ပြည်နယ်နှင့် တိုင်း ပြည်နယ်အစိုးရများက အခွန်ကောက်ခံမည့် သစ်မာသစ်မျိုးများ
စာရင်းကို အခြေခံဥပဒေပုဒ်မ ၂၅၄ နှင့် ဇယား (၅)၊ အပိုဒ် ၁၂ အရ
ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် သစ်တောရေးရာ
ပြည်ထောင်စု ဝန်ကြီးဌာနမှ သတ်မှတ်ကြေညာလိုက်သည်။
“ဧပြီ
၁ ရက်က စပြီး ကျွန်းနဲ့ သစ်မာ ၅၆ မျိုးရဲ့ အခွန်အခကို
ပြည်ထောင်စုအစိုးရအဖွဲ့က ကောက်ခံမှာပါ။ ကျွန်းနဲ့ သစ်မာ ၅၆ မျိုးမှအပ
ကျန်သစ်မျိုး ၁၀၄ မျိုးရဲ့ အခွန်အခတွေကို တိုင်းဒေသကြီးနဲ့
ပြည်နယ်အစိုးရအဖွဲ့
တွေက ကောက်ခံသွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ ဝန်ကြီးဌာနမှ တာန်ရှိသူ တဦးက ပြောသည်။
သစ်အမျိုးအစား
အားလုံး၏ ထုတ်လုပ်စီမံမှုကို ပြည်ထောင်စုအစိုးရက တာဝန်ယူ
ဆောင်ရွက်မည်ဖြစ်ပြီး ကျွန်းနှင့် သစ်မာ သစ်မျိုး ၅၆ မျိုးအတွက် ရရှိမည်
အခွန်ငွေကို ပြည်ထောင်စု အစိုးရသို့ ပေးသွင်းရမည် ဖြစ်သည်။
အခြား သစ် ၁၀၄ မျိုးအတွက် ရရှိမည့် အခွန်ငွေကို တိုင်းနှင့် ပြည်နယ်များသို့ ပေးသွင်းရမည် ဖြစ်သည်။
(မဇ္ဈိမ)
Search Our Site
Powered by Blogger.
0 comments:
Post a Comment