Ads

ကြော်ငြာ

Wednesday, April 3, 2013

Posted by ဆူးအေမီ on 6:47 AM in | No comments





tree-3
စစ်ကိုင်းတိုင်းဒေသကြီး၊ ၀န်သို ပင်လည်ဘူးနယ်တွင် ဒေသ ခံများမှသစ်ခွပန်းအလေ့ကျပေါက်   သည့်သစ်ပင်ကြီးများကို မဆင် မခြင် ချိန်သော့များဖြင့်ခုတ်လှဲရ ယူပြီး သစ်ခွန်းဝယ်ယူသည့် ကုန် သည်အချို့ထံသို့ရောင်းချ၍ ကုန်  သည်အချို့မှ မန္တလေးသို့ပို့ဆောင်  ပြီး မန္တလေးမှတရုတ်ပြည်ဘက် သို့ တင်ပို့ရောင်းချနေကြောင်း သတင်းအရ ကသာခရိုင်သစ်တော  ဦးစီးဌာနမှ ၀န်သို၊ပင်လည်ဘူးမြို့   ရှိ တရားမ၀င်သစ်ခွဝယ်ယူရောင်း  ချသူ(၂)ဦးကို စုံစမ်းဖော်ထုတ်ဖမ်း  ဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။
ကသာခရိုင် သစ်တော်ဦးစီး   ဌာနမှလက်ထောက်ညွှန်ကြားရေး  မှူး ဦးခင်မောင်ဝင်းအဖွဲ့သည် မတ်(၁၃)က ပင်လည်ဘူးမြို့သို့ ရောက်ရှိပြီး တရားမ၀င်သစ်ခွဝယ်  ယူရောင်းချသူများကို မြို့မှ—နယ် တာဝန်ခံ တောအုပ်ဦးရဲမြင့်၏ စုံ စမ်းရရှိသည့်သတင်းများအရ သစ်တောဦးစီးအရာရှိ ဦးရွှေသန်း နှင့်သစ်တောဝန်ထမ်းများ ရပ်ကွက်   အုပ်ချုပ်ရေးမှူး အသိသက်သေ များနှင့်အတူ မြို့မ(၂)ရပ်ကွက်နေ  ဦးစိန်မြင့်နေအိမ်သို့ဝင်ရောက်ရှာ  ဖွေရာ ကျားမျက်လုံးသစ်ခွအခြောက်   (၁၀၅.၇၅)ပိဿာ ဖမ်းဆီးရမိခဲ့ သည်။

အလားတူ မတ်(၃၀)ရက်တွင်   ဦးခင်မောင်ဝင်းခေါင်းဆောင်သော   အဖွဲ့သည် ၀န်သိုမြို့သို့ရောက်ရှိ ပြီး သစ်ခွများကို ၀ယ်ယူနေသည့် သတင်းနှင့်ပတ်သက်၍တောအုပ် ကြီးဦးဝေဖြိုး၏စုံစမ်းသတင်းအရ   သစ်တောဦးစီးဌာန ဦးစီးအရာရှိ   ဦးတင်အောင်ကျော်နှင့်သစ်တော  ၀န်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေး   မှူး အသိသက်သေများနှင့်အတူ   ဆီဆုံကုန်းရပ်ကွက်နေ ဦးရင်မောင်   နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ကျားမျက်လုံးသစ်ခွအစို(၁၃၅) ပိဿာ၊ဖယောင်းပန်းသစ်ခွအစို (၄၅)ပိဿာ၊မန်းချိုချဉ်သစ်ခွအစို (၅၃)ပိဿာ၊စုစုပေါင်း(၂၃၃)ပိဿာ တို့ကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါသစ်ခွများကို ၀ယ်ယူ   ထားရှိသူ၏ ထွက်ဆိုချက်အရ သစ်ခွများကို အမျိုးအစားအလိုက်  ဈေးနှုန်းအမျိုးမျိုးဖြင့် ၀ယ်ယူလျက်  ရှိရာ ကျားမျက်လုံးနှင့်ချိုချဉ်သစ်ခွ အစို(၁)ပိဿာလျှင်(၄၀၀)ကျပ်မှ   (၅၀၀)ကျပ်အထိရှိပြီး အခြောက်  (၁)ပိဿာကို (၁၅၀၀)မှ(၂၀၀၀)   ကျပ်ထိလည်းကောင်း၊ဖယောင်း   ပန်းသစ်ခွအစို(၁)ပိဿာကို (၄၀၀၀)မှ(၅၀၀၀)ကျပ်အထိ၊ ဖယောင်းပန်း သစ်ခွအခြောက် (၁)ပိဿာကို(၁၀၀၀၀)မှ(၁၅၀၀၀)  ကျပ်အထိဝယ်ယူပြီး မန္တလေးသို့ မီးရထား/ထားဖြင့် ဒေသထွက်   မကျည်းသီးမှည့်ပို့ကုန်များနှင့်အတူ  ရောနှော၍ပို့ဆောင်ရောင်းချခဲ့ ကြောင်းသိရသည်။
သို့ဖြစ်၍ကသာခရိုင်သစ် တောဦးစီးဌာနအနေဖြင့်အရောင်း အ၀ယ်ပြုလုပ်နေသော စီးပွားရေး  သမားများကို အဓိကဖော်ထုတ် အရေးယူခြင်းဖြင့် သဘောဝတော   အတွင်း တရားမ၀င်သစ်ခွစုဆောင်း   မှုများ နည်းပါးသွားမည်ဟု ယူဆ  ရသည့်အလျောက် လက်ကြီးသမား  များကို ဆက်လက်စုံစမ်းဖော်ထုတ်    အရေးယူသွားမည်ဖြစ်သကဲ့သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့တင်ပြပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် ဒေသခံ   ပြည်သူလူထုများအား အသိပေး  တားဆီးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သစ်ခွရောင်းဝယ်သူ(၂) ဦးအား တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေး နှင့်သဘာဝမြေများထိန်းသိမ်းရေး ဥပဒေပုဒ်မ၃၆(ခ)ဖြင့် ဆက်လက်    အရေးယူသွားမည်ဟု သတင်းရရှိ  သည်။


စိုင်းလူမင်း
http://www.hotnewsweekly.com 

0 comments:

Search Our Site