စာမဖတ်နိုင်သူများအတွက်
မည်သည့်စာ အမျိုးအစားကိုမဆို ကွန်ပျူတာမှ အသံထွက်၍ စာဖတ်ပေးနိုင်မည့်
ဆော့ဖ်ဝဲစနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း
သိရသည်။ အဆိုပါ သံလွင်ချို စာအံပေးမည့် ကွန်ပျူတာစနစ် ထည့်သွင်းထားပါက
မိမိကြိုက်နှစ်သက်သည့် မည်သည့်စာပေ အမျိုးအစားကိုမဆို ကွန်ပျူတာထဲသို့
ထည့်သွင်းပြီး စက်မှတစ်ဆင့် အသံထွက်မှန်ကန်စွာ ဖတ်ကြားပေးမည် ဖြစ်ကြောင်း
သိရသည်။ “ဘယ်စာကိုမဆို အသံထွက် မှန်မှန်ကန်ကန် ဖတ်ပေးနိုင်တယ်။ အဓိကက
စာမဖတ်တတ်တဲ့လူတွေ၊ အသက်ကြီးလို့ စာဖတ်ဖို့ အဆင်မပြေတဲ့ သူတွေအတွက်
ဒီဆော့ဖ်ဝဲက အသုံးဝင်စေမှာပါ” ဟု သံလွင်ချိုစနစ်မှ ပြောရေးဆိုခွင့်ရှိသူ
ဦးကျော်ကျော်ဇင်က ပြောသည်။ ယင်းစာအံပေးမည့် ဆော့ဖ်ဝဲကို မည်သည့်ကွန်ပျူတာ
အမျိုးအစားတွင်မဆို ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ထားပြီး
ဈေးကွက်အတွင်း မကြာမီ ဖြန့်ချိပေးမည်ဖြစ်ကာ ဈေးနှုန်းကိုမူ
မသတ်မှတ်ရသေးကြောင်း သိရသည်။ “အသံထွက်ကိုလဲ အမျိုးသား၊ အမျိုးသမီး
ကြိုက်နှစ်သက်တဲ့ အသံကို ရွေးချယ်နားထောင်နိုင်တယ်။ ဝတ္ထုကအစ
ဘယ်လိုစာမျိုးမဆို ထည့်လိုက်ရင် ဒီဆော့ဖ်ဝဲအသုံးပြုပြီး နားထောင်လို့
ရနိုင်မှာပါ” ဟု ပြောသည်။ ကနဦးအနေဖြင့် ယင်းသံလွင် ချိုစာအံစနစ်တွင်
စာဖတ်မည်နှင့် ရပ်တန့်မည်ဟု နှစ်မျိုးတည်းသာ အသုံးပြုနိုင်ပြီး
နောက်ပိုင်းတွင် ရောက်ရှိသည့် နေရာအား မှတ်သားပေးနိုင်မည့် စနစ်များပါ
ထည့်သွင်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ်
Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
Search Our Site
Powered by Blogger.
0 comments:
Post a Comment