ရန်ကုန်တွင် တစ်ရက်တည်း လူသေဆုံးမှု ခြောက်မှုဖြစ်
ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လေးခုတွင် ဇွန်လ ၃၀ ရက်နေ့က လူသေဆုံး မှု
ခြောက်မှု ဖြစ် ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်း သိရှိရသည်။
မှော်ဘီ၊ ကျောက်တံတား၊ လှိုင်သာယာနှင့်
ကော့မှူးမြို့နယ်တို့တွင် အသက် ခြောက်နှစ်အရွယ် ကိုရင် တစ်ပါး ၊ အသက် ၁၇
နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသား တစ်ဦး၊ အသက် ၁၉ နှစ်အရွယ် လူငယ်
တစ်ဦးတို့ အပါအဝင် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံး
ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါ သေဆုံးမှုများသည် ကြိုးဆွဲချ သေဆုံးမှုတစ်ခု၊ ရေထဲမှ အလောင်းပေါ်
သေဆုံးမှုတစ်ခု၊ လမ်းတွင် သေဆုံးမှုတစ်ခု၊ ရေနစ် သေ ဆုံးမှုတစ်ခု၊ ချော်လဲ
သေဆုံးမှုတစ်ခု၊ လယ်ကန်သင်းပေါ် တွင် သေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။
ဇွန်လ ၃၀
ရက်နေ့၊ နံနက် ၇ နာရီ ခန့်က လှိုင်သာယာမြို့နယ် (၆)ရပ်ကွက်၊
သီရိမင်္ဂလာလမ်းရှိ ဗာဒံပင် တွင် အသက် ၁၉ နှစ် မိုးကျော်သည် ကြိုးဆွဲ ချ
သေဆုံးခဲ့ပြီး အဆိုပါနေ့ နံနက် ၈နာရီ အချိန် က မှော်ဘီ မြို့နယ် (၄)
ရပ်ကွက်ရှိ မှော်ဘီ ချောင်းကူး တံတားအနီး တွင် ရေနစ် ပျောက် ဆုံးနေသော
အမျိုးသား တစ်ဦး၏ အလောင်း ပြန်ပေါ်လာခဲ့ကြောင်း မြို့နယ် ရဲစခန်းများ၏
ထုတ်ပြန်ချက်အရ သိရ သည်။
တတိယမြောက် လူသေဆုံးမှုအဖြစ်
ကျောက်တံတားမြို့နယ် (၁)ရပ်ကွက် ဆူးလေဘုရားလမ်းရှေ့ ပလက်ဖောင်းပေါ်တွင်
ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက အသက် ၅၀ ခန့်ရှိ အခြေအနေမဲ့ အမျိုးသမီး
တစ်ဦး သေဆုံး ခဲ့ပြီး ကော့မှူး မြို့နယ် မကျည်းပင် ကျေးရွာရှိ
လယ်ကွင်းတွင် လယ်ထွန်နေသူ တစ်ဦး လယ်ကန်သင်းရိုးကို မှီ၍ သေဆုံးမှု တစ်ခု
နံနက် ၁၀နာရီက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
လှိုင်သာမြို့နယ် (၁၈) ရပ်ကွက်
ကင်းဝန်မင်းလမ်း နေထိုင်သူ တက္ကသိုလ် ဝင်တန်း ကျောင်းသား အသက် ၁၇နှစ် အရွယ်
မောင်သက်ကိုကိုသည် အဆိုပါနေ့ မွန်းလွဲ ၂နာရီအတွင်း ပဒံကျေးရွာ၊
ရန်ကုန်-ပုသိမ် လမ်းမဘေး ရှိ ရေမြောင်းအတွင်း ရေနစ် သေဆုံးခဲ့ရာ
တစ်ရက်အတွင်း ပဉ္စမြောက် လူသေဆုံးမှု ဖြစ် ခဲ့ရသည်။
ယင်းနေ့ ည ၈
နာရီ ၃၀ မိနစ်က မှော်ဘီမြို့နယ်၊ (၁)ရပ်ကွက်၊ ရွှေကျောင်း ကျောင်းတိုက်မှ
အသက် ၆နှစ် အရွယ်၊ ဝါတော် တစ်ဝါရှိ ကိုရင် ရှင်ဣန္ဒြသည် ကိုရင် ၂၂
ပါးနှင့်အတူ ဘုရားဝတ်ပြုရန် သွားစဉ် မီးပျက်၍ ပြေးသွားရာမှ ချော်လဲ သဖြင့်
နောက်ပြန်လဲ ရာ နောက်စေ့နှင့် သမံတလင်း ရိုက်မိရာမှ သတိလစ် သေဆုံး
ခဲ့ကြောင်း မှော်ဘီ ရဲစခန်းထံမှ သိရှိရသည်။
လူသေဆုံးမှုများနှင့်
ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အသီးသီး ရဲစခန်းများက သေမှု သေခင်းများ
ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း အဆိုပါမြို့နယ် ရဲစခန်းများထံမှ
သိရှိရသည်။
လူသေဆုံးမှုများသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀
ရက်နေ့ အထိ မှော်ဘီမြို့နယ်တွင် ၂၉ မှု၊ လှိုင်သာယာမြို့နယ်တွင် ၆၈ မှု၊
ကျောက် တံတားမြို့နယ်တွင် ခြောက်မှု၊ ကော့မှူးမြို့နယ်တွင် လေးမှု အပါအဝင်
စုစုပေါင်း လူသေဆုံးမှု ၁၀၇ မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်း
များ၏ သေ မှုသေခင်း စာရင်းများအရ သိရှိရသည်။
The Voice
0 comments:
Post a Comment