Sunday, April 28, 2013

လေယာဉ်လို မြန်သော ဆိုင်ကယ် The Yog


စီးရမယ့် ပုံစံက သက်သောင့်သက်သာ ရှိမရှိတော့မသိ ပါဘူး။ သေချာတာ ကတော့ အစားစားပြီးချင်း စီးလို့ကောင်းမယ့်ပုံ မပေါ်ပါဘူး။ ဗိုက်မောက်ပြီးစီး ရမယ်ဆိုတော့ နေရထိုင်ရတော့ တစ်မျိုးဖြစ်နေပါလိမ့်မယ်။

Lightning Powered Bikes ဖြစ်ပြီး The Yog သုံးဘီးဆိုင်ကယ် ဖြစ်
တယ်လို့ ဆိုပါတယ်။ တပ်ဆင်မယ့် အင်ဂျင်ကလည်း လေယာဉ်တာဘို
အင်ဂျင်လို့ ဆိုပါတယ်။ မောင်းမှာက ပန်ကာမဟုတ်ပဲ ဘီးဖြစ်နေပါတယ်။ ဒီတော့ ဆီမသုံးပဲ လျှပ်စစ်ပါဝါ ချည်းနဲ့ဆို အဆင်ပြေမယ်လို့ဆိုပါတယ်။

ဘီးအရွယ်က တော်တော်ကိုကြီးပါတယ်။ ရာဘာသား ကောင်းကောင်း နဲ့ ပြုလုပ်ထားပြီး အက်ဆီးဒန့်ဖြစ်တဲ့အခါ မောင်းနှင်သူနဲ့ ဆိုင်ကယ်ကို အထိမနာအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဘက်ထရီတစ်လုံးတပ်ဆင်ထားရုံနဲ့တင် မြန်မြန်မောင်းရမယ့် ပြိုင်ဆိုင်ကယ်လို့ ဆိုပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်းသာ ခွစီးရမယ့် The Yog ဆိုင်ကယ် က ဒီဇိုင်းမှာတင်မဟုတ်ပဲ တကယ်ထွက်လာမယ်ဆိုရင် အားကစားသုံးပဲ
ဖြစ်ဖို့များကြောင်း သိရပါတယ်။

techblog ColayOnline:Automobile

0 comments:

Post a Comment

Search Our Site