Friday, June 28, 2013

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံဆိုပြီး ပုန်းတွေနဲ့ ခပ်ကာ ဆီပီပါတွေထဲကို ထည့်နေကျတာ


အခုလ ၂၈ ရက်နေ့ကရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံဆိုပြီး ပုန်းတွေနဲ့ ခပ်ကာ ဆီပီပါတွေထဲကို ထည့်နေတာ  ဖြစ်ပါတယ်။
စည်ပင်ကတာဝန်ရှိသူ တယောက်ကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာ အရင်က အဲ့ဒီ့အောက်မှာ ရေနံပိုက်လိုင်း မရှိဘူးလို့ ပြန်လည် ဖြေကြားပါတယ်။
ရပ်ကွက်နေပြည်သူတဦးကတော့ အခု ရေနံထွက်တယ်ဆိုတဲ့နေရာမှာ အရင်က ဆီဆိုင်တဆိုင် ဖွင့်ခဲ့ဘူးတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ တပါတ်လောက်တည်းက ရေပေါ်မှာဆီတွေဝေ့နေတာတွေ့ရပြီး ဒီနေ့မှ အပေါက်တစ်ပေါက်ကနေ ရေနံလို့ထင်ရတဲ့ဆီတွေ အများအပြားထွက်လာတာကြောင့်
ခပ်ထည့်နေကြတာ ဖြစ်တယ်လို့ အဲ့ဒီ့နေရာနဲ့ ကပ်လျက်ဈေးရောင်းနေတဲ့ ဈေးသည်တစ်ဦးက ပြောပြပါတယ်။
မီးဘေးအန္တရာယ် ရှိနိုင်တာကြောင့် မီးသတ်ကားနှစ်စီးကတော့ အဲ့ဒီ့နေရာမှာ အဆင်သင့်စောင့်ပေးနေကြတာပါ။
သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရေနံဟုတ်မဟုတ်ဆိုတာကို နောက်ရက်တွေမှပဲ စစ်ဆေးအတည်ပြုပေးသွားမှာ ဖြစ်ပါတယ်
။ နေရီရီ
လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနှင့် (၇) လမ်းထောင့်မှာ ရေနံထွက်ရှိ (5 photos)

0 comments:

Post a Comment

Search Our Site