Monday, September 23, 2013

KIA ၏ စစ်သားသစ် စုဆောင်းသော လုပ်ရက်များကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ဒေသခံပြည်သူများ မငြိမ်းချမ်းနိုင်ခဲ့




          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသနှင့် ပူတာအိုဒေသများ၌ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဖြစ်သော မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က  KIA ၏ စစ်သားသစ်အဖြင့် အတင်းအဓမ္မ စုဆောင်း ပေါ်တာဆွဲသော လုပ်ရက်များကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ မငြိမ်းချမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။
          ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၏ တောင်ဘက် ၃ မိုင်ခန့် ကွာဝေးသော ရေကြည်ကျေးရွာမှ လီဆူးလူမျိုး အမျိုးသား (၆) ဦးနှင့်
တာလောကြီးကျေးရွာ၏  မြောက်ဘက် (၅) မိုင်ခန့် ကွာဝေးသော ရွာသစ်ရွာမှ ရှမ်းအမျိုးသားတစ်ဦး အပါအ၀င်  လီဆူးလူမျိုး အမျိုးသား (၅) ဦး စုစုပေါင်း (၁၂) ဦးကို တာလောကြီးကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ကျေးရွာများမှ အဆွဲခံလိုက်ရတယ်လို့ သိရပါတယ်။
          အခုလို တာလောကြီးကျေးရွာ ပတ်ဝန်းကျင် တ၀ိုက်ရှိ ကျေးရွာများမှ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတာကြောင့် တာလောကြီး ဌာနေပြည်သူ့စစ်များကို အသင့်အနေအထားနှင့် အခင်းဘက်တွေမှာပါ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် တိုးမြင့်ချထားတယ်လို့ တာလောကြီး ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။
KIA မှ ဒေသခံတိုင်းရင်းသားများကို စစ်သားသစ်အဖြင့် အခုလို ဖမ်းဆီးခေါ်ဆောင်ခဲ့တာနှင့် ပက်သက်၍ တာလောကြီးကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှ -
          “မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့လို့ ကြားရတော့ သြော် အေးအေးဆေးဆေးပဲ နေရလိမ့်မယ်လို့ ယူဆထားတာပေါ့၊ အဲဒီအချိန်မှာဘဲ တချိန်တခါတည်းမှာဘဲ နေရာတကာတိုင်းမှာ အဖမ်းခံရတာပေါ့၊ သူတို့ဖမ်းချင်တာက ရှမ်းကလေးတို့ ဗမာကလေးတို့ကို ဖမ်းချင်တာပေါ့၊ ဒါပေမဲ့ ရှမ်းကလေးတွေက တော်တော်ပါးနေလို့ တချို့တချို့နေရာတွေမှာဘဲ အဖမ်းခံလိုက်ရတယ်လို့ ပြောတယ်၊ ကျွန်တော်တို့ ဘက်ကတော့ ရှမ်းတွေက ထွက်ပြေးလို့ မပါလိုက်ဘူး၊ ရွာသစ်ဘက်မှာဘဲ ရှမ်းတစ်ယောက် ပါသွားတယ်၊ ဧည့်သည်လို့လဲ ပြောတယ်၊ အဲဒါ ပြေးကြ လွှားကြနဲ့ ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျ မသိရသေးပါဘူးလို့ “  ပြောပြသည်။
ပူတာအိုဒေသ ဘက်တွေမှာလဲ တော်တော်လေး ရှုပ်ရှုက်ခတ်နေတယ်လို့ ကြားရပါတယ်၊ မနေ့တုန်းက လူတွေ တော်တော်ကို အဖမ်းခံရတယ်လို့ ပူတာအိုဒေသဘက်မှ အမျိုးသမီးတစ်ဦးထံမှ သိရပါသည်။ ၀င်ရောက်လာတဲ့ KIA လူငယ်တွေကလည်း ကျွဲတွေ၊ နွားတွေ အကုန်သတ်စား၊ တွေ့ကရာ အကုန်ယူစားနဲ့ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်လို့ ၄င်းအမျိုးသမီးကပဲ ငြီးပြသွားခဲ့ပါတယ်။



http://ukawlay.blogspot.com

0 comments:

Post a Comment

Search Our Site