ကမ္ဘာ့ ရွှေဈေးကြောင့် ပြည်တွင်းရွှေ အဖွင့်ဈေး ဆက်ကျနိုင်
ရန်ကုန်၊ ဇွန် ၂၃ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေး ဆက်တိုက်
ကျဆင်းခြင်းနှင့်အတူ ပြည်တွင်းရွှေ ဈေးပါ လိုက်ပါ ကျဆင်းခဲ့သောကြောင့်
တနင်္လာနေ့(ဇွန်လ၂၄ရက်) ဈေးကွက် အဖွင့်တွင် ဈေးဆက်လက် ကျဆင်းပြီး
အနိမ့်ပိုင်းဖြင့်ပင် ဈေးဖွင့်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က
ပြောကြားသည်။ကမ္ဘာ့ရွှေဈေး ကျဆင်းပြီး ဝယ်လိုအား
နည်းနေသည့်အတွက်ဈေးမတက်နိုင်ခြင်း ဖြစ်ကြောင်း ၎င်းကသုံးသပ်သည်။ဇွန်လဆန်းပိုင်းမှ
စတင်၍ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ လုံလောက်စွာရှိပြီး
တစ်ကျပ်သားလျှင်ကျပ်ခုနစ်သိန်း အောက်ထိ ကျဆင်းသော်လည်း ဝယ်လိုအား သိသာစွာ
ကျဆင်းနေကြောင်း အခေါက်ရွှေ လက်ကား ရောင်းဝယ်နေသော ရွှေကုန်သည်တစ်ဦးက
လက်ရှိဈေးကွက် အခြေအနေကို ပြောကြားသည်။“အခုပုံစံအတိုင်း ဆိုရင်တော့
ပြည်တွင်းရွှေဈေးက ခြောက်သိန်း ငါးသောင်း ဝန်းကျင်လောက်ထိကျသွားနိုင်တယ်”
ဟု ၎င်းကဆိုသည်။ဇွန်လ ၂၁ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၉၆ ဒေါ်လာ နှင့်
ပြည်တွင်းရွှေ တစ်ကျပ်သားလျှင်ကျပ် ၆၉၇,၂၀၀ ဖြင့်ဈေးပိတ်ခဲ့ကြောင်း
ရွှေဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly
0 comments:
Post a Comment