မမွေးဖွားလိုသည့် ရင်သွေးများအား မိခင်အသက်အန္တရာယ်ကင်းဝေးရန်
တွက် ဆေးရုံများ၌ ဖျက်ချနိုင်ခွင့်ရှိစေရန် အစိုးရအနေဖြင့် အကောင် အ
ထည် ဖော်ပေးစေလိုကြောင်းရန်ကုန်
လှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
လက်ရှိပြဋ္ဌာန်းထားသော ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၂ အရ အစိုးရက ခန့်အပ်ထားသည့် အဖွဲ့ အစည်း၏ ထောက်ခံချက်မပါရှိပါ က ကိုယ်ဝန်မ ရှိစေရန် ခွဲစိတ်ခံခွင့် ကန့်သတ်ထားသည့်အတွက် မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မကျွမ်းကျင် သောအရပ်လက်သည်များနှင့် ကိုယ်ဝန် ဖျက်ချခြင်းဖြင့် မိခင်များ သေဆုံးမှု ဖြစ်ပေါ်စေနိုင်သည်ဟု ၄င်းကပြောသည်။

လက်ရှိအချိန်တွင် အစိုးရ ဘက်မှ မိခင်လောင်းများအား အ ပြည့်အဝ ကူညီထော က်ပံ့နိုင်မှုအား နည်းနေပြီး မွေးဖွားလိုမှုမရှိသည့် ရင်သွေး
များ မွေးဖွားရမှုတို့ကြောင့် ဆေးရုံ၊ ဈေး၊ အမှိုက်ပုံ အစရှိသည့် နေရာများ
တွင် ကလေး ငယ်စွန့်ပစ် မှုများရှိနေခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။
ယင်းအပြင် ကလေးမွေးဖွား မည့်မိခင်များအတွက် ကိုယ်ဝန် ဆောင်စဉ်နှင့်မွေး
ဖွားစဉ် အခမဲ့ ဆေးကုသခွင့်ပေးရန် လိုအပ်သည် ဟု ၄င်းကပြောသည်။
ယင်းကဲ့သို့ အခမဲ့ဆောင်ရွက်ပေးရန် အဆိုကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ
သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ
ပြီး ဆွေးနွေးမှုကို ဧပြီ ၃ရက်နေ့တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။
၎င်း၏ ပြောပြချက်အရ မြန် မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ ဝင် ၁၈၉
နိုင်ငံသည် ၂ဝဝဝ ခုနှစ် မှစတင်ကာ ထောင်စုနှစ်ရည်မှန်း ချက်အဖြစ် မိခင် များသေဆုံးမှု အချိုးအစား ၇၅ ရာခိုင်နှုန်းခန့် လျော့နည်းရေးကို ချမှတ်
သဘော တူခဲ့ပြီးဖြစ်ကြောင်း၊မြန်မ
အနက် ၃၆ဝ ခန့် သေဆုံးမှုရှိနေရာ ယင်း မှာမြင့်မားသည့်နှုန်းထားဟု ဆိုနိုင် ကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက် အရ မိခင်တစ်သိန်းလျှင်
သေဆုံး သူ ၁ဝဝ အောက်လျှော့ချရန် လိုအပ်ကြောင်းဒေါက်တာ ညိုညို သင်းကဆက်လက်ပြောသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၂ အရ အစိုးရအဖွဲ့အစည်း ၏ ခွင့်ပြုချက်မရှိဘဲ သန္ဓေသားမရှိရန် ခွဲစိတ်ပါက ခွဲစိတ်သူနှင့်ခွဲစိတ်ခံသူ နှစ်ဦးလုံးထောင်ဒဏ် ၃ နှစ်ကျခံရ ဖွယ်ရှိကြောင်း ၄င်းက ပြောသည်။
ဝေမာထွန်း
Popular Myanmar News Journal
0 comments:
Post a Comment