Monday, June 10, 2013

sia Plaza Hotel နှင့် အခြား ဟိုတယ်များရှိ ဆိုင်ခန်းများနှင့် ရုံးခန်းများ နိုဝင်ဘာ လကုန်တွင် အပြီး ပြောင်းရွှေ့  ပေးရမည်



ရန်ကုန် ဇွန် ၉
ရန်ကုန် မြို့လယ်ကောင်တွင် တည်ရှိသော Asia Plaza Hotel ရှိဆိုင်ခန်း များနှင့် သင်တန်းများ အားလုံး ယခုနှစ် နိုဝင်ဘာ လကုန်တွင် အပြီးပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း Asia Plaza Hotel ရှိ ဆိုင်ခန်းရှင်များ ထံက စုံစမ်း သိရှိရသည်။
ရန်ကုန်မြို့တွင် ၂ဝ၁၁ ခုနှစ်မှ စ၍ ခရီးသွား ရာသီတွင် ဟိုတယ် အခန်းများ မလုံလောက်သည့် အတွက် ၂ဝ၁၂ ခုနှစ်က သမ္မတ ဟိုတယ်ရှိ သင်တန်းများနှင့် ရုံးခန်းများကို ဟိုတယ် အခန်းများ ထပ်တိုးရန် ပြောင်းရွှေ့ ပေးရပြီး ယခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည် များပြား လာမှုကြောင့် ရန်ကုန်မြို့ရှိ ဟိုတယ်များတွင် အခန်းများ ထပ်တိုးရန် ထိုသို့ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း သိရ သည်။
Asia Plaza Hotel အပြင် အင်းယားလိတ် (Inya Lake) ဟိုတယ်ရှိ ရုံးခန်းများ သည်လည်း ယခုနှစ် အတွင်း ပြောင်းရွှေ့ ပေးရမည် ဖြစ်ကြောင်း ပုဂ္ဂလိက ရုံးခန်း ဖွင့်လှစ်ထားသူ တစ်ဦးထံက စုံစမ်း သိရသည်။ ရန်ကုန်မြို့သို့ နှစ်စဉ် ခရီးသွား ဧည့်သည် အများအပြား ရောက်ရှိ လာသောကြောင့် ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ် စသော နိုင်ငံများ အနေဖြင့် ပြည်တွင်း လုပ်ငန်းရှင် ကြီးများနှင့် ပူးပေါင်းပြီး ဟိုတယ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် လာကြောင်း သိရသည်။ မြန်မာ နိုင်ငံသို့ ယခုနှစ်တွင် ခရီးသွား ဧည့်သည် ပိုမို များပြားလာမည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။
 

မြ၀တီ

 

0 comments:

Post a Comment

Search Our Site