ရာဇာမင်းကား ဓားပြတိုက် လူသတ် သံသယဖြင့် ဖမ်းဆီးထားသူ ၆ ဦး အမှုနှင့်မသက်ဆိုင်
ရာဇာမင်းကား ဓားပြတိုက်မှုနှင့်ပတ်သက်၍ ဖမ်းဆီး ထားသော သံသယရှိ သူ ၆
ဦးမှာ ယင်းအမှုနှင့် မသက်ဆိုင် သော်ငြား တရားမဝင် လက်နက် ကိုင်ဆောင်မှုဖြင့်
အမှုဖွင့် လိုက်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးက ပြော သည်။
ဇွန်လ ၈ ရက်နေ့က ကျိုက္ခမီမှ ရန်ကုန်သို့ ထွက်ခွာလာ သည့် ရာဇာမင်း
အဝေးပြေးယာဉ်သည် သထုံ၊ တောင်စွန်းကျေး ရွာ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့်
(၁၅၄/၅) အကြားတွင် ယာဉ်ပေါ် ပါလာခဲ့သည့် အမည်မသိသူ ၅ ဦးနှင့် အထက်က
သေနတ်ထုတ်ကာ ဓားပြတိုက်၍ လူသတ်ခဲ့မှု တစ်ခုဖြစ်ပွားခဲ့ ရာ ထိုဖြစ်စဉ်ကို
ရဲကစုံစမ်းရင်း မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည့် ၄င်းတို့ကို အခြား ပုဒ်မနှင့်
အရေးယူလိုက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။
”အခုဖမ်းထားတဲ့သူ ၆ ဦးက ဓားပြမှုနဲ့ မသက်ဆိုင်ဘူး။ ဒါပေမဲ့ သူတို့ဆီမှာ
လက်နက်တွေ့တဲ့အတွက် ပုဒ်မတပ်ပြီး အရေးယူခဲ့တာပါ” ဟု ဒုတိယ ရဲမှူးကြီးက
ဆက်ပြောသည်။တရားခံအစစ်အမှန် ဖမ်းဆီးရမိရေးကို ရဲသာမက နယ် မြေခံ
တပ်မတော်ပိုင်းကပါ ဆောင်ရွက်နေကြောင်း လည်း ၄င်းက ဆက်ဆိုသည်။
၂ဝ၁၃
ခုနှစ်အတွင်း လူအများ စိတ်ဝင်စားခြင်းခံရသည့် အမှုထဲတွင် တစ်ခုပါဝင်သည့်
၎င်းအမှုအပြင် ဦးခေါင်းဖြတ် ခံရပြီး သေဆုံးခဲ့ ကာ ဖြူးမြို့တွင်
တွေ့ရှိခဲ့သည့် အမျိုးသမီး အလောင်းကိစ္စကိုလည်း လချီကြာမြင့်သည်အထိ
တရားခံမဆို ထားနှင့်၊ သေသူပင် မည်သူ မည်ဝါဖြစ်ေ ကြာင်း ရဲက မဖော်နိုင်
သေးပေ။
ရာဇာမင်းကား ဓားပြတိုက်ခံရမှုတွင် လူနှစ်ဦးသေဆုံး ပြီး
ငွေကျပ် သိန်းငါးဆယ်ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ
ဆုံးရှုံးခဲ့ရသည်။ရဲတပ်ဖွဲ့ က မျက်မြင်သက်သေများ၏ ပြောဆိုမှုအရ
တရားခံအချို့ကို ပုံကြမ်းထုတ်နိုင်ကြောင်း ပြောဆိုခဲ့ဖူးသော် လည်း
တရားခံဖမ်းဆီးရမိနိုင် မှုအပေါ် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
ယာဉ်ပေါ်ပါလာသူကပင် လက်နက်ကိုင် ဓားပြတိုက်ခြင်း ဖြစ်သော်လည်း ယာဉ်လိုင်းက
ယာဉ်စီးနင်းသူနှင့် ပတ်သက် သော အချက်အလက်များကို မှတ်တမ်းမှတ်ယူနိုင်မှု
အားနည်း ခဲ့သည်ဟု ရဲက ပြောသည်။
မင်းသုအောင်
0 comments:
Post a Comment