၂-၄-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ မီးလောင်ကျွမ်းသော အဆောက်အဦးမှာ (၆၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ် အခင်းဖြစ်၍ အပေါ်ထပ်တွင် ပေ(၂၀)ပတ်လည် ပျဉ်ခင်းထပ်ခိုးပြုလုပ်ထားပြီး ထပ်ခိုး၏ အောက် ထပ်လှေကား ခြေရင်း ၌ထားရှိ အသုံးပြုသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲလောင် ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင် မှုကြောင့် ထပ်ခိုးအတက်အဆင်း လှေကားလက်ရမ်း၊ ထပ်ခိုးကြမ်းခင်းနှင့် သစ်သား ပြူ တင်းပေါက်များ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုး (၈၅၀၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့ကြောင်း အဆိုပါ ကျမ်းစာ သင်ကျောင်းအ တွင်း ညအိပ်သူ ဗလီကျောင်းသားဦးရေ (၇၀)ဦးခန့်ဖြစ်ပြီး သေဆုံးသူမှာ ကျား(၁၃)ဦးဖြ စ်၍ ပျောက် ဆုံးသူ(၄)ဦးအား ဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရဘဲ အသက်ရှင် လျက် ပြန် လည်တွေ့ ရှိခဲ့ကြောင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော အလောင်းများကို ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ထားရှိ ခဲ့ကြောင်းသတင်းရရှိသည်။
www.mmdailystar.com
0 comments:
Post a Comment