Ads

ကြော်ငြာ

Sunday, April 7, 2013

Posted by ဆူးအေမီ on 8:46 PM in | No comments
ကေအိုင်အိုနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရက် ရွှေ့ဆိုင်းရခြင်းမှာ တရုတ်အစိုးရ၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့်ဟု ပြည်တွင်း မီဒီယာအချို့က
ရေးသားခြင်းမှာ မှားယွင်းကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံး၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်  (ဧပြီ ၇ ) မွန်းလွဲပိုင်းက ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်တွင် ဆွေးနွေးပွဲကို သတ်မှတ်ထားသည့်ရက်၌ မကျင်းပနိုင်ခြင်းမှာ သွားလာပို့ဆောင်ရေး အစီအစဉ်များ အဆင်မပြေခြင်းသည် အဓိက
အကြောင်းအရင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မူလက ဧပြီ ၆ ရက်တွင် မြစ်ကြီးနားမြို့၌ ပြုလုပ်သွားရန် စီစဉ်ထားသော်လည်း
ရက်ရွှေ့ဆိုင်းလိုက်ပြီး သင်္ကြန်ကာလအပြီးတွင်မှ ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း စုံစမ်းသိရသည်။

7Day News Journal
 
 

0 comments:

Search Our Site