မန္တလေးမြို့တွင် လက်ထပ်ခါနီးသတို့သားလောင်းတစ်ဦးအား
ရဲစခန်းမှ ခေါ်ယူစစ်ဆေးပြီးအပြန်တွင် သေဆုံးသွားမှုကြောင့် ဖမ်းဆီးသူ ရဲတပ်
သား အား လူသေစေမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း
မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၃၁ ရက် နေ့ နံနက် ၃ နာရီအချိန်တွင်သပိတ် ကျင်းမြို့နယ်
ရှားတောရွာနေ ဝင်း မင်း (ခ) ဗဒင်မှ သီရိမင်္ဂလာကား ကွင်းသို့ ဘောကြီး(ခ)ပြည့်စုံအောင် မောင်းနှင်သော ဆိုင်ကယ် ကယ်ရီ အားငှားစီးရာ
ကားကွင်းအနီး ငါး လုံးတိုက်တန်းနားအရောက်တွင်
ဘောကြီး(ခ)ပြည့်စုံေ အာင်မှ လူကို ထိုး၍ ပိုက်ဆံတစ်သိန်းလုယူကာ
ထွက်ပြေးသွားသဖြင့် အရေးယူပေး ပါရန် ကားကွင်းတွင်လုံခြုံရေးတာ
ဝန်ထမ်းဆောင်နေသော ရဲတပ် သား သန်းနိုင်ထွန်းအား တိုင်တန်း
ခဲ့သည်။ရဲတပ်သားသန်းနိုင်ထွန်းမှာ
ကယ်ရီ သမားအသိုင်းအဝိုင်းအား စုံစမ်း ရာအကွက် (၉)တွင် နေ ထိုင် သော
ဘောကြီးဖြစ်ကြောင်း စုံစမ်း သိရှိရသဖြင့် လိုက်လံရှာဖွေရာ ၂၆ လမ်း၊ ၈၉-၉ဝ
ကြားတွင် တွေ့ရှိ ခဲ့ပြီး ဖြစ်စဉ်ကိုပြောပြကာ ဆိုင်ကယ်ေ ပ်ါတင်၍
စခန်းသို့ခေါ်ယူခဲ့သည်။ ဘောကြီးမှာ ဆိုင်ကယ်ပေါ် တက်ဟန်ဆောင်ပြီး ထွက်ပြေးရာ
တပ်သားသန်းနိုင်ထွန်းက လိုက် ဖမ်းခဲ့သည်။ ထွက်ပြေးစဉ်လမ်းတွင်
တည်းခိုခန်းတစ်ခုရှေ့ ကတ္တရာ လမ်းပေါ်တွင် ရေဖျန်းနေရာမှ ရဲ တပ်သားမှ
လှမ်းအဖမ်း နှစ်ဦးစလုံး ချော်လဲရာ မှ ဘြော ကီးမှာမျက်ခုံး ကွဲသည့်ဒဏ်ရာ
ရရှိခဲ့သည်။

၎င်းနောက် အမှတ် ၅ ရဲ စခန်းသို့ ခေါ်သွားရာ
ကူညီရှာဖွေ ပေးသည့် ကယ်ရီသမား လေးဦး ခန့်နှင့်အတူ တရားလိုဝင်းမင်း(ခ)
ဗဒင်ရှေ့မှောက်တွင် စစ်ဆေးခဲ့ရာ ဘောကြီးမှာ လူကိုထိုး၍ ကယ်ရီခ ငါးထောင်သာ
တောင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့်အမှုလိမ်လည် တိုင်တန်းသူ ဝင်းမင်း(ခ)ဗ ဒင်အား ပုဒ်မ ၁၈၂ နှင့်အမှုဖွင့်အရေးယူခဲ့ ပြီး ဘောကြီး(ခ) ပြည့်စုံအောင်အားညတွင်းချင်း
ပြန်လွှတ်ပေးခဲ့သည်။ ဘောကြီးအား ဒဏ်ရာကိုဆေးရုံ လိုက်ပို့မည်ဟု
တာဝန်ကျရဲမှူး မှ ပြောသော်လည်း လက်မခံဘဲ အိမ်သို့ပြန်သွားခဲ့ သည်။
ဘောကြီး(ခ)ပြည့်စုံအောင်မှာ
မျက်ခုံးကွဲသည့်ဒဏ်ရာ မသက်သာ သဖြင့်နံနက် ၁ဝနာရီခွဲတွင် ဆေးရုံ သို့သွားရာ
