Wednesday, June 12, 2013

အသစ်ရွေးချယ်မည့် UMFCCI ဥက္ကဋ္ဌ ယခင်ကဲ့သို့ အထူးရေးပန်းစားသူ မရှိသေး



ကုန်သည်/စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့အား အသစ်ပြန်လည်ရွေးချယ်ရန် ရက်ပိုင်းသာလိုတော့ သည့်အချိန်အထိ ဥက္ကဋ္ဌနေရာအတွက် အထူးတလည်ရေပန်းစားနေသူ လုံးဝမရှိသေးကြောင်းနှင့် မည်သူ
ဖြစ်လာမည်ကို ခန့်မှန်းရန် ခက်ခဲနေကြောင်း ယင်းအသင်းချုပ် အသင်းဝင်အသိုင်းအဝိုင်းက မဇ္ဈိမသို့
ပြောကြားသည်။

၂ဝ၁၁ခုနှစ်တွင် လက်ရှိ စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် အနားယူသွားစဉ် ဥက္ကဋ္ဌ နေရာ
ရွေးချယ်စဉ်က မရွေးချယ်မီ လပိုင်းအလိုကတည်းကပင် ယင်းနေရာအတွက် ရေပန်းစားသူစာရင်း
နှစ်ဦးမှ သုံးဦးအထိ ထွက်ပေါ်နေခဲ့ပြီး လက်ရှိဥက္ကဋ္ဌ ဦးဝင်းအောင်သည် အဆိုပါရေပန်းစားသည့်စာရင်းတွင် ပါဝင်ခဲ့သည်။

ကုန်သည်/စက်မှုအသင်းချုပ်၏ လပ်ရှိစာရင်းစစ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက "အရင် ဥက္ကဋ္ဌရွေးချယ်ပွဲတုန်းက ဗဟိုအလုပ်အမှုဆောင်တွေရော အလုပ်အမှုဆောင်တွေပါ တစ်ဝက်လောက် က ကျန်ခဲ့တော့ ခန့်မှန်း ရတာ လွယ်တယ်။ အခုက အကုန်လုံးနုတ် ထွက်မှာဆိုတော့ ခန့်မှန်းရခက်တယ်" ဟု မဇ္ဈိမသို့ ပြောကြားသည်။

UMFCCI (ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်) အလုပ် အမှုဆောင် အဖွဲ့အား နုတ်ထွက်ပေးပါရန်နှင့် အမှုဆောင်အဖွဲ့သစ်အား ရွေးချယ်ခန့်အပ်စနစ်မှနေ၍ မဲစနစ်
ဖြင့် ဒီမိုကရေစီစနစ် အသုံးပြုကာ ပြန်လည်ရွေးချယ်ပေးပါရန် မေလကုန်ပိုင်းကကျင်းပခဲ့သော ယင်းအသင်း ချုပ်၏ နှစ်ပတ်လည်အခမ်းအနား၌ အသင်းသားများက ဝိုင်းဝန်းတောင်းဆိုခဲ့ကြသောကြောင့် လက်ရှိတာဝန် ယူနေသော အမှုဆောင်အဖွဲ့သည် လုံးဝနုတ်ထွက်ပေးပြီး လာမည့်ဇွန် ၁၅ ရက်တွင် ရွေးချယ်ပွဲ ကျင်းပမည်
ဖြစ်သည်။

UMFCCI ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်ခင်မြင့်က ''အခုလောလောဆယ်တော့ အတိအကျ မသိသေးဘူး။ ဥက္ကဋ္ဌ လုပ်မယ့်လူက ရွေးချယ်မယ့်နေ့မှာ သူကိုယ်တိုင် ဝင်ရောက်ရွေးချယ်မယ်ပြောမှ သိရမှာပါ'' ဟု ပြောသည်။

အမှုဆောင်သစ်ရွေးချယ်ရေးကော်မတီတွင် နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်
ဒေါက်တာဦးမြင့်၊ ကုလသမဂ္ဂ အကြီးတန်းအကြံပေးအရာရှိ ဒေါက်တာ အောင်ထွန်းသက် အစရှိသူတို့ ပါဝင်သည်။

မဇ္ဈိမ

0 comments:

Post a Comment

Search Our Site