ပြည်ထာင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး
ကြော်ငြာချက်
၁၊ မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၀၁၄ ခု နှစ် ဇန်နဝါရီ ၂၁ အထိဆောင်ရွက်ပေးလျှက်ရှိသည့် "6P Special Programme Management of Illegal Undocumented Foreign Workers " အစီအစဉ်မှာ ပြီးဆုံးတော့မည်ဖြစ်ပါကြောင်း ၊ အစီအစဉ်ပြီးဆုံးသည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် သန်းခေါင်ချိန် ၁၂:၀၁ အချိန်မှ စတင်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများပါဝင်သော စစ်ဆင်ရေး အဖွဲ့များဖြင့် နိုင်ငံအနှံ့ တရားမဝင် နိုင်ငံခြားသားများ အား စစ်ဆေး ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးဌာန မှ အသိပေး ကြော်ငြာ ထားပါသည် ။
၂၊ အဆိုပါဖမ်းဆီးများအတွင်း ဖမ်းဆီးခြင်းမခံရမီ မိမိတို့သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနထံ သွားရောက် လျှောက်ထားနိုင်ပါကြောင်း ၊ ထိုသို့လျှောက်ထားရာတွင် အပြန်လေယာဉ် လက်မှတ် နှင့် နိုင်ငံကူးလက်မှတ် (သို့) နိုင်ငံသားဖြစ်ကြောင်း အထောက်အထားလက်မှတ် ( C of I ) တင်ပြရန် လိုမည်ဖြစ်ကြောင်း ၊ မိမိဆန္ဒအလျှောက် ပြန်လည်ထွက်ခွာ ရန် လျှောက်ထားလာသူများအား သတ်မှတ်ဒဏ်ကြေး (Compound Fees) သာကောက်ခံသွားမည်ဖြစ်ပြီး ပစ်ဒဏ်ချမှတ်ခြင်း လုံးဝပြုမည် မဟုတ်ပါကြောင်း ၊ ဒဏ်ကြေးမည်မျှ ကျခံရမည်ကို ထပ်မံအသိပေးကြော်ငြာသွားမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန မှ မြန်မာသံရုံးအပါအဝင် နိုင်ငံခြားသံရုံးများသို့ အသိပေးအကြောင်းကြားလာပါသည် ။
၃၊ သို့ပါ၍ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်လျှက်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိဆန္ဒအလျှောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန်အတွက် မြန်မာသံရုံးသို့ လာရောက် စုံစမ်းနိုင်ပါကြောင်း နှင့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား လက်မှတ် ( C of I) များ လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး
ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ ။
ရက်စွဲ ၊ ၂၀၁၄ ၊ ဇန်နဝါရီလ ၁၅ ရက်နေ့
လွန်ခဲ့သော ၁၄.၁.၂၀၁၄ နေ့ မလေးရှား Thestar သတင်းစာတွင် 6P အစီအစဉ်အားလုံး ပြီးဆုံးပြီဖြစ်သောကြောင့် လာမည့် ၂၁.၁.၂၀၁၄ တွင် တရားမဝင်နေထိုင်သူအားလုံးကို အဆုံးသတ် ဖမ်းဆီးမည်ဖြစ်ကြောင်း ၊ ထိုတရားမဝင်နေထိုင်သူများကို ဆက်လက် ခန့်ထားသော အလုပ်ရှင်များကိုလည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ထုတ်သတင်းစာများ အားလုံး တွင်တရားဝင်ကြော်ငြာသွားခဲ့သည် ။
သို့သော် ..
ယနေ့ မလေးရှားအစိုးရ မှ အဆိုပါ အဖမ်းဆီး မတိုင်မီ တရားမဝင် ဖြစ်နေသူများ မလေးရှားနိုင်ငံမှ ထွက်ခွာလိုပါက မလေးရှားနိုင်ငံ အစိုးရ နှင့် လဝကမှ ဒဏ်ကြေး ဆောင်၍ ပြန်လည်ထွက်ခွာ ခွင့်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာ သံရုံများသို့ တရားဝင် စာပို့ခဲ့သည် ။
ထို့ကြောင့် တရားမဝင် ဖြစ်နေသော မြန်မာနိုင်ငံသားအားလုံး မိမိတို့ ရှိ စာရွက်အထောက်အထား ၊ ပတ်စပို့မူရင် ၊ မရှိပါက မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထားဖြစ်သော CI ကို မြန်မာသံရုံးတွင်လျှောက်ထားကာ မလေးရှား အစိုးရမှ သတ်မှတ်သော ဒဏ်ကြေးပေးဆောင်ပြီး လေယာဉ်လက်မှတ် ဝယ်ကာ ပြန်နိုင်မည်ဖြစ်ကြောင်း အဆိုးကြားမှ သတင်းကောင်းတစ်ခု အနေဖြင့် တင်ဆက်ပေးရပါသည် ။ဟု
မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ www.facebook.com/mmrinmyတွင်ဖော်ပြထားသည်။
Popular Myanmar News Journal

0 comments:
Post a Comment