အလုပ်အကိုင်အခွင့်အလမ်းများ မြန်မြန်ဆန်ဆန်ဖော်ထုတ်နိုင်ရန်လို
တရားဝင်သတင်းများအရ မလေးရှားနိုင်ငံတွင် အကြမ်း
ဖက်တိုက်ခိုက်ခံရမှုကြောင့် မြန်မာအလုပ်သမား ငါးဦးသေဆုံး ပြီး၊
ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း မလေး ရှား နိုင်ငံ
မြန်မာသံရုံးထုတ်ပြန်ချက်အရသိရသည်။ ယင်းအ ပြင် မလေးရှားတွင်
မြန်မာအလုပ်သမားနှစ်သိန်းခန့် ရှိသည် ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ
ဝန် ကြီး ဦးဇင်ယော် နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖော်ပြထားချက်အရ သိရသည်။
ဒုဝန်ကြီးနှင့်အဖွဲ့ မလေးရှားသို့ သွားရောက်ခဲ့သည့် အတွေ့အကြုံအရ
မလေးရှားရောက်မြန်မာအလုပ်သမား အများစု သည် မြန်မာနိုင်ငံသို့ပြန်လာလိုခြင်း
မရှိကြ ကြောင်း ဆိုသည်။ မြန်မာနိုင်ငံသို့ပြန်လာလိုသည့် အရေအတွက် သည်
လောလောဆယ် ၁၆ဦးသာရှိသေးကြောင်း၊ ကပုန်း ဘုန်းတော်ကြီးကျောင်းမှ ဆရာ တော်
အရှင် အနဂ္ဂ၏ လျှောက် ထားချက်အရမူ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့်သူများ
အရေအတွက်မှာ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ မျှသာ ရှိနိုင် ကြောင်း ဖော်ပြ
ထား သည် ကို တွေ့ရသည်။
မလေးရှားမှ မြန်မာ အလုပ်သမားများ
မပြန်လိုသည့် အကြောင်းရင်းကို ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင် အလုပ်
အကိုင်အခွင့်အလမ်းရှားပါးမှု၊ ထိုက်တန် သော လုပ်ခလစာမရရှိမှုအပေါ်
အခြေခံသည်ကို ခန့်မှန်းသိနိုင် ပေသည်။ သိပ် မကြာသေးမီကာလကလည်း
ဂျော်ဒန်နိုင်ငံမှ အထည်ချုပ်စက်ရုံတွင် မြန်မာ အလုပ် သမား ပြဿနာ များ
တက်ခဲ့သည်ကို တွေ့ရသည်။ ထိုဖြစ်ရပ်များက ပြသ နေသည့်အချက်တစ်ခုမှာ
မြန်မာနိုင်ငံတွင် အလုပ်အကိုင် ဖန်တီးပေး နိုင်မှုအား နည်းသည့် အချက်ပင်
ဖြစ်သည်။ ထိုင်း နိုင်ငံတွင်လည်း မြန်မာရွေ့ပြောင်းအလုပ်သမားများ သုံး
သန်းခန့်ရှိသည် ဟုသိရသည်။ နိုင်ငံတော်တော်များများ တွင် မြန်မာ
အလုပ်သမားများ ပြန့်ကြဲရောက်ရှိနေကြ သည်မှာ နည်းနည်းနောနော အရေအတွက်တော့
မဟုတ် ပေ။ ထိုအထဲတွင် တရားဝင်ရော တရားမဝင်ရောရှိသည်။ စင်ကာပူ၊ ကိုရီးယား၊
ဂျပန်၊ ဆော်ဒီ၊ ဒူဘိုင်း၊ အင်္ဂလန်၊ အမေရိကန်၊ နော်ဝေ စသဖြင့်
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် မြန်မာများသွားရောက် လုပ်ကိုင် နေကြရသည်။
ယင်းတို့ က ဦးနှောက်ယိုစီးမှုနှင့် ကျွမ်းကျင်လုပ်သားဆုံးရှုံးမှု၏
အဓိကဖော်ညွန်းချက်များပင် ဖြစ်သည်။
အစိုးရက
