဦးကောဝိဒသည် ကြီးမားကျယ်ပြန့် ဥာဏ်အမြင် သနားကြင်နာတတ်သော ကရုဏာ
ရှိသည့် အလျောက် ဆန္ဒနဲ့ ဝီရိယ ပြည့်မီအောင် လိုက်ဖြည့်နိုင်သဖြင့်
လုပ်ငန်းများ ကျယ်ပြန့် လာပါသည်။ စစ်ကိုင်းတောင်ရိုး မဟာရန်ကုန်စသော
နေရာများသို့ ဧည့်ပါမောက္ခ(Visiting Professor) အဖြစ် အခွင့်သင့်တိုင်း
စာပို့ ချခဲ့သည်။ စစ်ကိုင်းတောင်ရိုးရှိ စာသင် သီလရှင်များ မန္တလေးတွင်
စာလိုက်နိုင်အောင် အခြေအနေ ဖန်တီးပေးသည်။ သာမဏေငယ်များ
ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင်မှုကို မလစ်လပ် စေရပါ။ ဇီဝိတဒါန
ဆေးပေးခန်း ဆေးကုသမှုကလည်း မစိုးရိမ်တိုက်အတွက် သာမဟုတ်တော့ဘဲ ပတ်ဝန်းကျင်ပါ
ပြန့် နှံ ကျယ်ပြန့် လျက်ရှိသည်။ အမေရိက အနယ်နယ်အရပ်ရပါသို့ လည်း
တရားဟောကြွ၍ နယူးယောက်မြို့ တွင် ဘုန်းတော်ကြီးကျောင်းဆောင်
သိမ်သမုတ်နိုင်ခဲ့ပါသည်။
ဤမျှ များပြားကျယ်ဝန်းသော လုပ်ငန်းများကို မပင်ပန်း ရွှင်ရွှင်လန်းလန်း
ဆောင်ရွက်နိုင်လောက်အောင် ခန္ဓာကိုယ် တောင့်တင်းကျန်းမာမှုကလဲ အရွယ်နှင်
့မလိုက်အောင် ခိုင်မာလှပါသည်။ အစာလည်းဆေး၊ ဆေးလည်းအစာ
ဖြစ်အောင်ဓာတ်စာစားခြင်း မြန်မာတိုင်းရင်းဆေးများကိုသာ သုံးဆောင်ခြင်း ဖြန်
့ဝေခြင်းပြုပါသည်။ အထူးသဖြင့် ပြဒါးဓာတ်မကင်းသည့်အဂ္ဂိယတ်ဆေးများကို
ကိုယ်တိုင်ဖိုထိုး ဖော်စပ်မှီဝဲပါသည်။
အများအကျိုး သယ်ပိုးပြီး ကိုယ်ကျိုးစွန့် နိုင်လို့  လူကောင်းတယောက်ပင်
ဖြစ်သော်လည်း အများ အကျိုးထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့  “တော်”ဖို
့လဲ လိုပြန်ပါသည်။ ကရုဏာရှိလျှင် “ကောင်း”၍ ပညာစွမ်းရည်
ထက်မြက်လျှင်“တော်”နိုင်ပါသည်။ တော်လည်းတော် ကောင်းလည်းကောင်းလျှင် လူတော်
လူကောင်း သို့ မဟုတ် သူတော် သူကောင်း(သူတလုံးဖြုတ်လျှင် သူတော်ကောင်း ဒါက
ရှေးစကားပါ။)
တော် တယ် ဆိုတာထက် ချွန် တယ်ဆိုတာက ပိုမို မြင့်သလို ခံစားရသည်။
ပညာရှင်အဆင့်၊ ထက်မြက်ခြင်း၊ဆုံးဖြတ်ချက် မြန်ဆန် မြဲမြုံခြင်း၊
တာဝန်ယူခြင်း၊ မှား မှန် ခွဲခြားတတ်ခြင်း၊ မိမိကိုယ်ကို မိမိ ယုံကြည်ခြင်း၊
သိရမည့် အရာများကိုကျွမ်းကျွမ်းကျင်ကျင် သိမြင်ခြင်း၊ ဒါကို ချွန်တယ် လို
့ဆိုလိုသည်။
ပြီးသော် လူကောင်း၊ ဘယ်လို ကောင်းတာလဲ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ကောင်း
စေတနာကောင်းထားခြင်းအများအကျိုးစီးပွားကို တသမတ်တည်း ရှေးရှူခြင်း၊ မလိမ်ညာ
မချဲ့ ကား(မာယာ သာဌေယျ ကင်းခြင်း၊ အဝေဖန်ခံနိုင်ခြင်း၊ အရေးကြုံလာတိုင်း
အတ္တ မာန်မာနကို ချိုးနှိမ်ခြင်း၊ ဒါတွေက ကောင်းတဲ့ အရည်အသွေးတွေပါ။ လောဘကို
အခြေခံပြီးမှ ဒေါသဖြစ်ရတာပါ။ ဒုက္ခ၏ အကြောင်းသည် လောဘပါ၊ ရသမျှ
နည်းအမျိုးမျိုးလှူဖို့ ခွဲခြင်းဝေဖန်သူမှာ ဒေါသဖြစ်စရာ အခွင့်အလမ်း
နည်းပါးသည်။ ဖြောင့်မတ် ရိုးသားသူများသည် ဒိုးဒိုးဒေါက်ဒေါက် ဒဲ
့တိုးပြောတတ်ပါသည်။
လူချွန် လူကောင်း အသိ (၀ိဇ္ဇာ)နဲ့ အကျင့် စရဏ တထပ်တည်းကျပြီး
ပြောသလိုလုပ်တတ်၍ အသိနှင့်အကျင့်ပြည့်ဝကုံလုံသော အပေါင်းအစုအားကို
မြင်လိုကြည်ညိုလိုပါသည်။ လူချွန်လူကောင်း ခေါင်းဆောင်တယောက် စံနမူနာပြု
အတုလိုက်သူများ၏ စုပေါင်းအားကို ကြည်ညိုစွာ ရိုသေစွာ ခင်မင်စွာ
နှစ်သက်ဂုဏ်ပြုဖွယ် အဖြစ် ချွန်နိုင်ကြပါစေ….ကောင်းနိုင်ကြပါစေ။
မိုးမခ မီဒီယာ
0 comments:
Post a Comment