Sunday, July 14, 2013

မဲဟောင်ဆောင်တွင် ထိုင်းတပ်ဖွဲ့ဝင်များက စီးနင်းမှုပြုလုပ် လက်နက်ခဲယမ်း အမြောက်အမြား ဖမ်းဆီးရမိ


ဗန်ကောက်  ဇူလိုင်   ၁၄
အင်အား ၁ဝဝ ခန့်ရှိသော ထိုင်းစစ်ဘက်နှင့် ရဲပူးပေါင်း တပ်ဖွဲ့ဝင်များသည် လက်နက် ခဲယမ်းများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေသည် ဟူသော  သတင်းပေးချက် အရ ထိုင်းနိုင်ငံ
မဲဟောင်ဆောင် ပြည်နယ် မြောင်ခရိုင်ရှိ နေအိမ်တစ်လုံးအား ဇူလိုင် ၁၄ ရက် အစောပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ရာ သံသယရှိသူ နှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး  ဒုံးပစ်လောင်ချာ နှင့်ခဲယမ်း အမြောက်အမြား သိမ်းဆည်း ရမိခဲ့ကြောင်း မဲဟောင်ဆောင် အုပ်ချုပ်ရေးမှူး နာရူမိုပါလာဝပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင်  ပြောကြားခဲ့သည်။
သိမ်းဆည်း ရမိသည့် လက်နက် ခဲယမ်းများမှာ ဒုံးပစ်လောင်ချာ လေးလက်၊ M-16 ကျည်ဆန် ၃၁,၆ဝဝ တောင့်၊ AK-47 ကျည်ဆန် ၃၅,၉၆၄ တောင့် အပါအဝင် ကျည်ဆန် စုစုပေါင်း ၁ဝ၉, ၄၇၈ တောင့် ဖြစ်ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများ အရ ဖမ်းဆီး ရမိသူနှစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်ဟောင်း ဆူမယ်မစ်စီဘေနှင့် မြောင်ခရိုင်နေ ဂျွန်ဒီးယား ဆာဝပ်စ်ဒီးဆိုသူ ဖြစ်ကြောင်း သိရသည်။               
 

0 comments:

Post a Comment

Search Our Site