Thursday, April 25, 2013

တရားမ၀င်ရွှေတူးဖော်နေသော တရုတ်နိုင်ငံသားများအား KIA အဖွဲ့ လုံခြုံရေးယူပေးလျက်ရှိ


ကချင်ပြည်နယ် ဂျာဝမ်ရွှေမှော်နှင့် လော့ဒ်ဂျာရွှေမှော်ကြား နမ့်စမ်းချောင်းတလျောက်တွင် တရားမ၀င်ရွှေတူး ဖော်နေသော တရုတ်နိုင်ငံသားများအား ဧပြီ(၂၀)ရက်နေ့မှစ၍ KIA အဖွဲ့မှ လုံခြုံရေးယူပေးလျက်ရှိသည်ဟု သိရသည်။

“ ဂျာဝမ်ရွှေမှော်နဲ့ လော့ဒ်ဂျာရွှေမှော်ကြားမှာရှိတဲ့ နမ့်စမ်းချောင်းထဲမှာ ရွှေတူးနေတဲ့တရုတ်လူမျိုး (၁၅)ယောက် လောက်ရှိတယ်၊ KIA အဖွဲ့တစ်ဖွဲ့က လုံခြုံရေးယူထားပေးတယ်၊ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားတွေကို တော့ အတူးမခံဘူး၊ ဂျာဝမ်ရွှေမှော်နားက လွယ်ငူဘွမ်ကုမ္ပဏီလုပ်ကွက်မှာလည်း တရုတ်လူမျိုး(၅)ယောက် ရွှေတူးနေတာပဲ၊ တရုတ်တွေက ရွှေတူးဖို့ KIA  အဖွဲ့လုံခြုံရေးလုပ်ပေးတာ တရုတ်ကို ကြောက်လို့လား၊ ဒါမှ မဟုတ် ပိုက်ဆံယူပြီး လုပ်ပေးနေတာလားတော့ သေချာ မပြော တက် ဘူး”  ဟုဂျာဝမ်ရွာသားတစ်ဦးက ပြောပြ ခဲ့သည်။
KIO/KIA အဖွဲ့သည် တရုတ်၏ လက်ကိုင်တုတ်အဖြစ်အသုံးချခံနေရပြီလားဟူသော သတင်းများ အင်တာနက် စာ မျက်နှာပေါ်၌ ဖော်ပြပြီးနောက်ပိုင်း ယခုကဲ့သို့ ကိုယ့်ပြည်နယ်ထဲလာပြီး တရားမ၀င်ရွှေတူးဖော်နေသော တရုတ်လူမျိုးများကို KIA အဖွဲ့က လုံခြုံရေးယူပေးထားသော ဖြစ်ရပ်ကလည်း ထည့်သွင်းစဉ်းစားစရာဖြစ် နေသည်ဟု ဒေသခံများက ထင်မြင်ဝေဖန်ပြော ဆိုနေကြောင်း သိရှိရပါသည်။   

ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Search Our Site