အမေရိကန်နိုင်ငံ
နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန် ပြတိုက်တွင် ကျင်းပမည့် ပြပွဲ၌
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဆိုင်ရာ ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ်
ပါဝင်ပြသမည်ဟု သတင်းရရှိသည်။ မက်ထရိုက်ပိုလီတန် ပြတိုက်၌ ၂၀၁၄ ခုနှစ်တွင်
ကျင်းပမည့် ပြပွဲတွင် မြန်မာနိုင်ငံမှ ခရစ်နှစ် ၁ ရာစုမှ ၉ ရာစုအတွင်း
ပေါ်ထွန်းခဲ့သည့် ဗုဒ္ဓဘာသာဆိုင်ရာ ပစ္စည်းများ၊ အထောက်အထားများ ပါဝင်ပြသမည်
ဖြစ်သည်။ အဆိုပါပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ
နိုင်ငံများမှ ဗုဒ္ဓဘာသာဆိုင်ရာ ပစ္စည်းများ လာရောက် ပြသမည်ဖြစ်ပြီး
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဆိုင်ရာ ပစ္စည်း ၁၆ ခုခန့် ပါဝင်ပြသမည်ဟု ယဉ်ကျေးမှု
ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။ “အမေရိကန်နိုင်ငံက ပြတိုက်မှာ
သွားပြမှာ ဒါပထမဆုံးပဲ။ အရှေ့တောင်အာရှ အခြားနိုင်ငံတွေကလည်း ပါဝင်ပြသမှာ။
ပြသဖို့ တောင်းဆိုတာကတော့ ၁၉ ခုလောက် တောင်းဆိုတယ်။ ဒါပေမယ့် ၁၆
ခုလောက်ပဲပြမှာ” ဟု ၎င်းက ပြောသည်။ “မြန်မာနိုင်ငံက ထေရဝါဒ ထွန်းကားတဲ့
နိုင်ငံဖြစ်တဲ့အတွက် ဒီလိုသွားရောက် ပြသတဲ့အတွက် နိုင်ငံတကာက သိသွားမယ်။
အရင်ကတော့ အိန္ဒိယမှာ သွားပြသတာ ရှိတယ်။ အခု အမေရိကန်မှာ သွားပြတာက
ပထမဆုံးပဲ” ဟု သမိုင်းပညာရှင် ဒေါက်တာကျော်ဝင်းက ပြောသည်။ ၁၈၇၂ ခုနှစ်တွင်
စတင်ဖွင့်လှစ်ခဲ့သည့် မက်ထရိုပိုလီတန် ပြတိုက်သည် ကမ္ဘာပေါ်ရှိ
အကြီးဆုံးပြတိုက် သုံးခုအနက် တစ်ခုအပါအဝင် ဖြစ်ပြီး အမေရိကန်နိုင်ငံတွင်
အကြီးဆုံး အနုပညာပြတိုက် ဖြစ်သည်။ ယင်းပြတိုက်တွင် အမြဲတစေ ပြသထားသည့်
ပစ္စည်းပေါင်းမှာ နှစ်သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့်
ပစ္စည်းသုံးထောင်ကျော် ပြသထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် 7 Day
News ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm
Search Our Site
Powered by Blogger.
0 comments:
Post a Comment