Tuesday, April 2, 2013

ရေကျော်ဗလီတွင် မီးလောင်မှု ကလေးငယ် များသေဆုံးပြီး ယင်းမီးမှာ သာမန်မတော်တဆမီးသာဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာသတင်း ထုတ်ပြန်



ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ် တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာ တို့ဖြင့် အိပ်လျက်သေ ဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ ဦးကိုပြန်လည်တွေ့ ရှိပြီဖြစ်ကြောင်းနိုင်ငံ ပိုင်ရုပ်မြင် သံကြားကတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။

မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြု ဆဲသတင်း အရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန် ချက် တွင်ဖော်ပြထားသည်။

"ဒါက သာမန်မတော်တဆမှုပါပဲ။ ဒါကိုအခွင့်ကောင်းယူပြီး ဆူပူမှုတွေဖြစ်အောင်လို့လူမှု ကွန်ယက်နဲ့ အင်တာ နက် စာမျက်နှာတွေမှာ ရေးသားလှုံ့ဆော်နေတာတွေတွေ့ရပါတယ်။ အဲဒါကြောင့် အစိုးရတာ ၀န်ရှိသူတွေအနေနဲ့သတင်းအမှန်တွေကိုအချိန်တပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။

အင်တာနက်မှာလည်းရဲဇာနည်ဖေ့စ်ဘွတ်စာမျက်နှာနဲ့ မြန်မာအသံရုပ်မြင်သံကြားကနေ သတင်းေ တွေ တာက်ေ လျာက် လွှင့် သွားမှာပါ" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။

From: 7Day News Journal

0 comments:

Post a Comment

Search Our Site