မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နိုင်ငံ ဆိုတာ အခုတော့ အချိန်မရွေး သွားလို့ ရပါတော့မယ်။
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက
မြန်မာနိုင်ငံသားတွေအတွက် အကြိမ်ကြိမ် ၀င်ထွက်ခွင့် Multiple- Entry
ဗီဇာအမျိုး အစားတွေ မနေ့က စတင်ထုတ်ပေးသွားမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
အခု ဂျပန်နိုင်ငံခြားရေး
ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထား သူတွေ
အနေနဲ့ ၃ နှစ် သက်တမ်းရှိ Multiple- Entry ဗီဇာ ထုတ်ပေးမှာဖြစ်ပြီး ဗီဇာ
သက်တမ်းအတွင်း ဂျပန်နိုင်ငံမှာ တကြိမ်သွားတိုင်း ရက်သတ္တ ၂ ပတ်
နေထိုင်လည်ပတ်ခွင့် ရှိတယ်လို့ ဆိုပါတယ်။
မြန်မာတွေ ဂျပန်ကို အလည်အပတ်
ပိုမိုလာကြဖို့ နဲ့ ၂ နိုင်ငံအကြား ဆက်ဆံရေး ပိုကောင်းအောင် အခုလို စီစဉ်တာ
ဖြစ် တယ်လို့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက ဆိုကြောင်း သြစီ ABC
မြန်မာပိုင်းသတင်းတပုဒ်က ဆိုပါတယ်။
ဂျပန်အနေနဲ့ တချိန်က
မြန်မာနိုင်ငံသားတွေကို Single Entry ဗီဇာမျိုးပဲ ခွင့်ပြုခဲ့တာဖြစ်ပြီး
တကြိမ်သာ ဂျပန်နိုင်ငံ ၀င်ထွက်ခွင့် ပြုခဲ့တာပါ။
ဒါပေမယ့် အခုလို Multiple – Entry
ဗီဇာ ပေးလိုက်တာကတော့ ဂျပန်-မြန်မာ ၂ နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆၀
ပြည့်အထိမ်းအမှတ်အနေနဲ့ ဂျပန်-မြန်မာ ၂ နိုင်ငံဆက်ဆံရေးကို အားကောင်းအောင်
ရည်ရွယ်တာပါ။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်ပိတ် ဆို့မှုတွေ
လုပ်ထားခဲ့စဉ်ကလည်း ထိတွေ့ဆက်ဆံမှုတွေလုပ်ခဲ့ပြီး အခု ပွင့်လင်းစပြုလာတဲ့
မြန်မာနိုင်ငံမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဆက် တိုက်
တိုးမြှင့်လုပ်ဆောင်လာနေတာပါ။
ဒီအပြင် ကမ္ဘာ့ဘဏ်နဲ့
အာရှဖွံ့ဖြိုးရေး ဘဏ်ကို မြန်မာနိုင်ငံက ပေးစရာ အကြွေးမြီတွေကိုလည်း
ကြားဝင်ပေးဆပ် ခဲ့လို့ မြန်မာနိုင်ငံက
ကြွေးမြီကင်းရှင်းနိုင်ငံစာရင်းဝင်သွားကာ ကြွေးမြီသစ်တွေ ချေးယူခွင့်
ရခဲ့ပါတယ်။
မကြာသေးမီကပဲ ဂျပန်နိုင်ငံကို
အလည်အပတ် သွားခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ကလည်း ဂျပန် ၀န်ကြီးချုပ်
ရှင်ဆိုအာဘေးနဲ့ တွေ့ဆုံအပြီး မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေး
လုပ်ငန်းတွေဖြစ်တဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက် ဖို့ ဂျပန် ယမ်းငွေ ၆၃
ဘီလျီယံ ချေးယူဖို့ အသနားခံခဲ့ပါတယ်လို့လည်း ABC သတင်း တပုဒ်က ဆိုပါတယ်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံ
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် ကျန်တဲ့ စီးပွားရေး လုပ်ငန်းတွေမှာ
ရင်းနှီးမြှုပ်နှံ ရေးအစီအစဉ်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။
အိမ့်သံစဉ် ~
Search Our Site
Powered by Blogger.
0 comments:
Post a Comment