
ဧပြီလ ၁ဝ ရက်နေ့တွင် လှည်း တန်း ခုံးကျော်တံတားပေါ်
အဆိုပါ တံတား စတင် အသုံး ပြုနိုင် ပါက ပြည် လမ်းတွင် သွားလာ နေသော ယာဉ်များကြောင့် ယာဉ် ကြောကျပ်မှု ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ လျော့ကျသွား ရန်ရှိ ကြောင်း၊ ယင်းအပြင် နာ နတ်တော မီးပွိုင့်ကိုပါ စနစ်ပြောင်း လဲရန်လို ကြောင်း၊ လှည်းတန်းမှ ဆင်းလာ သည့်ကားများ သည် မြေ နီကုန်းတွင် သွားရောက်ပိတ် ဆို့နေ သည့်အ တွက် မြေနီကုန်း လမ်းဆုံ တွင်လည်း ခုံးကျော်တံတား တစ်စင်း တည် ဆောက်ရန်လိုအပ်ကြောင်း အများ ပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ဥက္ကဋ္ဌ ဦးကြည် သိန်းက ပြောသည်။
အလုံမြို့နယ်နေ အငှားယာဉ် မောင်းတစ်ဦးကလည်း ''လှည်း တန်းတံတားက နာနတ်တောမီးပွိုင့် ကို မကျော်လို့ ပြည်လမ်းမကြီးအ တိုင်း မြို့ထဲကို လာတဲ့ကားတွေဆို နာနတ်တောမီးပွိုင့်မှာ ပိတ်ဦးမှာပဲ။ အင်းစိန်ကနေ မြို့ထဲကိုလာတဲ့ကား တွေကတော့ အဆင်ပြေသွားမယ်'' ဟု လှည်းတန်းခုံးကျော်တံတား ပြီး စီးပါက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေကို ပြောသည်။
ဧပြီလတွင် စတင်အသုံးပြုနိုင် မည့် လှည်းတန်းခုံးကျော်တံတား ပေါ်တွင် ကွန်တိန်နာကား များမောင်း နှင် ခွင့် ပေးမည်မဟုတ်ပေ။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ် ဆို့မှု ပြေလည်စေရန် လှည်းတန်း၊ ဘုရင့်နောင်နှင့် ရွှေဂုံတိုင် လမ်းဆုံ အပြင် မြေနီကုန်းနှင့် တာမွေလမ်း ဆုံတို့တွင်လည်း ခုံးကျော်တံတား များ တည်ဆောက်သင့်သည်ဟု ဦးကြည်သိန်းက ထပ်လောင်းပြော သည်။
လှည်းတန်း ခုံးကျော်တံတား ကို ၂ဝ၁၂ ခုနှစ်ဖေဖော်ဝါရီမှ စတင်ကာ ရွှေတောင်ကုမ္ပဏီမှ တာဝန် ယူဆောက် လုပ်ခဲ့ပြီး တည် ဆောက်စရိတ် ၁၄ ဒသမ ၄၈၇ ဘီလျံအကုန်ကျ ခံ ဆောက် လုပ်နေ ခြင်း ဖြစ်သည်။
အဆိုပါ ငွေကြေးကို ကုမ္ပဏီမှ ဦးစွာ စိုက်ထုတ်ဆောင်ရွက်ပြီး ရန်ကုန် စည်ပင်မှ ပြန်လည်ပေးချေ သွားမည်ဖြစ်ကာ ပြည်သူများထံမှ တံတားဖြတ်သန်းခ ကောက်ခံမည် မဟုတ်ပေ။
ယင်းတံတားသည် ရန်ကုန်မြို့ ၌ ၂ဝ၁၂ ခုနှစ်အတွင်း စတင် တည်ဆောက်ခဲ့သည့် ခုံးကျော် တံတား သုံး စင်းအနက် ပထမဦးစွာ ပြီးစီးမည့် တံတားဖြစ်သည်။
Myawady News
0 comments:
Post a Comment