Thursday, April 18, 2013

တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၁၀ နှစ် အတွင်း ကမ္ဘာ့သြဇာအရှိဆုံးသူ




ဒီရက်ပိုင်း အင်တာနက်သုံးစွဲကြတဲ့ မြန်မာတွေက တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၁၀ နှစ် အတွင်း ကမ္ဘာ ပေါ်မှာ 
သြဇာအရှိဆုံးသူအဖြစ် ရွေးချယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မနားမနေ မဲပေးလိုက်ရတာ အခုတော့ အမောပြေ သွားကြပြီ ထင်ပါတယ်။ 


မနေ့ ဧပြီလ ၁၇ ရက်နေ့မှာ နောက်ဆုံး အဆင့် ဆန်ကာတင် လက်ကျန် မဲပေးဖို့ ရှိသူ ၂ ဦးဖြစ်တဲ့ မြန်မာ
နိုင်ငံ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်ကျော် အဆိုတော် လေဒီဂါဂါတို့ အတွက် ကမ္ဘာတ၀ှမ်း အပြိုင်အဆိုင် ကိုယ်သန်ရာကို ရွေးချယ် မဲတွေ ပေးကြပါတယ်။ 

မြန်မာတွေကတော့ နန်းခင်ဇေယျာက စလိုက်တဲ့ အွန်လိုင်း မဲပေးမှုတွေ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မမော နိုင် မပန်းနိုင်ဖြစ်ကြရတာပါ။

မြန်မာတွေ နိုးနိုးကြားကြားဖြစ်ဖို့ ဖေ့စ်ဘုတ်လို လူမှု ကွန်ရက်တွေကလည် မဲပေးဖို့ လှုံ့ဆော်ခဲ့ကြတယ်။ 

မနေ့က နေ့ လယ်ပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ မဲတွေဟာ ၆၃ % ထိ တက်လာခဲ့တယ်။ လေဒီဂါဂါအတွက် မဲတွေလည်း ၃၇ % ထိကျလာခဲ့တယ်။ 

ဒါပေမယ့် နောက်ဆုံး မိနစ်ပိုင်း အလိုလောက် မှာ လေဒီဂါဂါ ရဲ့ မဲတွေရာခိုင်နှုန်း ပြန်တက်လာခဲ့ရင်း သတ်မှတ်ချိန်က ပြည့်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် က ၆၁% အရောက် လေဒီဂါဂါက ၃၉% နဲ့ သတ်မှတ်မဲပေးချိန်ကို အဆုံးသတ်လိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရသွားခဲ့ပါတယ်။ 

မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်ကို
မဲပေးလို့ မောက်စ်တွေလည်း တချို့ ပျက်ကုန်ကြတယ်လို့ ဆိုပါတယ်။

တချို့က ပြောတာက ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ တခြား မြန်မာတဦးဦးဖြစ်မယ်ဆိုလည်း မြန်မာတွေက မဲပေး မှာပဲ လို့ ပြောဆိုသူတွေလည်း များပါတယ်။ 

ဒီကနေ့ ဧပြီလ ၁၈ နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်း ကမ္ဘာမှာ သြဇာအရှိဆုံးသူ အဖြစ် Time က ကြေညာသွားမှာဖြစ်ပါတယ်။ 

မဲပေးခဲ့ကြတဲ့ မြန်မာတွေလည်း ပီတိတွေ နဲ့ ဝေဆာနေကြမယ် ထင်ပါတယ်။ 

ဒီပွဲမှာ ကမ္ဘာ့သြဇာအရှိဆုံး သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းမ်မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်ခြင်း 
ဟာ မြန်မာတွေအတွက် နောက်ထပ် အောင်ပွဲ ဆင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ 



အိမ့်သံစဉ် ~ 

ဧရာဝတီ ဘလော့ဂ် 
ဦးဇော်

0 comments:

Post a Comment

Search Our Site