ပွင့်လင်းခြောက်သွေ့သည့်ရာသီသို့ ရောက်လာသောအခါ
လမ်းဘေးအရိပ်အာဝါသကောင်းသည့်နေရာများ၌ ရေချမ်းစင်လေးများ
ဆောက်လုပ်လှူဒါန်းပြီး ကုသိုလ်ယူကြသည်မှာ မြန်မာလူမျိုးတို့၏
ချစ်စရာဓလေ့စရိုက် ပင်ဖြစ်သည်။ ထိုသို့ ဆောက်လုပ်လှူဒါန်းကြသည့် ရေချမ်းစင်များမှာ အများအားဖြင့် လေးတိုင်စင်၊ ဝါးပေါက်စိပ်တိုင်တို့ဖြင့် ဆောက်လုပ်လေ့ရှိကြသည်။
ထူးခြားသည့်ရေချမ်းစင်လေးတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်
မင်ရွာကျေးရွာ၌ တွေ့ရှိခဲ့သည်။ အခြားရေချမ်းစင်များနှင့်မတူဘဲ
ရှေးမြန်မာအမျိုးသားကြီးတစ်ယောက်က သောက်ရေအိုးနှစ်လုံးကို ဆိုင်းထမ်းဖြင့်
ထမ်းထားသည့်ပုံနှင့် ဆောက်လုပ်လှူဒါန်းထားသည်မှာ အမြင်တစ်မျိုးထူးခြား
ဆန်းသစ်နေပြီး ဆောက်လုပ်လှူဒါန်းသည့် ရွာသူရွာသားတို့၏ စိတ်ကူးကောင်း
ပုံကိုလည်း လေးစားဂုဏ်ယူမိသည်။
ငွေသိန်း(မှော်ဘီ)
The Mirror Daily
Search Our Site
Powered by Blogger.
0 comments:
Post a Comment