Saturday, July 6, 2013

“ပိရမစ်အဆေက်အအုံကို ဖြိုချသည့် အိမ်ရာလုပ်ငန်းအား ပီရူးအစိုးရ တရားစွဲဆို”

ပီရူးနိုင်ငံတွင် ရှေးဟောင်း ပိရမစ် အဆောက်အအုံကြီး တစ်ခုကို ဖြိုချခဲ့သည့်အတွက် အိမ်ရာလုပ်ငန်း ကုမ္ပဏီ နှစ်ခုကို အစိုးရက တရားစွဲဆိုထားကြောင်း သိရှိရသည်။ အဆိုပါ ကုမ္ပဏီများသည် အမြင့်ပေ (၂၀)မျှရှိသည့် ရှေးလက်ရာ ပိရမစ်ကြီးကို လုပ်ငန်းခွင် ရှင်းလင်းမှုများအတွင်း ဘူဒိုဇာဖြင့် ထိုးချ ဖြိုဖျက်ခဲ့သည်။

မြေပ်ါတွင် ပြားပြားဝပ်သွားသည့် အဆိုပါ ပိရမစ်ကြီးသည် အနည်းဆုံး သက်တမ်း နှစ်(၄၀၀၀)မျှ တည်တံ့ခဲ့ပြီး ဖြစ်သည်။ ပီရူးနိုင်ငံ၊ လီမာမြို့တော်အနီးရှိ အဆိုပါ အဆောက်အအုံသည် အယ်လ်ပါရီဆို အနီးတဝိုက်တွင် တွေ့ရှိရသည့် ပိရမစ်ဟောင်း (၁၂)ခုအနက် အပါအဝင်လည်း ဖြစ်သည်။

လီမာမြို့တော် မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် တည်ရှိသော ပိရမစ်ကို ဘီစီ (၃၅၀၀)မှ (၁၈၀၀)ကြား အချိန်တွင် တည်ဆောက်ခဲ့ခြင်းဟု သမိုင်းပညာရှင်များက ဆိုသည်။ ပီရူး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနက ကိုလံဘီယန် အင်ကာမျိုးနွယ်များ မတိုင်မီ ရှင်သန်ခဲ့သည့် လူသားတို့၏ ရှေးအမွေအနှစ် လက်ရာများကို ဖျက်ဆီးခြင်းသည် ခွင့်လွှတ်ရန် ခက်ခဲလွန်းကြောင်း ပြောကြားခဲ့သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာဖာရဲလ် ဗာရွန်းက အဆိုပါ ကုမ္ပဏီများသည် စက်ယန္တရားကြီးများကို အသုံးပြုကာ နောက်ထပ် ပိရမစ် (၃)ခုကိုပါ ဖျက်ဆီးရန် လုပ်ဆောင်ခဲ့သော်လည်း ဘေးပတ်ဝန်းကျင်မှ လူအများက တားဆီးသဖြင့် အထမမြောက်ခဲ့ကြောင်း ဆိုသည်။ ယခုအခါ အစိုးရ ရှေ့နေများသည် သက်ဆိုင်ရာ ကုမ္ပဏီ နှစ်ခုကို ရှေးဟောင်း အမွေအနှစ်များ ဖျက်ဆီးမှုအတွက် တရားစွဲဆိုခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

#Peru, #pyramid
#PlanetMyanmar

အေးချမ်းမွန် Credit To > Planet Myanmar Network< Thank
Re-post By ACM 4-7-2013

‎#PlanetMyanmar

အေးချမ်းမွန် Credit To > Planet Myanmar Network< Thank

0 comments:

Post a Comment

Search Our Site