လမ်း၌ သေဆုံးခဲ့သည်။ ထို့ကြောင့်မန္တလေးပြည်သူ့ ဆေးရုံကြီးမှ
လူသေအလောင်းကို PR12/2013
ဖြင့် လက်ခံခဲ့ပြီး အ လောင်းအားစစ်ဆေးရာ အလောင်း မှာ ဦးခေါင်းခွံအက်ကာ
ဦးနှောက် အတွင်းသွေးယိုစိမ့်မှုဖြင့်သေ ဆုံးခဲ့ ကြောင်း မှုခင်းဆရာဝန်ကြီးမှ
ထွက်ဆိုခဲ့ကြောင်းတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အမှုအား အမှတ် ၅ ရဲစခန်း မှ
ထပ်မံစစ်ဆေးပြီးတရား ခံဖမ်း ဆီးရာတွင် သေစေမှုဖြင့် ရဲတပ်
သားသန်းနိုင်ထွန်းအား ပုဒ်မ ၃ဝ၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
သိရှိရသည် ”အင်္ကျီအစိမ်းနဲ့တစ်ယောက် ရောက်လာတယ်။ ပိုက်ဆံတစ်သိန်း
ခွဲယူပြေးသွားတယ်လို့ ပြောတယ်။ ဒါနဲ့ ရဲစခန်းကို သွားတိုင်လို့ပြော
လိုက်တယ်။ နောက် ၁ဝ မိနစ် လောက်ကြာတော့ ရဲကင်းက ရဲနဲ့ အဲဒီလူနဲ့
ရောက်လာပြီး အရှေ့ ဘက်ကိုထွက်သွားတယ်။ နောက် သေဆုံး တဲ့ေ ကာင်လေးပါ
ပါလာတယ်။ ပိုက်ဆံဘယ်လောက်ယူလဲ ဆိုတော့ ၅ဝဝဝ ပဲယူတာဆိုပြီး ပြောတယ်။ ဒါနဲ့
မင်းတိုင်တဲ့သူနဲ့ တွေ့ပေးမယ် အမှန်အတို င်းပြောဆို ပြီး ပြောတာကြားတယ်။
နောက် သေသွားတဲ့ကောင်လေး ထွက်ပြေးသွားတာတွေ့တယ်”ဟု မျက်မြင် တွေ့ရှိသူ
ဆိုင်ကယ်ကယ်ရီသမား တစ်ဦးကပြောသည်။ သေဆုံးသူမှာ လက်ထပ်ရန် ငါးရက်သာ
လိုသောအချိန်တွင် သေဆုံးခြင်းဖြစ်ပြီး ၄င်းလက်ထပ် မည့် အမျိုးသမီးတွင်
ကိုယ်ဝန် သုံးလကျန်ခဲ့ကြောင်း သိရသည်။ သေဆုံးသူ၏ အမျိုးသမီးမသင်း
သင်းခိုင်က ”ကျွန်မနဲ့တွေ့တော့ သူ့ကို ဆေးရုံပို့ပေး ဖို့သာ မျက်လုံး
ပြူးနဲ့ ပြော တယ်။ ခေါင်းမှာလည်း ဘုကြီးနဲ့။ မေးတော့ ရဲက ခေါင်းကို
ရိုက်တယ်လို့ပြောတယ်။ မနက် ၇ နာရီခွဲမှာဆုံးတာ” ဟု ပြောသည်။ သေဆုံးသွားသော
ဘောကြီး (ခ)ပြည့်စုံအောင်အား ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင်
ကြာနီကန်သုသာန်၌ သင်္ဂြိုဟ် ကြောင်း သိရသည်။ ၄င်း ကိစ္စနှင့် ပတ်သ က်ပြီး
သေဆုံးသူမိသားစုမှ ဧပြီ ၂ ရက် နံနက် ၁၁ နာရီက ၂၆ လမ်း၊ ၉၁ x ၉၂ လမ်းကြားရှိ
ပြည့်ဖြိုး လက်ဖက်ရည်ဆိုင်၌ စာ နယ်ဇင်းရှင်းလင်း ပွဲ ပြုလုပ်ခဲ့ရာ တွင်
သေဆုံးသူ၏ အမျိုးသမီး မသင်းသင်းခိုင်က အထက်ပါအ တိုင်းပြောခြင်းဖြစ်သည်။
ဖိုးလပြည့်၊ စိုင်းလမင်း
Popular Myanmar News Journal
0 comments:
Post a Comment