နော်ဝေးဒုနိုင်ငံခြားရေးဝန် ကြီးအဖွဲ့၊
လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအဖွဲ့နဲ့ ကရင်အမျိုးသား
အစည်းအရုံးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ဦးဆောင်တဲ့ အဖွဲ့တို့
ပူးပေါင်းပြီး ဒီကနေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် နောင်ဘိုကြီးကျေးရွာက
ဒေသခံ ၃၀၀ ကို မှတ်ပုံတင် ထုတ်ပေးနေပါတယ်။
ဒီအစီစဉ်ဟာ နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက တခုဖြစ်တဲ့အတွက် နော်ဝေ ဒု-နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် အဲဒီ နောင်ဘိုရွာအထိ လိုက်ပြီး မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ပါဝင်တာဖြစ်လို့ ဒီခရီးစဉ်မှာလိုက်ပါ သတင်းယူတဲ့ ဒီဗွီဘီဝိုင်းတော်သား ဦးတိုးဇော်လတ်က ပြောပါတယ်။
မှတ်ပုံတင်မရှိသေးတဲ့သူတွေကို
မှတ်ပုံတင်ထုတ်ပေးရေး အစီစဉ်ကို လာမယ့် ၂၀၁၅ အထိ လုပ်ဆောင်ဖို့ရှိတယ်လို့
ဆိုပါတယ်။ ၂၀၁၅ မှာ မြန်မာပြည်သူ မဲပေးနိုင်ခွင့်ရှိအောင်
ရည်ရွယ်ပြီးထုတ်ပေးတာလို့လည်း ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။
နိုင်ငံသားစိစစ်ရေးကပ်ပြားရှိခြင်းအားဖြင့် နိုင်ငံသား တယောက်ရဲ့ပိုင်ခွင့်အရေးတွေ ဖြစ်တဲ့ မြေယာပိုင်ဆိုင်၊ သွားလာခွင့်ကို အပြည့်အ၀ ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
(သတင်း - နော်နိုရင်း၊ ဓါတ်ပုံ - ကိုခင်မောင်ဝင်း)
ဒီအစီစဉ်ဟာ နော်ဝေနိုင်ငံက ထောက်ပံ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲက တခုဖြစ်တဲ့အတွက် နော်ဝေ ဒု-နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် အဲဒီ နောင်ဘိုရွာအထိ လိုက်ပြီး မှတ်ပုံတင်ထုတ်ပေးရေး လုပ်ငန်းစဉ်မှာ ပါဝင်တာဖြစ်လို့ ဒီခရီးစဉ်မှာလိုက်ပါ သတင်းယူတဲ့ ဒီဗွီဘီဝိုင်းတော်သား ဦးတိုးဇော်လတ်က ပြောပါတယ်။
မှတ်ပုံတင်မရှိသေးတဲ့သူတွေက
နိုင်ငံသားစိစစ်ရေးကပ်ပြားရ
(သတင်း - နော်နိုရင်း၊ ဓါတ်ပုံ - ကိုခင်မောင်ဝင်း)
0 comments:
Post a Comment