Sunday, April 7, 2013

ဈေးကွက်တွင်းသို့ ဗားရှင်း အသစ်နှင့် ဖန်ရှင် အသစ်များ စတင်ဖြန့်ချိ ပေးတော့မည်


မိုဘိုင်း ဖုန်းများမှာ စတင် အသုံးပြုနိုင်ဖို့ အတွက် ဖန်ရှင် အသစ်များ ပါဝင်တဲ့ ဗားရှင်း အသစ် တစ်ခုကို Go There Myannar မှ ဈေးကွက် တွင်းသို့ စတင်ဖြန့်ချိ
တော့မှာ ဖြစ်တယ်လို့ Go There Myannar ရဲ့ ဗားရှင်းအသစ် မိတ်ဆက်ပွဲမှာ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲ ကိုတော့ မတ်လ ၂၃ ရက်နေ့က ထရိတ်ဒါး ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဗားရှင်း အသစ်မှာဆိုရင် ဖန်ရှင် များစွာ ပါဝင်မှာဖြစ်ပြီး အဲ့ဒီဖန်ရှင် များမှာ သတင်းများ အတွင်း ပုံနှိပ်နှင့် စာသားတွဲဖက် ဖေါ်ပြပေးခြင်း၊ သတင်းများ Category စုံလင်စွာ ပါရှိခြင်း၊ ဗေဒင်ကဏ္ဍ အဟော၊ အမေး များ၊ သတင်းဟောင်း များကို အလိုအလျောက် ဖျက်ပေးခြင်း၊ သတင်းများကို ဆေ့ဖ်လုပ်နိုင်ခြင်း၊ Social Network, SMS Link များနဲ့ ရှဲလုပ်နိုင်ခြင်း၊ Features အသစ်များ အခါ အားလျော်စွာ အသုံးပြု ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဗေဒကဏ္ဍ အနေနဲ့ ဖုန်းထဲမှ မွေးရက်၊ မွေးလ၊ ခုနှစ် တို့ကို အချက်လက် စုံလင်အောင် ထည့်ပေးပါက ရက်ချိန်း ပေးပြီး ပြန်လည် ပြောကြား ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗေဒင်နဲ့ ပတ်သက်ပြီး တော့လည်း အကြောင်း အရာမျိုးစုံကို လေ့လာချင်ပါက ဖြေကြားပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ဗားရှင်း အသစ်ကို ထုတ်လုပ် ရခြင်းမှာ မိုဘိုင်းဖုန်း သုံးစွဲသူတွေ အနေနဲ့ အဆင်ပြေစေ ဖို့ဖြစ်ပြီး တနင်္လာနေ့မှ စတင်ပြီး မိုဘိုင်းဖုန်း အရောင်းဆိုင် တွေမှာ ငွေကျပ် နှစ်ထောင်နဲ့ စတင် ၀ယ်ယူ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
mrtv-4
 
 
 

0 comments:

Post a Comment

Search Our Site