Tuesday, June 25, 2013

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအတွက် ဥပဒေပြဌာန်းပေးနိုင်ရန် ဥပဒေမူကြမ်းရေးဆွဲပြဌာန်းပေးနိုင်ရေး မေးခွန်းမေးမြန်း ဝန်ကြီးဌာနက ပြန်လည်ဖြေကြား

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအတွက် ဥပဒေပြဌာန်းပေးနိုင်ရန် ဥပဒေမူကြမ်းရေးဆွဲပြဌာန်းပေးနိုင်ရေး မေးခွန်းမေးမြန်း ဝန်ကြီးဌာနက
 ပြန်လည်ဖြေကြား


	ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်)က နိုင်ငံတော်၌
 ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေး၊ အရေးယူ
ဆောင်ရွက် နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြအတည်ပြု
ပြဋ္ဌာန်းနိုင်ရန် အစီအစဉ်ရှိ ၊ မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင်
 ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ကို သိရှိလိုပါကြောင်းမေးမြန်းရာ
 ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက လူမှုရေးဘာသာရေးကွဲပြားခြားနားမှုကို ရှေ့တန်းတင်လာရာမှစပြီး သွေးထိုးလှုံ့ဆော်၊ တိုက်ခိုက်လိုမှုများကြောင့် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်
 နိုင်ခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၃၊ ၁၄၃၊ ၁၄၄၊ ၁၉၆ တို့နှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ (က)နှင့် ၄၁၇ အရ အရေးပေါ်အခြေနေကြေညာနိုင်ကြောင်း
 ပြဋ္ဌာန်ထားသောကြောင့် တည်ဆဲဥပဒေများနှင့် လုံလောက်မှုရှိသည်ကို
 တွေ့ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေပြဋ္ဌာန်းနိုင်သောကြောင့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပါက လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ပြစ်မှုဆိုင်ရာဥပဒေ၊ ကျင့်ထုံးဥပဒေများ အခြားတည်ဆဲ ဥပဒေများနှင့်
 ရောထွေးသွားနိုင်ခြင်းအပြင် ကျင့်သုံးသူပုဂ္ဂိုလ်အဖွဲ့အစည်းများ
 ပြည်သူများအနေဖြင့် ဥပဒေ၏ အနှစ်သာရ အယူအဆများ ကွဲလွဲရှုပ်ထွေးနိုင်သည့်အတွက် ဥပဒေအသစ်ပြဋ္ဌာန်းရန် မလိုအပ်သေးပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

အပြည့်အစုံသိရှိလိုပါက အောက်ပါ<<<<link>>>>တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

========================================
http://pyithuhluttaw.gov.mm/answer/%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%81%8A-%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8-%E1%80%95%E1%80%8B%E1%80%AD%E1%80%95%E1%80%80%E1%81%A1%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%9A%E1%80%B0%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%82%90%E1%80%BC%E1%80%80%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%A5%E1%80%95%E1%80%B1%E1%80%92-%E1%80%BB%E1%80%95%E1%82%92%E1%80%AC%E1%80%94%E1%80%B9%E1%80%B8-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%94%E1%80%B9



ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့တွင် ဦးသိန်းထွန်းဦး (အမရပူရမဲဆန္ဒနယ်)က နိုင်ငံတော်၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေး၊ အရေးယူ
ဆောင်ရွက် နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြအတည်ပြု
ပြဋ္ဌာန်းနိုင်ရန် အစီအစဉ်ရှိ ၊ မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင်
ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ကို သိရှိလိုပါကြောင်းမေးမြန်းရာ
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက လူမှုရေးဘာသာရေးကွဲပြားခြားနားမှု
ကို ရှေ့တန်းတင်လာရာမှစပြီး သွေးထိုးလှုံ့ဆော်၊ တိုက်ခိုက်လိုမှုများကြောင့် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်
နိုင်ခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၃၊ ၁၄၃၊ ၁၄၄၊ ၁၉၆ တို့နှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ (က)နှင့် ၄၁၇ အရ အရေးပေါ်အခြေနေကြေညာနိုင်ကြောင်း
ပြဋ္ဌာန်ထားသောကြောင့် တည်ဆဲဥပဒေများနှင့် လုံလောက်မှုရှိသည်ကို
တွေ့ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေပြဋ္ဌာန်းနိုင်သောကြောင့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပါက လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှ
ိသည့် ပြစ်မှုဆိုင်ရာဥပဒေ၊ ကျင့်ထုံးဥပဒေများ အခြားတည်ဆဲ ဥပဒေများနှင့်
ရောထွေးသွားနိုင်ခြင်းအပြင် ကျင့်သုံးသူပုဂ္ဂိုလ်အဖွဲ့အစည်းမ
ျား
ပြည်သူများအနေဖြင့် ဥပဒေ၏ အနှစ်သာရ အယူအဆများ ကွဲလွဲရှုပ်ထွေးနိုင်သည့်အတွက် ဥပဒေအသစ်ပြဋ္ဌာန်းရန် မလိုအပ်သေးပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။


အပြည့်အစုံသိရှိလိုပါက အောက်ပါ<<<<link>>>>တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

http://pyithuhluttaw.gov.mm/answer/လူမျိုးရေး၊-ဘာသာရေး-ပဋိပက္ခများအား-အရေးယူဆောင်ရွက်နိုင်ရေးအတွက်-ဥပဒေ-ပြဋ္ဌာန်း-နိုင်ရန်

0 comments:

Post a Comment

Search Our Site