Thursday, April 11, 2013

သင်္ကြန်ကာလတွင်း ကျုးလွန်သော ပြစ်မှုများကို အထူးတရားရုံးဖြင့် အရေးယူမည်


သင်္ကြန်ပွဲတော် ကာလအတွင်း အုပ်စုဖွဲ့ ရန်ဖြစ်မှုများနှင့် တုတ်၊ ဓား၊ လက်နက် ကိုင်ဆောင်ခြင်း စသော ပြစ်မှု များကို မဟာသင်္ကြန်စီမံချက် အမှုများအဖြစ် သတ်မှတ်ကာ သင်္ကြန် ကာလတွင် ဖွင့်လှစ်ထားသည့် အထူး တရားရုံးများသို့ တည်ဆဲဥပဒေများ နှင့်အညီ ပေးပို့ အရေးယူမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
သင်္ကြန်ကာလတွင် အထက်ပါ စည်းကမ်းချက်များ အပြင် ရေခဲထုပ်၊ ရေပူဖောင်းများဖြင့် ပစ်ပေါက်ခြင်း၊ ရေဆိုးရေ ပုပ် များဖြင့် ရေပက်ခြင်း၊ ထိခိုက်ရရှိနိုင်သော ပစ္စည်းများ၊ အရည်များဖြင့် ပက်ခြင်း၊ မူးယစ် ရမ်း ကားခြင်း၊ အများပြည်သူကို ထိခိုက်စေသည့် အပြုအမူများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင် သော အပြု အမူ၊ အပြောအဆို၊ ဝတ်စားဆင်ယင်မှုများ၊ ကခုန်သီဆို မှုများ မပြုလုပ်ရန်နှင့် သင်္ကြန်မဏ္ဍပ် ပေါ်နှင့် အနီးတစ် ဝိုက်တွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးများ ရောင်းချ ခြင်း၊ သုံးစွဲခြင်းများ မပြုလုပ်ရန် တားမြစ် သည့် စည်းကမ်းချက် ခုနစ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သင်္ကြန်ကာလ၌ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၃၀၀၀ ကျော် အသုံးပြု သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
From: The Voice Weekly

0 comments:

Post a Comment

Search Our Site