Tuesday, July 2, 2013

အလင်းဝင်တပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုအား KIA အဖွဲ့မှ လိုက်လံရှာဖွေ နေကြောင်း သတင်းထွက်ပေါ်



ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ ရွှေမှော်များတွင် အလုပ်လုပ်နေသည့် ရွှေကျင်လုပ်သားများထံသို့ KIA အဖွဲ့တစ်ဖွဲ့က ဇွန် ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရောက်ရှိလာပြီင်္း တာလောကြီးကျေးရွာမှ အလင်းဝင် သွားသော KIA တပ်ဖွဲ့ဝင်တစ်ဦး၏ မိသားစုများရှိ/မရှိ လာရောက်စုံစမ်းသွားခဲ့ကြောင်း ရွှေမှော်လုပ်သားများ ထံမှ သိရသည်။

အဆိုပါ အဖွဲ့မှ လာရောက်ရှာဖွေသော အလင်းဝင်သွားသည့် တပ်ဖွဲ့ဝင်မှာ KIA ရင်း(၂၆)တွင် တာဝန် ထမ်းဆောင်ခဲ့သော တပ်ကြပ်အဆင့်ရှိ ကျော်ဆန်းဖြစ်ကြောင်း၊ ၎င်း၏ မိသားစုများအား တွေ့ရှိပါက ဖမ်းဆီး ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရွှေမှော်များတွင် အလုပ်လုပ်နေသည်ဟု သတင်းအတိအကျရထားသဖြင့် သတင်းမပေးဘဲ ထိန်ချန်ထားသော ရွှေမှော်များအား ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ရွှေမှော် လုပ်သားတစ်ဦးက ပြောပြသည်။

အဆိုပါအဖွဲ့သည် နေ့လည် ၃ နာရီခန့်တွင် ၎င်းရွှေမှော်အတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ယင်းအဖွဲ့ကို ခေါင်းဆောင်လာသူမှာ တပ်မဟာ(၃) လက်အောက်ခံ ဖောက်ခွဲရေးအဖွဲ့မှ ရခိုင်လူမျိုး ဖြစ်ကြောင်း၊ အဆိုပါ ရခိုင်လူမျိုးအဖွဲ့သည် ဗန်းမော်-လဂျားယန်-မြစ်ကြီးနားလမ်းပေါ်ရှိ တံတားများ ဖောက်ခွဲ ဖျက်ဆီးရာတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း KIA အဖွဲ့အား နှစ်စဉ်ဆက်ကြေးပေးနေရသော အင်းတော်ကြီး ဒေသခံ ရွှေတူးဖော်ရေး လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရပါသည်။


နော်တူးအောင်

ကချင်နေ့စဉ်သတင်း
From:

0 comments:

Post a Comment

Search Our Site