အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ (RCSS/ SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေး နွေးခြင်းခင်း
သတင်း၊ ဓာတ်ပုံ - ကျော်ဇေယျာဝင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/
SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ ဇွန်လ ၁၅ရက်နေ့က
ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပြီး
အချက်သုံးချက်ဆွေးနွေးခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီဗွီဘီ
ရုပ်မြင်သံကြားအစီအစဉ်နဲ့ သီးသန့်တွေ့ဆုံစဉ်ပြောကြားလိုက်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့
အဓိကထားဆွေးနွေးခဲ့တဲ့ အချက်သုံးချက်နဲ့ ပတ်သတ်ပြီး(၁) နိုင်ငံတော်တိုးတက်
အေးချမ်းလာစေရန် တိုင်းရင်းသားအခန်းကဏ္ဍကနေ ပူးပေါင်းလက်တွဲဆောင်ရွက်ရန်၊ (၂)
ဒီမိုကရေစီကို အလွှာပေါင်းစုံ နားလည်လာစေရန်(၃) ရှမ်းပြည်နယ်အတွင်း
မူးယစ်ဆေးဝါးပပျောက်ရန် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတဲ့အချက်တွေကို
ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ
ယနေ့ ဇွန်လ ၁၅ရက်နေ့ မနက်ပိုင်းကလဲ ရန်ကုန်တိုင်းဒေသကြီး၊
သန်လျင်မြို့နယ်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်းသို့
သွားရောက်လေ့လာခဲ့ပါသေးတယ်။
ဒီဗွီဘီ
0 comments:
Post a Comment