မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို ဖော်ထုတ်ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခများဖြေရှင်းရန် မလေးရှား တောင်းဆို
ဘရူနိုင်းနိုင်ငံ Begawan မြို့တွင် ဇွန် ၂၉ ရက်က ကျင်းပသော
(၄၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ
ဆွေးနွေးပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က
မလေးရှားနိုင်ငံ အတွင်း ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုကို
ထည့်သွင်းဆွေးနွေးခြင်း မပြုဘဲ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော
ပဋိပက္ခများကိုသာ အလေးထားဖြေရှင်းရန် ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က
''မြန်မာနိုင်ငံအတွင်း ယခုထက်ထိတိုင် မအေးချမ်းသေးသော အခြေအနေများသည်
ဒေသတွင်းနိုင်ငံများဖြစ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများ
အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း'' ဟု ပြောကြားသည်။
ထို့ပြင်
၎င်းက မြန်မာနိုင်ငံ အနေဖြင့် မွတ်စလင်ဘာသာဝင်များ လုံခြုံမှု ရှိစေရန် နှင့်
ပြစ်မှုကျူးလွန်သူများအား တရားဥပဒေ နှင့်အညီ ပွင့်လင်းမြင်သာစွာ
တရားစီရင်သင့်ကြောင်း တောင်းဆိုခဲ့သည်။
ထိုကဲ့သို့
မလေးရှားနိုင်ငံမှ တောင်းဆိုမှုများ ပြုလုပ်သော်လည်း မကြာမီကာလ အတွင်းက
ဖြစ်ပွားခဲ့သည့် မလေးရှားနိုင်ငံရောက် အလုပ်လုပ်ကိုင်နေသော
မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအား ဖော်ထုတ်ပေးမည်ဟု မလေးရှား
အစိုးရဘက်မှ ပြောကြားခဲ့ခြင်း မရှိပေ။
လွန်ခဲ့သည့် ရက်သတ္တပတ်များအ
တွင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံ သားများ အသတ်ခံရမှုကြောင့်
မြန်မာရွှေ့ပြောင်း အလုပ်သမားများကြား စိုးရိမ်မှုများ ရှိနေကြသည်။
ထိုသို့ သတ်ဖြတ်ခံရမှုအပေါ် မြန်မာ အစိုးရဘက်မှ ဆွေးနွေးညှိနှိုင်းမှုများ
လုပ်ဆောင်ခဲ့သော်လည်း ပြစ်မှုကျူးလွန်သူများအား မလေးရှား အစိုးရက
ဖော်ထုတ်ပေးရန် ကတိပြုခြင်းမရှိပေ။
အဆိုပါ ဖြစ်ရပ်များ
မဖြစ်ပွားခင် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန်
ကြိုးပမ်းမှုတစ်ရပ်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ တားဆီးဖော်ထုတ်
နိုင်ခဲ့သည်။
0 comments:
Post a Comment