Wednesday, April 3, 2013

အင်္ကြန်တွင်း မြို့တွင်းနှင့်အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ယာဉ်စီးခသာ ကောက်ခံရမည်






သင်္ကြန်ကာလအတွင်း မထသ(ဗဟို) လက်အောက်ရှိ မြို့တွင်းယာဉ်လိုင်း (၁၅၃)လိုင်းနှင့် မထသ(အဝေးပြေး)မှ ယာဉ်လိုင်း(၁၃)လိုင်းပြေးဆွဲသွားမည်ဟု သိရှိရသည်။
 
မထသ(ဗဟို) လက်အောက်ရှိ ယာဉ်စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များအား ဖုန်းဆက်တိုင်ကြားလိုပါက တာဝန်မှူးရုံးခန်းသို့ ဖုန်းဆက်အကြောင်းနိုင်သလို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်း ပေးသွားမည်ဟု သိရှိရသည်။
 
 
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ယာဉ်လိုင်း (၁၅၃) လိုင်းမှ ယာဉ်အစီးရေ (၂၀၁၉) ခန့်ကို မနက် (၆) နာရီမှ ညနေ (၆) နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်သည်။
 
မထသ(အဝေးပြေး) ယာဉ်လိုင်း (၁၃) လိုင်းမှ ယာဉ်အစီးရေ (၂၈) စီးအား ပြေးဆွဲပေးမည်ဖြစ်ရာ ယာဉ်စီးခနှုန်းထားမှာ မူလသတ်မှတ်ယာဉ်စီးခနှုန်းထားအတိုင်းသာ ဖြစ်သည်ဟု မထသ(ဗဟို)မှ သတင်းထုတ်ပြန်ခဲ့သည်။

 
လမ်းကြောင်းတွေမှာ တာဝန်ချထားဖို့ သက်ဆိုင်ရာယာဉ်လိုင်းတွေမှာ တာဝန်ချထားပါတယ်။ အရေးပေါ်အချိန်မှာ တာဝန်ချထားတဲ့အပိုင်းမှာ ကျွန်တော်တို့မထသ(ဗဟို)မှာက တာဝန်မှူးကြီးတွေ ဌာနခွဲမှူးကြီးတွေကို တာဝန်ခံ စာရေးတွေနဲ့ကျွန်တော်တို့ သင်္ကြန်တွင်းကာလမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အတတ်နိုင်ဆုံးပြေလည်အောင် ရှင်းလင်းနိုင်ဖို့အတွက် တာဝန်ချထားတာ တွေရှိပါတယ်။ဟု မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်ကပြောသည်။
 
သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းများမှ ထူးခြားဖြစ်စဉ်များအပြင် ယာဉ်စီးခပိုမိုကောက်ခံခြင်းများ၊ စည်းကမ်းဖောက် ဖျက်ခြင်းများ အတွက် မထသသို့ သတင်းပေးပို့နိုင်ပြီး တာဝန်မှူးဖုန်းကိုလည်း အမြဲဖွင့်လှစ်ကာ တိုင်တန်းမှုများအား အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
 
 “အတတ်နိုင်ဆုံးကျွန်တော်တို့ စည်းစနစ်တကျရှိရေးကိုလည်း မထသများအနေနဲ့က သက်ဆိုင်ရာ ယာဉ်လိုင်းကော်မတီကို အကြောင်းကြားပြီးတော့ စီမံဆောင်ရွက်ထားပါတယ်။ သို့သော်လည်းပဲ ဒီကြားထဲမှာထူးခြားဖြစ်စဉ်များ အားနည်းချက်များကိုလည်း ကျွန်တော်တို့ရုံးမှာ တာဝန်မှူးချထား ပါတယ်။ အဲ့ဒီကို သတင်းပို့ပေးပါ။ ကျွန်တော်တို့ ကိုတတ်နိုင်သမျှ ပူးပေါင်းပြီးတော့ သတင်းပေးရင် လည်း ကျွန်တော်တို့က သူ့ယာဉ်လိုင်းကို ပြောမယ်။ လူတာဝန်ချ ရှင်းပေးမယ်။ ကျွန်တော်တို့ မထသ တာဝန်မှူးရုံးဖုန်းကိုလည်း တောက်လျှောက်ဖွင့်ထားပေးပါမယ်။ တာဝန်ချတဲ့ သူတွေကိုလည်း တိုးပြီး ချထားပေးပါမယ်။ ဟု မထသ (ဗဟို) ဥက္ကဌ ဦးလှသောင်းမြင့်ကပြောသည်။
 
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ယာဉ်လိုင်းအဖွဲ့အစည်းများဖြစ်သော ရွှေဧည့် သည် ယာဉ်လိုင်း၊ မြို့တော်စည်ပင်ယာဉ်လိုင်း၊ ရွှေအင်းဝယာဉ်လိုင်း၊ စစ်မှုထမ်းဟောင်း (အတွင်း) ယာဉ်လိုင်း၊ စစ်မှုထမ်းဟောင်း(အပြင်)၊ ဂျီအီးစီ၊ မြန်မာ့သားကောင်းယာဉ်လိုင်းများမှာ ဧပြီ (၁၃)ရက် နေ့မှ ဧပြီ (၁၆) နေ့အထိ ယာဉ်လိုင်းပြေးဆွဲမှုများကို ရပ်နားထားမည်ဖြစ်ပြီး ဗန္ဓုလသယ်ယူ ပို့ဆောင် ရေး (ပါရမီ)ယာဉ်လိုင်းကိုမူ ဧပြီလ (၁၄)ရက်နေ့မှ ဧပြီလ (၁၆) ရက်နေ့အထိ ယာဉ်လိုင်း ပြေးဆွဲမှု ရပ်နားထားမည်ဟု သိရသည်။
 
ရန်ကုန်တိုင်ဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများ အားလုံးနှင့် မထသ(အဝေးပြေး) ခရီးဝေးသွားယာဉ်လိုင်းများအား ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့)မှ စတင်ကာ ပုံမှန် အတိုင်းပြန်လည်ပြေးဆွဲပေးမည်ဟု သိရသည်။
 ထက်အောင်ခန့်
     

0 comments:

Post a Comment

Search Our Site