ကေအိုင်အိုနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရက် ရွှေ့ဆိုင်း
ကေအိုင်အိုနှင့်
အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရက် ရွှေ့ဆိုင်းရခြင်းမှာ
တရုတ်အစိုးရ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့်ဟု ပြည်တွင်း မီဒီယာအချို့က
ရေးသားခြင်းမှာ မှားယွင်းကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏
တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် (ဧပြီ ၇ ) မွန်းလွဲပိုင်းက
ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်တွင် ဆွေးနွေးပွဲကို
သတ်မှတ်ထားသည့်ရက်၌ မကျင်းပနိုင်ခြင်းမှာ သွားလာပို့ဆောင်ရေး အစီအစဉ်များ
အဆင်မပြေခြင်းသည် အဓိက
အကြောင်းအရင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
မူလက ဧပြီ ၆ ရက်တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း
ရက်ရွှေ့ဆိုင်းလိုက်ပြီး သင်္ကြန်ကာလအပြီးတွင်မှ ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
7Day News Journal
0 comments:
Post a Comment