Ads

ကြော်ငြာ

Wednesday, April 3, 2013

Posted by ဆူးအေမီ on 6:35 AM in | No comments

ဂျပန်နိုင်ငံအခြေစိုက် NHK  သတင်းဌာနနှင့် အမေရိကန်နိုင်ငံ အခြေစိုက် AP သတင်းဌာန ရုံးခွဲများအား ဧပြီလ ၁ ရက်နေ့က စတင် ဖွင့်လှစ်ခွင့်ပြုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


“နောက်ထပ်လည်း ဂျပန်နိုင်ငံ အခြေစိုက် Kyodo  News  သတင်းဌာနကိုလည်း ဖွင့်လှစ်ခွင့်ပေးဖို့ စိစစ်နေပြီ
ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်ပ သတင်းဌာနများဖြစ်ကြသည့် VOA၊ BBC နှင့် RFA သတင်းဌာနများလည်း ၂၀၁၂ ခုနှစ်၊ နှစ်လည်ခန့်က စတင်၍ ရန်ကုန်မြို့တွင် ဌာနခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည်။

“RFA သတင်းဌာနအနေနဲ့လည်း တရားဝင် သတင်းဌာနအဖြစ် ဖွင့်ခွင့် ရအောင် သက်ဆိုင်ရာကို
လျှောက်ထားပြီးပါပြီ။ အခုဆို NHK နဲ့ AP သတင်းဌာနတွေ ဖွင့်ခွင့်ရသွားပါပြီ။ နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ သတင်းဌာနတွေ များများလာဖွင့်နိုင်လေ ကောင်းလေပဲ။ လာဖွင့်တဲ့ သတင်းဌာနတွေနဲ့အတူ အနည်းဆုံး အတွေ့အကြုံနဲ့ ဘာသာစကားတော့ ရနိုင်မယ်။ ပြည်ပ သတင်းဌာနတွေ အနေနဲ့ ပြည်တွင်း သတင်းဌာနတွေထက် သတင်းထောက်တွေကို ပေးထားတဲ့ လစာကအစ အတော်ကွာပါတယ်” ဟု RFA သတင်းဌာန(မြန်မာပြည်ရုံးခွဲ) မှ တာဝန်ခံ ဦးကျော်ကျော်အောင် က ပြောသည်။

ထိုသို့ ပြည်ပ သတင်းဌာနများ မြန်မာနိုင်ငံတွင်း လာရောက်လုပ်ကိုင်ကြခြင်းဖြင့် ရရှိနိုင်သည့် အကျိုးများအဖြစ် လည်း “ကျနော်တို့ သတင်းဌာနမှာဆို လူ ၄၀ လောက် အလုပ်အကိုင် ပေးထားနိုင်ပါတယ်။ အရင်တုန်းက
မြန်မာသတင်းတွေကို ဝါရှင်တန်က သို့မဟုတ် ထိုင်းနယ်စပ်က ဒါမှမဟုတ် တရုတ်နယ်စပ်ကနေ သတင်း ယူခဲ့ရတယ်။ ဖုန်းနဲ့ဆိုတော့ သတင်း မှန်တာလည်းရှိမယ်။ မှားတာလည်း ရှိမယ်။ အခုကျတော့ သတင်း ရင်းမြစ်တွေနဲ့ ထိတွေ့ခွင့် ရတယ်။ သတင်းဌာနတွေကနေ သတင်းမှန်တွေ ဖြစ်ပေါ်ဖို့အတွက် အများကြီး အကူအညီိ ရနိုင်ပါတယ်။ ပြည်တွင်း သတင်းမှန်တွေကို ပြည်တွင်းသာမက ပြည်ပကိုပါ  ပြန်ဖြန့်ပေးတာပါ။ သတင်းဌာနတွေကို အသုံးချတတ်ရင် အစိုးရအနေနဲ့ အများကြီး အကျိုးရှိနိုင်ပါတယ်” ဟု ဦးကျော်ကျော်အောင် က ဆက်လက်
ပြောကြားသည်။

 (မဇ္ဈိမ)။   ။

0 comments:

Search Our Site