Sunday, September 15, 2013

မြန်မာစာပို့စနစ် တိုးတက်အောင် ဂျပန်ကူညီမယ်




မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံ ချမှတ်ရာမှာ ဂျပန် နိုင်ငံကနေ ကူညီ ပေးမှာဖြစ်ပြီး အစီအစဉ်ကို ၂၀၁၄ခု ဘဏ္ဍာနှစ်မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ် အကူအညီတွေ ဘယ်လိုအကောင်အထည် ဖေါ်မလဲဆိုတာတွေကို လာမည့် နှစ်စပိုင်းလောက် မှာ ဆွေးနွေးသွားမယ်လို့လဲ သိရပါတယ်။

အကောင် အထည် ဖေါ်တဲ့ အခါ၊ စာပို့စနစ်ကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင် ရွက်သွား နိုင်ဖို့ လူအင် အား အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက် စနစ်ကျအောင် အသုံးချဖို့ ပါဝင်မယ်လို့လဲ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို post code လို့ သတ်မှတ်ထားတဲ့ ရပ်ကွက်ဒေသဆိုင်ရာ သတ်မှတ် ချက်တွေစက်ကနေတဆင့် စာတွေကို ရှင်းထုတ် တန်းစီ ဖြန့်ဖြူးပေးတဲ့စနစ်တွေ စာပို့ရာမှာ လိုအပ်တဲ့ကွန် ယက် တည်ဆောက်မှု တွေကိုပါ စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ ကူညီပူပေါင်းဆောင် ရွက်ပေးဖို့ ပြီးခဲ့တဲ့ မေလတုံးက မြန်မာ အာဏာပိုင်တွေနဲ့ ဂျပန်တို့ သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့လဲ သိရပါတယ်။

အလားတူ ဂျပန်နိုင်ငံက ဗီယက်နမ် နိုင်ငံအဖို့ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံချမှတ် ရာမှာ ကူညီပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ဗီယက်နမ်လို တိုးတက်ဆဲနိုင်ငံတွေမှာ စာပျောက်တာတွေ ကြံ့ကြာတာတွေများတဲ့အတွက် ကြောင့် ဂျပန်နိုင်ငံက အခုလိုခေတ်မှီစက်ကရိယာတွေ ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ABC
 

0 comments:

Post a Comment

Search Our Site