Wednesday, April 3, 2013

F4 မင်းသား လီမင်ဟို “The Heirs” ဇာတ်ကားတွင် ပါဝင်မည်

City Hunter နှင့် Boys Over Flowers ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားလာတဲ့ မင်းသား လီမင်ဟိုဟာ The Heirs ဇာတ်လမ်းတွဲသစ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။
နာမည်ကျော် စာရေးဆရာမ ကင်အွန်ဆွတ်ခ် ရေးသားထားတဲ့ The One Trying to Wear the Crown, Bear the Weight – The Heirs” ဝတ္ထုကို အသက်သွင်းမယ့် The Heirs ရုပ်သံဇာတ်လမ်းမှာ ပါဝင်ဖို့ သဘောတူညီလိုက်ပြီလို့ လီမင်ဟိုရဲ့ ကုမ္ပဏီ Starhaus Entertainment က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခမ်းရှင်ဟိုက ရိုက်ကူးမှာ ဖြစ်ပြီး ၂၀၁၃ နှစ်လည်ပိုင်းလောက်မှာ ပြသနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
သို့ပေမယ့် ဇာတ်ကားအတွက် အမျိုးသမီးဇာတ်ဆောင် မရွေးရသေးဘူးလို့ သတင်းများမှာ ဖော်ပြထားပါတယ်။
Ref: Soompi
 Hollinaz

0 comments:

Post a Comment

Search Our Site