နိုင်ငံခြားရောက်မြန်မာများကို မြန်မာ ပြည်တွင်းသို့
ပြန်လာရန်ဖိတ်ခေါ်ထားသော်လည်း ပြန် ဝင်လာသည့် အရေအတွက်အနည်းငယ်ထဲတွင် တကယ့်
လုပ်ငန်းခွင်များထဲမှ ကျွမ်းကျင်အလုပ်သမားများ၊ ပညာရှင်များ မရှိ
သလောက်ဖြစ်သည်။ နိုင်ငံရေးအရ ချိတ်ဆက် ပြန်လာကြသည်ကသာ များသည်။ တကယ်တမ်း
တွင် ပြန်လာလို သော်လည်း ပြန်လာသည့်သူများအတွက် အလုပ်
အကိုင်အခွင့်အလမ်းနှင့် ပံ့ပိုးပေးနိုင်မှုက လက်ရှိအနေအ ထားတွင်
မြန်မာနိုင်ငံ၌ ရေရာ သေချာမှု ကို မမြင်ရသေး။
နိုင်ငံတကာရင်းနှီးမြှုတ်နှံမှုများကို တကြော်ကြော် လက် ယပ်ခေါ် နေသည့်တိုင်
လောက်လောက်လားလား မဝင် လာသေး။ ထို့ကြောင့် လည်း မြန်မာနိုင်ငံအတွင်းရှိ
လူများ အတွက်ပင် အလုပ်အကိုင်အခွင့်အလမ်းများက ရှားပါး နေဆဲဖြစ်ရာ
ယင်းကိုအဆင်ပြေရန် ဖန်တီးပေး နိုင်မှုသည် အရေး တကြီး ကိစ္စဖြစ်လာနေသည်မှာ
တစ်နေ့တစ်ခြား သိသာလာနေသည်။ ယခင်ကတော့ နိုင်ငံတကာဆန်ရှင် များခံနေသဖြင့်
လုပ်မရကိုင် မရဖြစ် နေသည်ဟု အစိုးရ က အကြောင်း ပြကောင်းသည်။
ယခုထိုတားဆီးပိတ်ဆို့မှု များမရှိတော့။ သို့တိုင် ဘာကြောင့်နိုင်ငံတကာ
ရင်းနှီးမြှုတ်နှံမှုများ မဝင်ရောက်လာသေး သနည်း။ စဉ်းစားအဖြေရှာ ရန်လိုသည်။
ယခုဆို လျှင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုဥပဒေ လည်း
ထွက်ပေါ်ခဲ့ပြီဖြစ်သည်။ အကြောင်းပြစရာက တိုင်း သားလက်နက်ကိုင်များနှင့်
ငြိမ်းချမ်းရေးကိစ္စမပြီးပြတ် သေးတာ ရှိသည်။ နိုင်ငံခြား
ရင်းနှီးမြှုတ်နှံမှုဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက
ဝေဖန်ချက် တစ်ခုရှိသည်။ ယင်းမှာ မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုတ်နှံ မှုဥပဒေသည် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံ
သည် နိုင်ငံသားများအကျိုးကို ကာကွယ်မှု ပေးထားသည့် နိုင်ငံများထဲတွင်
ထိပ်ဆုံးက ဖြစ်နေသည် ဟူသော ဝေဖန် ချက်ဖြစ်သည်။ နောက်တစ်ခုက သီလဝါနှင့်
ထားဝယ် ရေ နက်ဆိပ်ကမ်းစီမံကိန်းတို့တွင် အားနည်းသော စီမံခန်ခွဲမှု နှင့်
တည်ငြိမ်မှု မရှိသည့် နည်း စနစ်များ ကြောင့် ဖြစ်ပေါ်ရ သည့်
အခြေအနေအပြောင်းအလဲများကြောင့်ဖြစ်သည်။
ယင်းအချက်များကို အစိုးရက
ရှင်းရှင်းလင်းလင်း နှင့် အားကောင်းသော စီမံခန့်ခွဲမှုများရှိရန်လိုသည်။
သို့မှ သာ နိုင်ငံ အတွင်းနေ့စဉ်နှင့်အမျှဖြစ်နေသော အလုပ်
အကိုင်အခွင့်အလမ်းရှားပါးမှု ကို လျင်လျင်မြန်မြန် ဖြေရှင်း အကောင်
အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း။ ။
YMG
0 comments:
Post a Comment