Thursday, April 25, 2013
ဒေါ်အောင်ဆန်းစုကြည် သမ္မတ သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမည်ဟု နောက်ထပ် ဗေဒင်ဆရာ တစ်ဦး ထပ်ဟော
၂၀၁၅ ဇူလိုင်လ နောက်ပိုင်း ကောဇာကြာသပတေးဂြိုဟ်ကြီး၏ အထောက်အပံ့ကြောင့် ဒေါ်အောင်ဆန်း စု ကြည် သည် ဇာတာစန်းလာဘ် တောက်ပမည် ဖြစ်ကြောင်း ရွှေနိုင်ငံသစ် သတင်းစာမှ ဦးဇေယျာကို (နက္ခ သိပံ) က တွက်ချက်ထားကြောင်း ဧရာဝတီ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။ ဗေဒင်ဆရာမှ သမ္မတ ကိစ္စ မပြောသော် လည်း ယခင် စံဇာဏီဘို ဟောထားသည် နှင့် ရောချကာ သမ္မတ (သို့မဟုတ်) လွှတ်တော် အမတ် ဖြစ်နိုင် ကြောင်း ဖော်ပြထားသည်။
ဗေဒင်ဆရာ စံဇာဏီဘိုကတော့ သမ္မတ ဖြစ်မယ်လို့ ဟောခဲ့တဲ့ သူ့ရဲ့အဟောကို မပြင်ဆင်နိုင်ဘူး လို့ ဆိုပါတယ်။ ဒါတွင်မက အခြေခံ ဥပဒေကို သြဂုတ်လ ၂၁ ရက်နေ အောက်တိုဘာ ၂၀ အတွင်းမှာ ပြင်ဆင် ဖို့ ဖြစ်မယ်လို့ပင် ဟောကိန်း ထုတ်ခဲ့ပါတယ်။
ထိုကိစ္စနှင့် ပတ်သက်၍ အင်တာနက် သုံးသူများ အကြားတွင်တော့ ဗေဒင်ဆရာများဟာ လူကဲခတ်နည်းနဲ့ လိမ် လည်နည်း စာအုပ်တွေကို ဥပဒေတွေ၊ လက်ရှိအခြေအနေတွေထက် ပိုပြီး လေ့လာကြတာကြောင့် အပြင်မှာ ကြားတဲ့ သတင်းကို အဟုတ်လုပ်ပြီး ဟောတာဖြစ်ကြောင်း ဆိုသူများလည်း ရှိပါတယ်။
ကိုယ် ဘယ်နေ့ သေမယ်၊နာမယ် တောင် မသိ၊မရှောင်နိုင်လို့ သေဆုံး ဒဏ်ရာရတဲ့ ဗေဒင်ဆရာတွေ ရေ တွက် လို့ မကုန်ပါဘူး။ ၂၀၁၅ မတိုင်ခင် ဗေဒင်ဆရာကော၊ အဟောခံရသူကော မသေ၊မနာ ဘူးလို့ အာမခံ တာ မှ မဟုတ်ပဲ။ ဗေဒင်ဆရာဆိုတာ မှားလဲခပ်တည်တည်၊ မှန်ရင် ဂျာနယ်ထဲထည့် တဲ့ သူတွေပါလို့လည်း ဆိုကြ ပါ တယ်။
သမ္မတ ဖြစ်နိုင်သည့် အခြေခံ ဥပဒေအား ပြင်ဆင်ရန် မဲ ရာခိုင်နှုန်း ၇၅ % လိုအပ်ပြီး နိုင်ငံခြား အစောင့် အရှောက်ခံ လူမျိုးခြား မိသားစုဝင်များ မြန်မာ နိုင်ငံကို လာရောက် အုပ်ချုပ်နိုင်စေရန် ပြင်ဆင်မှုအား လက်မခံသူက ၅၀ % ရှိကာ အခြေခံ ဥပဒေ ကာကွယ်စောင့်ရှောက်သည့် တပ်မတော်သား လွှတ်တော် အ မတ် ၂၅ % ရှိသည်။
oppositeyes.info
Search Our Site
Powered by Blogger.
0 comments:
Post a Comment