Ads

ကြော်ငြာ

Saturday, June 1, 2013

Posted by ဆူးအေမီ on 8:17 PM in | No comments
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့တွင် စင်မြင့်ဖျော်ဖြေပွဲ ပြုလုပ်ရန်အတွက် တေးသံရှင်
ဇော်ပိုင် အပါအဝင် မြန်မာအဆိုတော်များ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ကြာသပတေးနေ့ က ရောက်ရှိလာခဲ့ကြသည်။

ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီမှ စတင်ကာ မဟာချိုင်မြို့၊ ထလေထိုင်းဈေးတွင် ဖျော်ဖြေမည့် ဇော်ပိုင်၊ ချမ်းချမ်း၊ ဗညားဟန်၊ ဂျေးနီ၊ အိုက်ထွန်း၊ နော်နော်နှင့် အယ်လ် ဆိုင်းဇီတို့ ပါဝင်သည့် တေးသံရှငများအား မဟာချိုင်မြို့ရှိ Central Palace Hotel ၌ သတင်းသမားများနှင့် စိတ်ဝင်စားသူများအား ဖိတ်ကြားပြီး မိတ်ဆက်ခြင်း အစီအစဉ်တရပ် ပြုလုပ်ခဲ့သည်။

ယင်းသို့ပြုလုပ်ခြင်းမှာ ယခင်က မြန်မာ အဆိုတော်များ လာရောက်ဖျော်ဖြေပွဲ ပြုလုပ်တိုင်း ဒေသခံ အာဏာပိုင်များက နည်းမျိုးမျိုးဖြင့် နှောင့်ယှက်လေ့ရှိ၍ ယခုအခါ တရားဝင်ခွင့်ပြုချက်ယူပြီး ပြုလုပ်ခြင်း
ဖြစ်သဖြင့် ပရိသတ်များ ယုံကြည်စိတ်ချစွာ လာရောက်အားပေးနိုင်စေရန် အသိပေးခြင်း ဖြစ်ကြောင်း မဟာချိုင်မြို့မှ အလုပ်သမားအရေး ကူညီပေးနေသူ ကိုခိုင်ကြီး က ပြောသည်။


“အရင်တခါလည်း ဒီလိုကြုံခဲ့ဖူးတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေမှာ ပိုက်ဆံတွေလည်း အများကြီးကုန် တယ်။ လက်မှတ်တွေ ရောင်းရောင်းပြီး ပွဲမဖြစ်တော့ ပိုက်ဆံတွေလည်းကုန်တော့ ယုံကြည်မှုမရှိကြလို့လေ။ ထိုင်းသတင်းတွကနေပြီး ဒီပွဲဟာ တရားဝင် လုပ်တယ်ဆိုတဲ့အကြောင်း ထုတ်လွှင့်ပေးဖို့၊ မြန်မာ အလုပ်သမား
တွေကို သိစေချင်တယ်ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ယခင်နှစ်များက လေးဖြူတို့ အစု၊ စိုင်းစိုင်းခမ်းလှိုင် ပါဝင်သော အစုနှင့် R ဇာနည် ပါဝင်သော အစုများ
ဖျော်ဖြေရန်ပွဲများကို အာဏာပိုင်များက နှောက်ယှက်ခြင်း ခံခဲ့ရသည်။

ယခုဖျော်ဖြေပွဲသို့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နက်နိုင်ငံများမှ အနုပညာရှင်များလည်း လာရောက် ဖျော်ဖြေကြမည်ဖြစ်သည်။

“အခုလို လာရောက် သီဆိုခွင့်ရသည့်အတွက် ဝမ်းသာပါတယ်။ ပြီးတော့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေက အဆိုတော်တွေလည်း ပါဝင် သီဆိုဖျော်ဖြေကြမယ်ဆိုတာ သိရလို့ ယဉ်ကျေးမှုချင်း ဖလှယ်ခွင့်ရမယ်လို့
မျှော်လင့်ပါတယ်” ဟု ဇော်ပိုင် က ပြောသည်။

အလားတူ ချမ်းချမ်းကလည်း “အမိမြန်မာပြည်ကနေ သူတပါးတိုင်းပြည်မှာ လာအလုပ်နေကြတဲ့ မြန်မာ ပရိဿတ်တွေကို လာရောက် သီဆိုဖျော်ဖြေခွင့်ရတဲ့အတွက် ရင်ထဲမှာ အရမ်းကို ဝမ်းသာ ပီတိဖြစ်မိပါတယ်” ဟု ပြောသွားသည်။

ထို့နောက် ပွဲစီစဉ်သူများက အဆိုတော်များအား မဟာချိုင်မြို့တွင်းသို့ မော်တော်ကားဖြင့် လှည့်လည်၍
မြန်မာပရိသတ်များနှင့် တွေ့ဆုံပေးခဲ့သည်။

ဘန်ကောက် (မဇ္ဈိမ)။

0 comments:

Search Our Site